ကျေးလက်ကျန်းမာရေးဌာနခွဲနှင့်ဆေးခန်းဖွင့်ပွဲ၊ အခြေခံပညာအလယ်တန်းကျောင်းအဆင့်တိုးနှင့် ကျောင်းဆောင်သစ် ပေးအပ်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်ဒုတိယဥက္ကဋ္ဌ တက်ရောက်

ဆောင်ရွက်ချက်များ

၂၀၁၉ ခုနှစ်၊ မတ်လ (၂၄)ရက်နေ့၊ နံနက်(၀၈ဝဝ)နာရီအချိန်၊ စလင်းမြို့နယ်၊ ဖောင်းလင်းကျေးရွာအုပ်စု၊
ငွေတောင်ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲနှင့်ဆေးခန်းဖွင့်ပွဲကျင်းပခဲ့ပြီး၊ နံနက်(၀၉ဝဝ)နာရီအချိန်တွင်
အခြေခံပညာအလယ်တန်းကျောင်းအဆင့်တိုးမြှင့်ခြင်းနှင့်ကျောင်းဆောင်သစ်ပေးအပ်ပွဲ အခမ်းအနားကျင်းပ ပြုလုပ် ခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကံဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်နှင့် စလင်းမြို့နယ်အုပ်ချုပ်ရေးမှူး တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တို့မှ အမှာစကားများ ပြောကြားခဲ့ကာ၊
ကျောင်းဆောင်သစ်နှင့်ပတ်သက်သော စာရွက်စာတမ်းများနှင့် အထိမ်းအမှတ်အလံများ ပေးအပ်ခဲ့ပြီး ဖောင်းလင်းကျေးရွာအုပ်စု၊ ငွေတောင်ကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ စလင်းမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျောင်းဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့်ရပ်မိရပ်ဖများ၊တက်ရောက်ခဲ့ကြပါသည်။