ချင်းပြည်နယ်၊ ဟားခါးမြို့ (၇၁)နှစ်မြောက်ချင်းအမျိုးသားနေ့ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးတာနှင့် ဒုတိယဥက္ကဋ္ဌဦးဇော်မျိုးဝင်းတို့ တက်ရောက်

ဆောင်ရွက်ချက်များ

၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ(၂၀)ရက် နံနက်(၁၀ဝဝ) နာရီအချိန် ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ကျင်းပပြုလုပ်သည့် (၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ သမ္မတရုံးအမြဲတမ်းအတွင်းဝန်၊
ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ချင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ချင်းပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် လွှတ်တော်ရုံးဝန်ထမ်းများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဒေသခံချင်းတိုင်းရင်းသားလူမျိုးများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။