
ချောက်မြို့အပူချိန်လျော့ချရေး သစ်ပင်စိုက်ပွဲတော်ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်
ဆောင်ရွက်ချက်များမကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ မကွေးတိုင်းဒေသကြီးသစ်တောဦးစီးဌာနနှင့် မကွေးတိုင်း
ဒေသကြီးအပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့၏ ကူညီပံ့ပိုးမှုဖြင့် မြန်မာ့ရုပ်ရှင်နှစ်(၁၀၀)ပြည့် အထိမ်း အမှတ်အဖြစ် ဆရာတော်အရှင် တောသန(USA) ဦးဆောင်သောရန်ကုန်ရောက် ချောက်မြို့နယ်မိသားစုအသင်း၊
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ အနုပညာရှင်များနှင့်အလှူရှင်များ ပူးပေါင်းစိုက်ပျိုးသည့် သစ်ပင်စိုက်ပွဲတော်
ဖွင့်ပွဲအခမ်းအနားကို (၁၈-၆-၂၀၁၉)ရက်နေ့နံနက်(၀၈၃၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့ရှစ်မျက်နှာဘုရားနှင့် အောင်မင်္ဂလာဘုရားကုန်းအနီးဝန်းကျင်တွင် ကျင်းပခဲ့ပါသည်။
အဆိုပါဖွင့်ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊
မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊
အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အဆင့်
ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ အနုပညာရှင်များ၊ ရပ်မိရပ်ဖများနှင့် ဖိတ်ကြားထား
သည့်ဧည့်သည်တော်များတက်ရောက်ခဲ့ပြီး၊ဆရာတော်အရှင်တောသန(USA)နှင့် မြန်မာနိုင်ငံသာသနာ့ဂုဏ်ရည် ကျောင်းတိုက် ဆရာတော်မှ သြဝါဒကထာမိန့်ကြားခြင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို မှ ချောက်မြို့အပူချိန်လျှေ့ချရေး သစ်ပင်စိုက်ပျိုးရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာ စကားပြောကြားခြင်းနှင့်ချောက်မြို့အပူချိန်လျှော့ချရေးကော်မတီအဖွဲ့ဝင် ဦးကျော်မိုးနိုင်မှလက်ရှိဆောင်ရွက်ထားရှိမှု အခြေအနေများအားရှင်းလင်းတင်ပြခဲ့ပါသည်။
ဆက်လက်ပြီး မြန်မာ့နိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းမှ ချောက်မြို့သစ်ပင်စိုက်ပွဲတော်တွင် ပါ၀င်ကူညီလှူဒါန်းဖြစ်ခဲ့ပုံများအားရှင်းလင်းတင်ပြခဲ့ပြီး၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ သရုပ်ဆောင် နေထူးနိုင်မှ “သစ်ပင်စိုက်ကြစို့” အစီအစဉ်စတင်ခဲ့ပုံများကိုရှင်းလင်းတင်ပြခဲ့ပြီး အလှူငွေများပေးအပ်လှူဒါန်းခြင်းနှင့် ချောက်မြို့ ဒေသခံ မြို့မိမြို့ဖတစ်ဦးမှ သစ်ပင်စိုက်ပွဲတော်ဖြစ်မြောက်ခြင်းအတွက် ကျေးဇူးတင်စကားများပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြပါသည်။