
စည်ပင်ဥပဒေမူကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေပြုရေးဆိုင်ရာကော်မတီနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးကော်မတီတို့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
ဆောင်ရွက်ချက်များ၂၀၂၀ပြည့်နှစ်၊ဇွန်လ(၁၇)ရက်နေ့ နေ့လည်(၁၄း၃၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး
လွှတ်တော်ရုံး VIP Meeting Room တွင် မကွေးတိုင်းဒေသကြီးစည်ပင်သာယာရေးဉပဒေ ရေးဆွဲပြဌာန်းနိုင်ရေး ဥပဒေပြုရေးဆိုင်ရာကော်မတီနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း (ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ)၊ တိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေး ဆိုင်ရာကော်မတီ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြ ပါသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း (ဥပဒေပြုရေး ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ) မှ အဖွင့်အမှာစကားပြောကြားဆွေးနွေးခဲ့ပြီး၊ မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးဉပဒေကြမ်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ အတည်ပြုနိင်ရေး ပေးပို့သွားရန်၊
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှတစ်ဆင့် လွှတ်တော်သို့တင်သွင်းနိုင်ရေးအတွက် ကော်မတီဝင် များအနေဖြင့် ပြင်ဆင်ဖြည့်စွက်လိုသည်များရှိပါက ညှိနှိုင်းဆွေးနွေးကြရန်နှင့် မိမိတို့တာဝန်ယူ ထားသည့် သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် အကြံပြုဆွေးနွေးညှိနှိုင်းခြင်းများ ပြုလုပ်ခဲ့ကြရာ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း (ဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ)မှ လိုအပ်သည်များဖြည့်စွက်ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။