ဆင်ပေါင်ဝဲမြို့နယ်၊ ဇောင်ချမ်းတောင်ရွာ အခြေခံပညာအထက်တန်းကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်း အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ တက်ရောက်

ဆောင်ရွက်ချက်များ

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၂၈)ရက်နေ့ နံနက်(၀၉ဝဝ)နာရီအချိန် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ ဇောင်ချမ်းတောင်ရွာ၌ အခြေခံပညာအထက်တန်းကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်း အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဆန်းလင်း၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်မိရပ်ဖများ၊ ကျောင်းသား/ကျောင်းသူ များ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ နှင့် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီး၊ တိုင်းဒေသကြီးဥပဒေချုပ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် တိုင်းဒေသကြီးပညာရေးမှူး တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကျောင်းဆိုင်းဘုတ်အား ဝန်ကြီးချုပ်မှ စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခဲ့ပါသည်။
ဆက်လက်၍ ကျောင်းခန်းမ၌ အခမ်းအနားကိုကျင်းပခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ ဆင်ပေါင်ဝဲမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးပညာရေးမှူးတို့က အမှာစကားများ အသီးသီးပြောကြားခဲ့ပြီး ကျောင်းအကျိုးတော်ဆောင် ဦးဝင်းအောင်သန်းမှ ကျောင်းသမိုင်းနှင့် ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ကာ၊ ဇောင်ချမ်းတောင် ကျောင်းအုပ်ဆရာမကြီးမှ တက်ရောက်လာကြသူများအား ကျောင်းအဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်း အထိမ်းအမှတ် အမှတ်တရပစ္စည်းများ ပေးအပ်ခဲ့ပါသည်။