
ဆည်မြောင်း၊တာတမံ၊ရေကန်၊ရေနုတ်မြောင်းနှင့်စိုက်ပျိုးရေရရှိရေး ဥပဒေရေးဆွဲပြဌာန်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်
ဆောင်ရွက်ချက်များ၂၀၁၉ ခုနှစ်၊ မတ်လ (၅)ရက်နေ့၊ နံနက်(၁၀ဝဝ)နာရီအချိန်၊ မကွေးတိုင်းဒေသကြီးလွှတ်တော် ရေးရာကော်မတီရုံးခန်းတွင် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ ဆည်မြောင်း၊ တာတမံ၊ ရေကန်၊ ရေနုတ်မြောင်းနှင့် စိုက်ပျိုးရေရရှိရေးဥပဒေ ရေးဆွဲပြဌာန်းနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း (ဥပဒေပြုရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ)၊ စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အဖွဲ့ဝင်များ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဥပဒေပြုရေး ဆိုင်ရာကော်မတီအဖွဲ့ဝင်များနှင့် စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ ၊ညွှန်ကြားရေးမှူး ဦးအေးကို တို့တက်ရောက် ခဲ့ပါသည်။
အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း (ဥပဒေပြုရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ)မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဆည်မြောင်း၊ တာတမံ၊ ရေကန်၊ ရေနုတ်မြောင်းနှင့် စိုက်ပျိုးရေရရှိရေးဥပဒေရေးဆွဲပြဌာန်းနိုင်ရေး ဆွေးနွေးခဲ့ရာ တိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာ ကော်မတီဝင်များနှင့် တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများမှ သက်ဆိုင်ရာ ဆည်မြောင်း၊ တာတမံ၊ ရေကန်၊ ရေနုတ်မြောင်းနှင့် စိုက်ပျိုးရေရရှိရေး ကိစ္စရပ်များအား ကဏ္ဍအလိုက် ဥပဒေပြုနိုင်ရေးအကြံပြု ဆွေးနွေးညှိနှိုင်းမှုများ အပေါ် တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ (ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ)မှ လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ပါသည်။