ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ တို့မှ မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး ပင်မအဆောက်အဦသစ် ဆောက်လုပ်နေမှုများအား ကွင်းဆင်းစစ်ဆေး

ဆောင်ရွက်ချက်များ

၂၀၁၈ ခုနှစ်၊ မေလ (၇)ရက်၊ နံနက်(၀၇း၁၅)နာရီအချိန် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌဦးတာ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦး၊
တိုင်းဒေသကြီးလမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ)နှင့်အဖွဲ့၊ တိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး တို့သည် မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး ပင်မအဆောက်အဦသစ် ဆောက်လုပ် နေသည့် နေရာသို့သွားရောက်ခဲ့ပြီး KyawThar Engineering & Construction Group Co., Ltd (KTECG) ကုမ္ပဏီမှ တာဝန်ရှိသူများက ရှင်းလင်းဆောင်ခန်းမတွင် အဆောက်အဦ ဆောက်လုပ်နေမှုအခြေအနေ များကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်မှ သိရှိလိုသည်များ မေးမြန်းခဲ့ကာ KyawThar Engineering & Construction Group Co., Ltd (KTECG) ကုမ္ပဏီမှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း တင်ပြခဲ့ပါသည်။