ဆောမြို့နယ်၊ ကံကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(အဆင့်တိုး)ကျောင်း ဖွင့်ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ဒုတိယဥက္ကဋ္ဌ တက်ရောက်

ဆောင်ရွက်ချက်များ

၂၀၁၉ခုနှစ်၊ ဇူလိုင်လ (၆)ရက်နေ့၊ နေ့လည်(၁၃ဝဝ)နာရီအချိန် ဆောမြို့နယ်၊ ကံကြီးကျေးရွာ အခြေခံ
ပညာအထက်တန်းကျောင်း (အဆင့်တိုး)ကျောင်းဖွင့်ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်
ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီး
အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးဒေါက်တာခင်မောင်အေး၊သယံဇာတ၊သဘာဝပတ်ဝန်းကျင်၊လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး
ဦးမြင့်ဇော်၊ စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး၊ ဆောမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးကျော်တင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲ များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ ရပ်မိရပ်ဖများတက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး၊ သယံဇာတ၊သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်၊ ဆောမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးကျော်တင်တို့မှ ဖဲကြိုးဖြတ်
ဖွင့်လှစ်ပေးခဲ့ပြီး၊ ကျောင်းသား/သူလေးများမှ မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပါသည်။ ဆက်လက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင်တို့မှ ကျောင်းအဆင့်တိုးဖွင့်လှစ်ခြင်းနှင့်
စပ်လျဉ်း၍ အမှာစကားအသီးသီးပြောကြားခဲ့ကြပြီး၊ တာဝန်ရှိသူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့
ပါသည်။