
တိုင်းဒေသကြီးမြေယာခွန်ဥပဒေ (မူကြမ်း)ရေးဆွဲပြဋ္ဌာန်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
ဆောင်ရွက်ချက်များ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၉)ရက်နေ့၊ နံနက်(၀၉ဝဝ)နာရီအချိန် မကွေးတိုင်းဒေသကြီးလွှတ်တော် ရေးရာကော်မတီရုံးခန်းတွင် ဥပဒေပြုရေးဆိုင်ရာကော်မတီဝင်များ တိုင်းဒေသကြီးမြေယာခွန်ဥပဒေ (မူကြမ်း)ရေးဆွဲပြဋ္ဌာန်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း (ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ)နှင့် တိုင်းဒေသကြီးဥပဒေချုပ် ဦးဆန်းလင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ (ဥပဒေပြုရေးဆိုင်ရာ ကော်မတီအဖွဲ့ဝင်များ)၊ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထွန်းဝေ ၊ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဒု-တိုင်းမြေစာရင်းဦးစီးမှူး ဦးကျော်ဌေး တို့ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးမြေယာခွန်ဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် အကြံပြုဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။