တိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၂/၂၀၂၀)အား Covid-19 ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးအသိပေးနှိုးဆော်ချက်များနှင့်အညီ ကျင်းပ‌နိုင်ရေး ဆောင်ရွက်နေမှုများအား တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌမှ ကြည့်ရှုစစ်ဆေး

ဆောင်ရွက်ချက်များ

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် Covid-19 ရောဂါဖြစ်ပွားနေသည့်ကာလဖြစ်သော်လည်း တိုင်းဒေသကြီး/ပြည်နယ် ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ၏ ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေအရအသုံးခန့်မှန်းခြေငွေစာရင်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ အချိန်မီ အတည်ပြုပေးပို့နိုင်ရေးအတွက် မကွေးတိုင်းဒေသကြီးလွှတ်တော်အထူးအစည်းအဝေး(၂/၂၀၂၀)ကို (၄.၅.၂၀၂၀)ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ အစည်းအဝေးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးအသိပေးနှိုးဆော်ချက်များနှင့်အညီ လုံခြုံဘေးကင်းစွာ ကျင်းပနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှုများအား တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌမှ (၂၈.၄.၂၀၂၀)ရက်နေ့ နံနက်(၁၀း၃၀)နာရီအချိန်တွင် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။