တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီဖွဲ့စည်းခြင်း
ဒုတိယအကြိမ်ကော်မတီဖွဲ့စည်းခြင်း၁။ မကွေးတိုင်းဒေသကြီးလွှတ်တော်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ဆိုင်ရာ ဥပဒေပုဒ်မ၂၃၊ ၂၀၁၃ခုနှစ် မကွေးတိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၆၂(က)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ (၁၀၀၀)နာရီအချိန် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန် အစည်းအဝေးတတိယနေ့တွင် လွှတ်တော်၏သဘောတူညီချက် အရ မကွေးတိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသားလူမျိုးများ အရေးဆိုင်ရာကော်မတီကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းခဲ့ပါသည် –
(က) ဦးမြင့်ဇော် ဂန့်ဂေါမြို့နယ်မဲဆန္ဒနယ်အမှတ်(၁) ဥက္ကဋ္ဌ
( ခ ) ဦးဝင်းမြင့်လှိုင် တောင်တွင်းကြီးမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) အဖွဲ့ဝင်
( ဂ ) ဦးထင်လင်း ဆောမြို့နယ်မဲဆန္ဒနယ်အမှတ်(၁) အဖွဲ့ဝင်
(ဃ) ဒေါ်ဇင်နီနီဝင်း ပခုက္ကူမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) အဖွဲ့ဝင်
( င ) ဦးအေးလှိုင်ဦး မင်းတုန်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) အဖွဲ့ဝင်
( စ ) ဒေါ်မြင့်စန်း ပေါက်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂) အဖွဲ့ဝင်
(ဆ) ဦးခင်မောင်လွင် ငဖဲမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) အဖွဲ့ဝင်
( ဇ ) ဗိုလ်မှူးသန်းစိုးဦး တပ်မတော်သားကိုယ်စားလှယ် အဖွဲ့ဝင်
( ဈ ) ဦးအေးကျော် အောင်လံမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) အတွင်းရေးမှူး
ကော်မတီ၏တာဝန်များ
၂။ ကော်မတီသည် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာ များနှင့်စပ်လျဉ်း၍ အောက်ပါအချက် များကိုအခြေခံ၍ စိစစ်ရမည် –
(က) နိုင်ငံတော်က ချမှတ်သော မူဝါဒများ၊ ဦးတည်ချက်များနှင့် ညီညွတ်မှုရှိ/ မရှိ၊
( ခ ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေ များပါ ပြဌာန်းချက်များနှင့် ညီညွတ်မှု ရှိ/ မရှိ၊
( ဂ ) နိုင်ငံတော်နှင့် အများပြည်သူတို့၏အကျိုးစီးပွားကို အလေးထားပြီး ကာကွယ် စောင့်ရှောက်ရေးကို ဦးတည်ခြင်းရှိ/ မရှိ၊
(ဃ) နိုင်ငံတော် တည်တံ့ခိုင်မြဲရေးနှင့် လုံခြုံရေးကို အန္တရာယ်ပြုထိပါးစေမည့် အချက်များ ပါဝင်ခြင်းရှိ/ မရှိ၊
( င ) နိုင်ငံတော်၏ ပကတိအခြေအနေများနှင့် လိုက်လျော ညီထွေမှုရှိ/ မရှိ၊
( စ ) အများပြည်သူ၏ လုံခြုံရေးနှင့် ပစ္စည်းလုံခြုံရေးကို ထိခိုက်ခြင်း ရှိ/ မရှိ၊
(ဆ) တိုင်းရင်းသားလူမျိုးများအရေးနှင့်ပတ်သက်၍ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး ကို ထိခိုက်ပျက်ပြားစေမည့် အခြေအနေရှိ/မရှိ။
၃။ ကော်မတီသည် တိုင်းဒေသကြီးလွှတ်တော်က အခါအားလျော်စွာပေးအပ်သည့် တာဝန် များကို ထမ်းဆောင်ရမည်။
၄။ ကော်မတီသည် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာ များကို အသေးစိတ်ဆွေးနွေး စဉ်းစားရာ၌ တိုင်းဒေသကြီး လွှတ်တော်တွင် ဆွေးနွေးစဉ်းစားသည့်နည်းလမ်းအတိုင်း ဆွေးနွေး စဉ်းစားရမည်။ သို့ရာတွင် –
(က) ကော်မတီတွင်အဆိုတင်သွင်းခြင်း၊ အကြံပြုချက် တင်သွင်းခြင်းတို့နှင့် စပ်လျဉ်း၍ ထောက်ခံသူမလို၊
( ခ ) ကော်မတီဝင်များသည် ကိစ္စတစ်ခုနှင့်စပ်လျဉ်း၍ တစ်ကြိမ်ထက်ပိုပြီး ဆွေးနွေးခွင့် ရှိသည်၊
( ဂ ) တိုင်းရင်းသားလူမျိုးများ အရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းတို့နှင့် ညှိနှိုင်းပြီး ဖြေကြားနိုင်သည့် တာဝန်ရှိပုဂ္ဂိုလ်များ အား ဖိတ်ကြား၍ မေးမြန်းဆွေးနွေးနိုင်သည်။
၅။ ကော်မတီအစည်းအဝေးတွင် ကော်မတီဝင်တစ်ဦးပြောဆိုသော သို့မဟုတ် ပြုလုပ်သော ကိစ္စကို သော်လည်းကောင်း ကော်မတီတွင်ဆွေးနွေးသော ဆွေးနွေးချက်များကိုသော်လည်းကောင်း၊ ပြင်ပသို့ ပေါက်ကြားခြင်းမရှိစေရ။ ကော်မတီအစည်းအဝေး မှတ်တမ်းတွင် ဆွေးနွေးချက် အားလုံးကို အသေးစိတ်မှတ်တမ်းတင်၍ ကော်မတီကအတည်ပြုထားရမည်။ ယင်းအစည်းအဝေး မှတ်တမ်းများကို ဖြန့်ဝေခြင်းမပြုရ။ တိုင်းဒေသကြီးလွှတ်တော်သို့ ပေးပို့သော အစီရင်ခံစာမိတ္တူကို အစည်းအဝေးမှတ်တမ်းများနှင့်အတူ ပူးတွဲ၍ အမှုတွဲအဖြစ် တစ်ပေါင်းတည်း ထိန်းသိမ်းထား နိုင်ရန် လွှတ်တော်ရုံးသို့ ပေးပို့ရမည်။
ကော်မတီ၏လုပ်ပိုင်ခွင့်များ
၆။ ကော်မတီအစည်းအဝေးများကို ၂၀၁၃ ခုနှစ် မကွေးတိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၆၅ ပါ ပြဌာန်းချက်များနှင့်အညီ ကျင်းပရမည်။
၇။ ကော်မတီသည် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာများနှင့်စပ်လျဉ်း၍ –
(က) နိုင်ငံတော်နှင့် ပြည်သူတို့အား အကျိုးဖြစ်ထွန်း စေမည့် အကြံပြုချက်များကို တိုင်းဒေသကြီး လွှတ်တော်သို့ တင်ပြနိုင်ခွင့်ရှိသည်၊
( ခ ) ပြည်သူများနှင့်သက်ဆိုင်ရာ ကျွမ်းကျင်သူများ၏ အကြံပြုချက်များ၊ ဝေဖန်သုံးသပ် ချက်များကိုစိစစ်၍ တိုင်းဒေသကြီးလွှတ်တော်သို့တင်ပြနိုင်ခွင့်ရှိသည်၊
( ဂ ) ပြင်ဆင်ရန်အကြံပြုချက်များကို တိုင်းဒေသကြီး လွှတ်တော်သို့ တင်ပြနိုင်ခွင့်ရှိသည်၊
၈။ အပိုဒ် ၇ အရ ကော်မတီ၏ တင်ပြချက်နှင့် အကြံပြုချက် များသည် တိုင်းရင်းသားလူမျိုးများ အရေးဆိုင်ရာများတွင် ပါရှိသည့်ကိစ္စနှင့်စပ်လျဉ်းသောတင်ပြချက်၊ အကြံပြုချက်များဖြစ်ရမည့် အပြင် ထိုတိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာများ သဘောတွင် အကျုံးဝင်သောတင်ပြချက်၊ အကြံပြုချက်များလည်း ဖြစ်ရမည်။
၉။ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာများကို ကော်မတီတွင် ဆွေးနွေးစဉ်းစားပြီးဖြစ်ပါက –
(က) ကော်မတီဥက္ကဋ္ဌသည် အစီရင်ခံစာမူကြမ်းကိုပြုစု၍ ကော်မတီအစည်းအဝေးတွင် တင်ပြရမည်၊
( ခ ) အစီရင်ခံစာမူကြမ်းကို ကော်မတီကသဘောတူလျှင် ကော်မတီဥက္ကဋ္ဌသည် အစီရင်ခံစာကိုလက်မှတ် ရေးထိုး၍ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌထံတင်ပြ ရမည်၊ ကော်မတီဝင် သို့မဟုတ် အဖွဲ့ဝင်များသည် အစီရင်ခံစာကိုသဘောတူကြောင်း
လက်မှတ်ရေးထိုးရမည်၊ သို့ရာတွင် ခြွင်းချက် သို့မဟုတ် သဘောကွဲလွဲချက်များ ရှိပါက ထိုခြွင်းချက် သို့မဟုတ် သဘောကွဲလွဲချက်များကို ရေးသားဖော်ပြ၍ လက်မှတ် ရေးထိုးပြီး အစီရင်ခံစာတွင် ပူးတွဲဖော်ပြနိုင်သည်၊
( ဂ ) ကော်မတီ သို့မဟုတ် အဖွဲ့၏ဥက္ကဋ္ဌမရှိလျှင် သဘာပတိတာဝန်ထမ်းဆောင်သော ကော်မတီဝင် သို့မဟုတ် အဖွဲ့ဝင်က လက်မှတ်ရေးထိုး တင်ပြနိုင် သည်၊
(ဃ) တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၏ သီးခြားညွှန်ကြားချက်မရှိလျှင် ကော်မတီသို့ လွှဲအပ်သည့်နေ့မှစ၍(၁၅)ရက်အတွင်း (ရုံးပိတ်ရက်မပါ) ကော်မတီ၏ အစီရင်ခံစာကို တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌထံ တင်ပြရမည်၊
( င ) ကော်မတီဥက္ကဋ္ဌ သို့မဟုတ် ကော်မတီဥက္ကဋ္ဌ၏ တာဝန်ပေးအပ်ခြင်း ခံရသူသည် ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းရမည်။
၁၀။ ကော်မတီဝင်များသည် –
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေများပါပြဌာန်းချက်များကို မဆန့်ကျင် လျှင် လွတ်လပ်စွာ ပြောဆိုဆွေးနွေးခွင့်နှင့် ဆန္ဒမဲပေးခွင့်ရှိသည်၊
( ခ ) တိုင်းဒေသကြီးလွှတ်တော်၏ လွှတ်တော်ကော်မတီအများဆုံး နှစ်ခုအထိ ပါဝင် ဆောင်ရွက်နိုင်ခွင့်ရှိသည်၊
( ဂ ) ကော်မတီဝင်အဖြစ်မှနှုတ်ထွက်ခွင့်ပြုရန် ခိုင်လုံသော အကျိုးအကြောင်းဖော်ပြလျက် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြနိုင်ခွင့်ရှိသည်။
ကော်မတီ၏ ရပိုင်ခွင့်နှင့်အခွင့်အရေးများ
၁၁။ ကော်မတီဝင်များသည် ကော်မတီလုပ်ငန်းတာဝန်ကို ဆောင်ရွက်ရန်ဖြစ်စေ၊ ကော်မတီ အစည်းအဝေးတက်ရောက်ရန်ဖြစ်စေ၊ ကော်မတီရုံးစိုက်ရာဒေသတွင် ရောက်ရှိနေစဉ်၌လည်းကောင်း၊ တာဝန်အရ ခရီးသွားလာရာ၌လည်းကောင်း သက်ဆိုင်ရာဥပဒေပါ ရပိုင်ခွင့်များကို ခံစားခွင့် ရှိသည့်အပြင် ပြည်ထောင်စုအစိုးရအဖွဲ့က သတ်မှတ်သည့် ရပိုင်ခွင့်များကိုလည်း ခံစားခွင့်ရှိသည်။
၁၂။ ကော်မတီဝင်များသည် –
(က) ကော်မတီအစည်းအဝေးများတွင် တင်ပြဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေမှအပ အခြားဥပဒေအရ အရေးယူ ခံရခြင်းမှ ကင်းလွတ်ခွင့်ရှိသည်၊
( ခ ) ကော်မတီအစည်းအဝေး တက်ရောက်နေစဉ်အတွင်း သက်ဆိုင်ရာအဖွဲ့အစည်း၏ အကြီးအမှူးမှတစ်ဆင့် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၏ ကြိုတင်ခွင့်ပြုချက် မရှိပါက ဖမ်းဆီးခံရခြင်းမှ ကင်းလွတ်ခွင့်ရှိသည်၊
(ဂ) ပြစ်မှုတစ်ရပ်ရပ်ဖြင့် ဖမ်းဆီးခံရပါက ပြစ်ဒဏ်စီရင်ခြင်းမခံရမီ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် ကော်မတီအစည်းအဝေးများသို့ တက်ရောက်ခွင့် ရှိသည်။
ကော်မတီ၏သက်တမ်း
၁၃။ မကွေးတိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသားလူမျိုးများ အရေးဆိုင်ရာကော်မတီ၏ သက်တမ်းသည် တိုင်းဒေသကြီး လွှတ်တော် သက်တမ်းနှင့်အညီဖြစ်ပြီး တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌသည် ကော်မတီသက်တမ်း တစ်နှစ်ပြည့်မြောက် သည့်အခါ ပြန်လည်သုံးသပ်ပြီး လိုအပ်ပါက သင့်လျော်သလို လဲလှယ်၊ အစားထိုးတာဝန်ပေးအပ်နိုင်သည်။
ဦးတာ
ဥက္ကဋ္ဌ