
တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်
ဆောင်ရွက်ချက်များ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန် မကွေးတိုင်းဒေသကြီး လွှတ်တော်ရုံး ဗိုလ်မင်းရောင်ခန်းမတွင် မကွေးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ ပါသည်။
ဆွေးနွေးပွဲသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယဉက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ဋ္ဌေးဋ္ဌေးခိုင်နှင့် ဝန်ထမ်းများ၊ တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ ရဲမြင့်အောင်နှင့် ဝန်ထမ်းများ တက်ရောက်ကြပါသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးတာမှ ယခုကဲ့သို့ လွှတ်တော်သို့ လာရောက်ရှင်းလင်းတင်ပြမှုကို ကျေးဇူးတင်ရှိပါကြောင်း အဖွင့်အမှာစကားများ ပြောကြားပြီး၊ တိုင်းဒေသကြီးကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ရဲမြင့်အောင်နှင့် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်သန်း တို့က မကွေးတိုင်းဒေသကြီးအတွင်း တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ ခဲ့ပါသည်။