
ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ကျင်းပပြုလုပ်ခြင်း
ဒုတိယအကြိမ်ပုံမှန်အစည်းအဝေးကျင်းပမှုများဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို (၂၅.၂.၂၀၁၆)ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး လွှတ်တော်အစည်း အဝေးခန်းမ၌ စတင်ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၆၈)ဦး ရှိသည့်အနက် (၆၈)ဦး တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာ ကော်မတီကို အဖွဲ့ဝင်ဦးရေ(၉)ဦးဖြင့် ဖွဲ့စည်းပြီး ကော်မတီဥက္ကဌ၊ အတွင်း ရေးမှူး နှင့် အဖွဲ့ဝင်များအမည်စာရင်းကို လွှတ်တော်သို့ တင်ပြခဲ့ပါသည်။ ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး လွှတ်တော် တိုင်းရင်းသားလူမျိုးများ အရေးဆိုင်ရာကော်မတီကို အဖွဲ့ဝင်ဦးရေ (၉)ဦးဖြင့်ဖွဲ့စည်းပြီး ကော်မတီဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ အမည်စာရင်းကို လွှတ်တော်သို့တင်ပြခဲ့ပါသည်။ အဆိုပါ တင်ပြခဲ့သည့် ကော်မတီများ၏ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်အမည်စာရင်းနှင့် စပ်လျဉ်းပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက ဆွေးနွေးလိုသည့်ပုဂ္ဂိုလ်သည် အမည်စာရင်းတင်သွင်းနိုင်ပါကြောင်းနှင့် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက လွှတ်တော် အစည်းအဝေးတတိယနေ့ (၂၆.၄.၂၀၁၆)ရက်နေ့ (သောကြာနေ့) တွင် ဆွေးနွေးမည်ဖြစ်ပါကြောင်း လွှတ်တော်ဥက္ကဌကကြေညာပြီး ဒုတိယအကြိမ် မကွေးတိုင်း ဒေသကြီးလွှတ်တော် ပထမပုံမှန် အစည်းအဝေး ဒုတိယနေ့ကို (၁၀၃၀)နာရီတွင် ရပ်နားကြောင်းနှင့် တတိယနေ့အစည်းအဝေးကို (၂၆.၂.၂၀၁၆)ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဌ က ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။