ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကျင်းပပြုလုပ်ခြင်း

ဒုတိယအကြိမ်ပုံမှန်အစည်းအဝေးကျင်းပမှုများ

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို (၁.၃.၂၀၁၆) ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး လွှတ်တော်အစည်း အဝေးခန်းမ၌ စတင်ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ ဒုတိယဥက္ကဌနှင့် လွှတ်တော်ကိုယ်စားလှယ်     (၆၈)ဦးရှိသည့်အနက် (၆၆)ဦး တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် မင်းဘူးမဲဆန္ဒနယ်အမှတ်(၂) ဦးနေမျိုးကျော်မှ အရေးကြီးအဆိုတင်သွင်းရာ ယင်းအဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏သဘောဆန္ဒကိုရယူကာ လွှတ်တော်က အတည်ပြုကြောင်း လွှတ်တော်ဥက္ကဌကကြေညာပါသည်။  ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီး လွှတ်တော် ပထမပုံမှန် အစည်းအဝေး စတုတ္ထနေ့ကို (၁၀၂၃)အချိန်တွင် ရပ်နားကြောင်းနှင့် ပဉ္စမနေ့ အစည်းအဝေးကျင်းပ ပြုလုပ်မည့်နေ့ရက်အချိန်အား ပြန်လည်အသိပေးသွားမည်ဖြစ်ကြောင်း လွှတ်တော် ဥက္ကဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။