
ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကျင်းပပြုလုပ်ခြင်း
ဒုတိယအကြိမ်ပုံမှန်အစည်းအဝေးကျင်းပမှုများဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို (၁၆.၃.၂၀၁၆)ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး လွှတ်တော်အစည်း အဝေးခန်းမ၌ စတင်ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ ဒုတိယဥက္ကဌနှင့် လွှတ်တော်ကိုယ်စားလှယ် များ (၆၈)ဦးရှိသည့်အနက် (၆၇)ဦး တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီဖွဲ့စည်းမှုနှင့် မန်းရွှေစက် တော်ဘုရားပွဲတော် ကျင်းပခြင်းလုပ်ငန်း ဆိုင်ရာလေ့လာညှိနှိုင်းရေး ကော်မတီဖွဲ့စည်းမှုတို့နှင့် စပ်လျဉ်း၍ လွှတ်တော်အဆုံးအဖြတ်ရယူကာ လွှတ်တော်က အတည်ပြုကြောင်း လွှတ်တော်ဥက္ကဌ ကကြေညာပြီး ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီး လွှတ်တော်ပထမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို (၁၀၃၅)အချိန်တွင် ရပ်နားကြောင်းနှင့် ဆဌမနေ့ အစည်းအဝေး ကျင်းပပြုလုပ်မည့်နေ့ရက် အချိန်အား ပြန်လည်အသိပေးသွားမည်ဖြစ်ကြောင်း လွှတ်တော် ဥက္ကဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။