ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဆဌမနေ့ကျင်းပပြုလုပ်ခြင်း

ဒုတိယအကြိမ်ပုံမှန်အစည်းအဝေးကျင်းပမှုများ

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဆဌမနေ့ကို (၂၈.၃.၂၀၁၆) ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး လွှတ်တော်အစည်း အဝေးခန်းမ၌ စတင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ ဒုတိယဥက္ကဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ (၆၈)ဦးရှိသည့်အနက် (၆၈)ဦး တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ အဖြစ်ရွေးချယ် တင်မြှောက်ခံထားရသူက အဆိုပြုသော မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးသင့်သည့် ပုဂ္ဂိုလ်၏အမည်စာရင်းမှာ ပွင့်ဖြူမဲဆန္ဒ နယ်အမှတ်(၁)မှ ဒေါက်တာအောင်မိုးညိုဖြစ်ကြောင်း လွှတ်တော်သို့ တင်ပြပြီး ယင်းအမည်စာရင်းနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၁ (က) ပါသတ်မှတ်ထားသော အရည်အချင်းများနှင့် မပြည့်စုံကြောင်း အထင်အရှားပြ၍ ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက ယနေ့ ရုံးချိန်အတွင်း လွှတ်တော်ရုံးညွှန်ကြားရေးမှူးထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော် ဥက္ကဌက ကြေညာပါသည်။  ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်း အဝေးကို ၂၀၁၆ခုနှစ်၊ မတ်လ(၂၉)(အင်္ဂါနေ့)(၁၀၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော် ဥက္ကဌက ကြေညာပြီး ဆဌမနေ့ အစည်းအဝေးကို (၁၀၀၈)အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။