
ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး သတ္တမနေ့ကျင်းပပြုလုပ်ခြင်း
ဒုတိယအကြိမ်ပုံမှန်အစည်းအဝေးကျင်းပမှုများဒုတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး သတ္တမနေ့ကို (၂၉.၃.၂၀၁၆) ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး လွှတ်တော်အစည်း အဝေးခန်းမ၌ စတင်ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ ဒုတိယဥက္ကဌနှင့် လွှတ်တော်ကိုယ်စားလှယ် များ (၆၈)ဦးရှိသည့်အနက် (၆၈)ဦး တက်ရောက်ခဲ့ပါသည်။ အစည်း အဝေးတွင် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုသော မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေး သင့်သည့် ပုဂ္ဂိုလ်၏အမည်စာရင်းမှာ ပွင့်ဖြူမဲဆန္ဒ နယ်အမှတ်(၁)မှ ဒေါက်တာအောင်မိုးညို အား ကန့်ကွက်လို သည့်ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များမရှိသည့်အတွက် လွှတ်တော်၏သဘောတူညီချက်ကို ရယူကာ လွှတ်တော်က သဘောတူအတည်ပြုကြောင်း လွှတ်တော်ဆိုင်ရာနည်းဥပဒေပုဒ်မ ၅၃ အရ မကွေးတိုင်းဒေသကြီး လွှတ်တော်က သဘောတူကြောင်းဆုံးဖြတ်ချက်ကို နိုင်ငံတော်သမ္မတအဖြစ်ရွေးချယ် တင်မြှောက် ခံထားရသူထံ ပေးပို့သွားမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဌက ကြေညာပါသည်။ ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူ ပွင့်ဖြူမဲဆန္ဒနယ် အမှတ်(၁)မှ ဒေါက်တာအောင်မိုးညိုက နှုတ်ခွန်းဆက်စကားပြောကြားပြီး ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး အဌမနေ့ကို ၂၀၁၆ခုနှစ်၊ မတ်လ(၃၁)ရက် (ကြာသပတေးနေ့) (၁၀၀၀)နာရီ အချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော် ဥက္ကဌက ကြေညာပြီး သတ္တမနေ့ အစည်းအဝေးကို (၁၀၁၅)အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။