
ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး အဌမနေ့ကျင်းပပြုလုပ်ခြင်း
ဒုတိယအကြိမ်ပုံမှန်အစည်းအဝေးကျင်းပမှုများဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး အဌမနေ့ကို (၃၁.၃.၂၀၁၆) ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး လွှတ်တော်အစည်း အဝေးခန်းမ၌ စတင်ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ ဒုတိယဥက္ကဌနှင့် လွှတ်တော် ကိုယ်စားလှယ် များ (၆၈)ဦးရှိသည့်အနက် (၆၈)ဦး တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုမှ ကတိသစ္စာပြုပါသည်။ ဆက်လက်ပြီး ၂၀၁၆ခုနှစ်၊ မကွေးတိုင်း ဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒကြမ်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ရသုံးမှန်း ခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးဦးသိန်းဝင်းက တင်သွင်းပြီး ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ၂၀၁၆ခုနှစ်၊ ဧပြီလ(၄)ရက်(တနင်္လာနေ့) လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်ကြောင်းနှင့် ဆွေးနွေး လိုသည့် အပိုဒ်၊ အကြောင်းအရာတို့ကိုဖော်ပြ၍ ၂၀၁၆ခုနှစ်၊ ဧပြီလ (၁)ရက်နေ့ရုံးချိန်အတွင်း လွှတ်တော်ရုံး ညွှန်ကြားရေးမှူးထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာပါသည်။ ဒုတိယအကြိမ် မကွေးတိုင်း ဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး နဝမနေ့ကို ၂၀၁၆ခုနှစ်၊ ဧပြီလ(၄)ရက်(တနင်္လာနေ့) (၁၀၀၀) နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဌက ကြေညာကာ အဌမနေ့ အစည်းအဝေး ကို (၁၀၃၅)အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။