ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒဿမနေ့ကျင်းပပြုလုပ်ခြင်း

ဒုတိယအကြိမ်ပုံမှန်အစည်းအဝေးကျင်းပမှုများ

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒဿမနေ့ကို (၅.၄.၂၀၁၆) ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး လွှတ်တော်အစည်း အဝေးခန်းမ၌ စတင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ ဒုတိယဥက္ကဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ (၆၈)ဦးရှိသည့်အနက် (၆၇)ဦး တက်ရောက်ခဲ့ပါသည်။ ထို့နောက် မကွေးတိုင်းဒေသကြီးဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးအပ်နိုင်ရန် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ အဆိုပြုလာသည့် ဝန်ကြီးများအမည် စာရင်းမှာ  –

(က)    အောင်လံမဲဆန္ဒနယ်အမှတ်(၁)          မှ ဦးဇော်မင်း

(ခ )    ဂန့်ဂေါမဲဆန္ဒနယ်အမှတ်(၁)              မှ ဦးမြင့်ဇော်

(ဂ )    နတ်မောက်မဲဆန္ဒနယ်အမှတ်(၂)       မှ ဒေါက်တာခင်မောင်အေး

(ဃ)    မင်းဘူးမြို့နယ်                             မှ ဦးစိုးမြင့်(၈/မဘန(နိုင်)၀၀၁၉၈၂)

(င )    သရက်မြို့နယ်                              မှ ဦးတင်နွယ်ဦး(၈/စလန(နိုင်)၀၅၆၃၇၃)

တို့ဖြစ်ကြောင်း တင်ပြခဲ့ရာ ယင်းအမည်စာရင်းနှင့်စပ်လျဉ်း၍ ယနေ့မွန်းလွဲ(၁၃၀၀)နာရီအချိန်၌ ဆက်လက် ကျင်းပမည့် လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်သည့်အတွက် ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၁(က) ပါသတ်မှတ် အရည်အချင်းမျာနှင့် မပြည့်စုံ ကြောင်း အထင်းအရှားပြ၍ ယခုအစည်းအဝေး နံနက်ပိုင်းပြီးဆုံးသည့် အချိန်တွင် လွှတ်တော်ရုံး ညွှန်ကြားရေးမှူးထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာပါသည်။ ဆက်လက်ပြီး မကွေးတိုင်း ဒေသကြီးဥပဒေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ အဆိုပြုတင်ပြလာ သည့် အမည်စာရင်းမှာ ဦးဆန်းလင်း(၈/ရနခ(နိုင်)၀၂၇၃၇၇)ဖြစ်ကြောင်း တင်ပြခဲ့ရာ ယင်းအမည်စာရင်း နှင့်စပ်လျဉ်း၍ ယနေ့မွန်းလွဲ(၁၃၀၀)နာရီအချိန်၌ ဆက် လက်ကျင်းပမည့် လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်သည့်အတွက် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၆ (က)ပါ သတ်မှတ်အရည် အချင်းများနှင့် မပြည့်စုံကြောင်းအထင်အရှားပြ၍ ယခုအစည်းအဝေး နံနက်ပိုင်း ပြီးဆုံးသည့်အချိန်တွင် လွှတ်တော်ရုံးညွှန်ကြားရေးမှူးထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာပါသည်။ ဆက်လက်၍ မကွေးတိုင်းဒေသကြီးစာရင်းစစ်ချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ်မှ အဆိုပြုတင်ပြလာသည့်အမည်စာရင်းမှာ ဦးလှသန်း(၁၂/မဂတ(နိုင်)၀၃၇၀၄၅) ဖြစ်ကြောင်း တင်ပြခဲ့ရာ ယင်းအမည်စာရင်းနှင့်စပ်လျဉ်း၍ ယနေ့မွန်းလွဲ(၁၃၀၀)နာရီ အချိန်၌ ဆက်လက် ကျင်းပမည့် လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်သည့်အတွက် ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၇၁ (က)ပါ သတ်မှတ်အရည်အချင်းများနှင့် မပြည့်စုံ ကြောင်း အထင်အရှားပြ၍ ယခုအစည်းအဝေးနံနက်ပိုင်း ပြီးဆုံးသည့်အချိန်တွင် လွှတ်တော်ရုံး ညွှန်ကြားရေးမှူးထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာပါသည်။ ၂၀၁၆ခုနှစ်၊ မကွေးတိုင်း ဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်း တစ်ရပ်လုံးကို လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ် သည့်အတိုင်း အတည်ပြုပေးရန် မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးက အဆို တင်သွင်းကာ စေတုတ္တရာမဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုဦးမှ ထောက်ခံဆွေးနွေးခဲ့ပြီး လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်သည့်အတိုင်း အတည်ပြုကြောင်း လွှတ်တော်ဥက္ကဌကကြေညာပါသည်။ ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီး၏ ဒေသန္တရ စီမံကိန်း ဥပဒေကြမ်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား စီမံကိန်းရေးဆွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးက လွှတ်တော်သို့ဖတ်ကြားတင်သွင်းပြီး ယင်းဥပဒကြမ်းနှင့်စပ်လျဉ်း၍ ၂၀၁၆ ခုနှစ်၊ဧပြီးလ (၆)ရက်၊ (၁၁)ရက်နေ့ လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်သည့်အတွက် ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ

 

ရှိပါက ဆွေးနွေးလိုသည့်အပိုဒ်၊ အကြောင်းအရာ တို့ကိုဖော်ပြ၍ ယနေ့ရုံးချိန်အတွင်း လွှတ်တော်ရုံးညွှန်ကြားရေးမှူးထံ အမည်စာရင်းတင်သွင်းနိုင် ကြောင်း ကြေညာပါသည်။ ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်း အဝေး ဒဿမနေ့ကို နံနက်ပိုင်း(၁၀၃၅)အချိန်တွင် ခေတ္တရပ်နားပြီး အစည်းအဝေးကို မွန်းလွဲ (၁၃၀၀)နာရီအချိန်တွင် ပြန်လည်စတင်ခဲ့ပါသည်။ မကွေးတိုင်း ဒေသကြီးဝန်ကြီးများအဖြစ် ခန့်အပ် တာဝန်ပေးနိုင်ရန် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်မှ အဆိုပြုလာသည့် ဝန်ကြီးများအမည်စာရင်း နှင့်စပ်လျဉ်း၍ ကန့်ကွက်ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ မရှိသည့်အတွက် လွှတ်တော်၏ သဘောတူညီချက်ရယူကာ လွှတ်တော်ကသဘောတူအတည်ပြုကြောင်း ကြေညာပြီး ၎င်းပုဂ္ဂိုလ်၏အမည်စာရင်းနှင့်စပ်လျဉ်း၍ ၂၀၁၃ခုနှစ်၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၅၃ အရ လွှတ်တော်ကသဘောတူကြောင်း ဆုံးဖြတ်ချက်ကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ ပေးပို့သွားမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဌကကြေညာပါသည်။ ၎င်းနောက် မကွေးတိုင်းဒေသကြီး ဥပဒေချုပ် အဖြစ်ခန့်အပ်တာဝန်ပေးရန် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်မှ အဆိုပြုတင်ပြလာသည့် အမည်စာရင်းနှင့် စပ်လျဉ်း၍ ကန့်ကွက်ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များမရှိသည့်အတွက် လွှတ်တော်၏ သဘောတူညီချက်ရယူကာ လွှတ်တော်က သဘောတူအတည်ပြုကြောင်းကြေညာပြီး ၎င်းပုဂ္ဂိုလ်၏အမည် စာရင်းနှင့်စပ်လျဉ်း၍ ၂၀၁၃ခုနှစ်၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၅၃ အရ လွှတ်တော်ကသဘောတူကြောင်း ဆုံးဖြတ်ချက်ကို မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ထံ ပေးပို့သွားမည်ဖြစ် ကြောင်း လွှတ်တော်ဥက္ကဌ ကကြေညာပါသည်။ မကွေးတိုင်းဒေသကြီးစာရင်းစစ်ချုပ်အဖြစ် ခန့်အပ်တာဝန် ပေးရန် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်မှ အဆိုပြုတင်ပြလာသည့် အမည်စာရင်းနှင့်စပ်လျဉ်း၍ ကန့်ကွက် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်မရှိသည့်အတွက် လွှတ်တော်၏ သဘောတူညီချက်ရယူ ကာ လွှတ်တော်ကသဘောတူအတည်ပြုကြောင်းကြေညာပြီး ၎င်းပုဂ္ဂိုလ်၏ အမည်စာရင်းနှင့် စပ်လျဉ်း၍ ၂၀၁၃ခုနှစ်၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၅၃ အရ လွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ်ချက်ကို မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ထံ ပေးပို့သွားမည်ဖြစ် ကြောင်း လွှတ်တော်ဥက္ကဌက ကြေညာပါသည်။ ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး (၁၁)ရက်နေ့ကို ၂၀၁၆ခုနှစ်၊ ဧပြီလ(၆) ရက် (ဗုဒ္ဓဟူး​နေ့) (၁၀၀၀)နာရီ အချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဌက ကြေညာကာ  ဒဿမနေ့ (နေ့လည်ပိုင်း)အစည်းအဝေးကို (၁၃၀၆)အချိန်တွင် ရုပ်သိမ်းခဲ့ ပါသည်။