ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး (၁၂)ရက်နေ့ကျင်းပပြုလုပ်ခြင်း

ဒုတိယအကြိမ်ပုံမှန်အစည်းအဝေးကျင်းပမှုများ

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး (၁၂)ရက်နေ့ကို (၇.၄.၂၀၁၆)ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး လွှတ်တော်အစည်း အဝေးခန်းမ၌ စတင်ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ ဒုတိယဥက္ကဌနှင့် လွှတ်တော်ကိုယ်စားလှယ် များ(၆၈)ဦးရှိသည့်အနက်(၆၆)ဦးတက်ရောက်ခဲ့ပါသည်။ အစည်းအဝေး တွင်မကွေးတိုင်းဒေသကြီးလွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်းကြားစာများ၊ အသနားခံစာများ စိစစိဆောင်ရွက်ရေးကော်မတီ ဖွဲ့စည်းမည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ အမည်စာရင်း၊ တာဝန်၊ ရပိုင်ခွင့် နှင့် သက်တမ်းတို့နှင့် စပ်လျဉ်း၍  လွှတ်တော် ကိုယ်စားလှယ်များမှ တစ်စုံတစ်ရာ ဆွေးနွေးမှုမရှိပါသဖြင့် လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြုကြောင်း လွှတ်တော် ဥက္ကဌက ကြေညာပါသည်။ ဆက်လက်ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီး၏ဒေသန္တရစီမံကိန်း ဥပဒေမူကြမ်းကို လွှတော်တွင် ဆွေးနွေးဆုံးဖြတ်သည့်အတိုင်း အတည်ပြုပေးပါရန် အစိုးရအဖွဲ့ကိုယ်စား  စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက အဆိုတင်သွင်း  ကာ ရေစကြိုမဲဆန္ဒနယ်အမှတ်(၂)မှ ဦးမင်းဟန်က ထောက်ခံဆွေးနွေးခဲ့ပြီး လွှတ်တော်တွင် ဆွေးနွေး ဆုံးဖြတ် ခဲ့သည့်အတိုင်း အတည်ပြုကြောင်း လွှတ်တော်ဥက္ကဌက ကြေညာပါသည်။ ထို့နောက် မကွေးတိုင်းဒေသကြီး လွှတ်တော် ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာကော်မတီ၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်း များဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကော်မတီနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးကော်မတီများအား ဖွဲ့စည်းမည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များအမည်စာရင်း၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို လွှတ်တော်သို့ တင်ပြပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက (၈.၄.၂၀၁၆)ရက် (သောကြာနေ့)လွှတ်တော်(၁၃)ရက်အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်သည့်အတွက် အမည်းစာရင်းတင်သွင်း နိုင်​ကြောင်း ကြေညာပြီး ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး (၁၃)ရက် နေ့ကို(၈.၄.၂၀၁၆)ရက်နေ့ နံနက်(၁၀၀၀)နာရီ အချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော် ဥက္ကဌက ကြေညာကာ  (၁၂)ရက်နေ့ အစည်းအဝေးကို နံနက်(၁၀၅၅)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။