
ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး (၁၃)ရက်နေ့ကျင်းပပြုလုပ်ခြင်း
ဒုတိယအကြိမ်ပုံမှန်အစည်းအဝေးကျင်းပမှုများဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး (၁၃)ရက်နေ့ကို (၈.၄.၂၀၁၆)ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး လွှတ်တော်အစည်း အဝေးခန်းမ၌ စတင်ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ ဒုတိယဥက္ကဌနှင့် လွှတ်တော်ကိုယ်စားလှယ် များ(၆၈)ဦးရှိသည့်အနက်(၆၁)ဦးတက်ရောက်ခဲ့ပါသည်။ အစည်း အဝေးတွင် အစည်းအဝေး(၁၂)ရက်နေ့က လွှတ်တော်သို့ တင်ပြခဲ့သည့် မကွေးတိုင်းဒေသကြီး လွှတ်တော် ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ဆိုင်ရာကော်မတီ၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းများဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကော်မတီနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင် သာယာရေးကော်မတီများအား ဖွဲ့စည်းမည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များအမည်စာရင်း၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့နှင့် စပ်လျဉ်းပြီး လွှတ်တော်ကိုယ်စားလှယ်များမှ တစ်စုံတစ်ရာ ဆွေးနွေးမှုမရှိသည့်အတွက် လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ အတည်ပြုကြောင်း ကြေညာခဲ့ပါသည်။ ဆက်လက်၍ မကွေးတိုင်းဒေသကြီး သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကော်မတီ နှင့် မကွေးတိုင်းဒေသကြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာကော်မတီ ဖွဲ့စည်း မည့် အဖွဲ့ဝင်ဦးရေ၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့် အဖွဲ့ဝင်များ၏ အမည်စာရင်းကို လွှတ်တော်သို့တင်ပြရာ လွှတ်တော်ကိုယ်စားလှယ်များမှ တစ်စုံတစ်ရာဆွေးနွေးမှုမရှိသည့်အတွက် လွှတ်တော် ၏ အဆုံးအဖြတ်ရယူ၍ အတည်ပြုကြာင်း လွှတ်တော်ဥက္ကဌက ကြေညာပြီး ဒုတိယအကြိမ် မကွေးတိုင်း ဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း လွှတ်တော် ဥက္ကဌက ကြေညာကာ (၁၃)ရက်နေ့ အစည်းအဝေးကို နံနက်(၁၀၄၅)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။