ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ကျင်းပပြုလုပ်ခြင်း

ဒုတိယအကြိမ်ပုံမှန်အစည်းအဝေးကျင်းပမှုများ

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို (၂၃.၆.၂၀၁၆)ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးခန်းမ၌ စတင် ကျင်းပပြုလုပ်ရာ  တက်ရောက်ခဲ့ပါသည်။ အစည်းအဝေး တွင် ကြယ်ပွင့်ပြမေးခွန်း(၈)ခုကို လွှတ်တော်ကိုယ်စားလှယ်(၇)ဦးက မေးမြန်းပြီး မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီး(၃)ဦးက ပြန်လည်ရှင်းလင်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

အစည်းအဝေးဒုတိယနေ့တွင် ချောက်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဦးစိုးဝင်းက မြန်မာနိုင်ငံဆောက် လုပ်ရေးလုပ်ငန်းများ အားနည်းနေမှုအပေါ် ပြုပြင်ပြောင်းလဲ တိုးတက်လာစေရန် အဆိုတင်နှင့် စပ်လျဉ်းပြီး ငဖဲမြို့နယ်မဲန္ဒနယ်အမှတ်(၁)မှ ဦးစန်းကြူ၊ သရက်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါ်အေးယုမော်၊ မင်းတုန်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ဦးတင်ဝင်း၊ ပေါက်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်မြင့်စန်းနှင့် သရက်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဇော်မိုးအောင်တို့က ဆွေးနွေးပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးဝန်ကြီး မှ ပြန်လည်ရှင်းလင်းဆွေးနွေးကာ အဆိုရှင်မှ ၎င်း၏သဘောထားကို လွှတ်တော်သို့ တင်ပြခဲ့ပါသည်။ ယင်းအဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောဆန္ဒကို ရယူကာ လွှတ်တော်က အတည်ပြုကြောင်း လွှတ်တော် ဥက္ကဌက ကြေညာပါသည်။

ဆက်လက်ပြီး အစည်းအဝေးဒုတိယနေ့တွင် မင်းဘူးမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ဦးကျော်စွမ်းရည်က မင်းဘူးမြို့နယ်၊ အမှတ်(၁)ရပ်ကွက်တွင် သမ္မတရန်ပုံငွေ သိန်းပေါင်း (၁၆၀၀၀)နှင့် မြစ်ရေတင်စီမံကိန်း ရေပေးဝေရေးကိစ္စနှင့်ပတ်သက်၍ အများပြည်သူဆန္ဒနှင့် လိုအပ်ချက်များကို မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့မှ ဖြေရှင်းဆောင်ရွက်ပေးပါရန် တိုက်တွန်းကြောင်း အဆိုနှင့် စပ်လျဉ်းပြီးမကွေးမြို့နယ်မဲဆန္ဒနယ်အမှတ် (၂)မှ ဒေါ်ခင်ချိုလတ်၊ မင်းဘူးမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဦးနေမျိုးကျော်နှင့် သရက်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ဦးဇော်မိုးအောင်တို့က ဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာတိုင်းဒေသကြီးဝန်ကြီးမှ ပြန်လည်ရှင်းလင်း ဆွေးနွေးကာ အဆိုရှင်မှ၎င်း၏ သဘောထားကို လွှတ်တော်သို့ တင်ပြခဲ့ပါသည်။ ယင်အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားဆန္ဒကို ရယူကာ လွှတ်တော်က အတည်ပြုကြောင်း လွှတ်တော်ဥက္ကဌက ကြေညာ ပါသည်။

အစည်းအဝေးဒုတိယနေ့တွင် အောင်လံမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဦးအေးကျော် တင်သွင်းခဲ့သည့်  လူနေရပ်ကွက်တွင်ရှိသော UKT အရက်ချက်စက်ရုံကြီး လည်ပတ်နေမှုကို ရပ်ဆိုင်းရေး တိုက်တွန်းကြောင်း အဆိုနှင့်စပ်လျဉ်းပြီး မင်းဘူးမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဦးနေမျိုးကျော်နှင့် တောင်တွင်းကြီးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဇော်မင်းထွန်းတို့က ဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာတိုင်းဒေသကြီးဝန်ကြီးမှ ပြန်လည် ရှင်းလင်းဆွေးနွေးကာ အဆိုရှင်မှ၎င်း၏ လွှတ်တော်သို့ တင်ပြခဲ့ပါသည်။ ယင်အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော် ၏ သဘောထားဆန္ဒကို ရယူကာ လွှတ်တော်က အတည်ပြုကြောင်း လွှတ်တော်ဥက္ကဌက ကြေညာပါသည်။

၎င်းနောက် မင်းဘူးမဲဆန္ဒနယ်အမှတ်(၁)မှ ဦးကျော်စွမ်းရည်က မင်းဘူး(စကု)မြို့နယ်တွင် သာမက မကွေးတိုင်းဒေသကြီးအတွင်းမြို့နယ်များနှင့်သင့်လျော်သော(MainDrainage System) ရေထုတ်မြောင်းစနစ် များနှင့် အမှိုက်သိမ်းဆည်း မှုစနစ်များကို စီမံရေးဆွဲဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်းအဆိုကို လွှတ်တော် သို့ တင်သွင်းခြင်းနှင့် ယင်းအဆိုအားလက်ခံဆွေးနွေးရန် သင့်/မသင့် အဆုံးအဖြတ်ရယူရာ လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူညီခဲ့သည့်အတွက် ယင်းအဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ် ရှိပါက (၂၇.၆.၂၀၁၆) ရက်နေ့တွင် ဆွေးနွေးမည်ဖြစ်ပါ၍ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ဥက္ကဌက  ကြေညာပါသည်။

ဆက်လက်ပြီးမြိုင်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဝင်းဌေးက မကွေးတိုင်းဒေသကြီး အတွင်းရှိ လက်ရှိ ဖွဲ့စည်းထားသော ခရိုင်နှင့် မြို့နယ်ပုဂ္ဂလိကပိုင်လုပ်ငန်းသုံး မော်တော် ယာဉ်လိုင်းများ ကြီးကြပ်ရေးကော်မတီ များကို ဖျက်သိမ်း၍ အသစ်ပြန်လည်ဖွဲ့စည်းနိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့အား တိုက်တွန်းကြောင်း အဆို ကို လွှတ်တော်သို့ တင်သွင်းခြင်းနှင့် ယင်းအဆိုအားလက်ခံဆွေးနွေးရန် သင့်/မသင့် အဆုံးအဖြတ်ရယူရာ လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူညီခဲ့သည့်အတွက် ယင်းအဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်ရှိပါက (၂၇.၆.၂၀၁၆) ရက်နေ့တွင် ဆွေးနွေးမည်ဖြစ်ပါ၍ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ဥက္ကဌက  ကြေညာပါသည်။

ထို့နောက် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ စိစစ်တွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်း နိုင်ခြင်းမရှိသဖြင့် ယင်းအစီရင်ခံစာ ကို လွှတ်တော်က မှတ်တမ်းတင်ထားရှိမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဌက ကြေညာပါသည်။

သယံဇာတ၊သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာကော်မတီ၏ စိစစ်တွေ့ရှိ ချက်နှင့်သဘော ထားမှတ်ချက်အစီရင်ခံစာကို မြိုင်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ဦးသက်နိုင်က ဆွေးနွေးခဲ့ပြီး ယင်းအစီရင် ခံစာကို လွှတ်တော်တွင် မှတ်တမ်းတင်ထားရှိမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဌက  ကြေညာပါသည်။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးကော်မတီ၏ စိစစ်တွေ့ရှိချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာကို ကော်မတီအဖွဲ့ဝင် ချောက်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁) မှဒေါ်စန်းစန်းဝင်း က ဖတ်ကြားတင်သွင်း ခဲ့ပြီး ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်ရှိပါက (၂၄.၆.၂၀၁၆) ရက်နေ့တွင် ဆွေးနွေးမည်ဖြစ်ပါ၍ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ဥက္ကဌက  ကြေညာပါသည်။

စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကော်မတီ၏ စိစစ်တွေ့ရှိ ချက်နှင့် သဘော ထားမှတ်ချက်အစီရင်ခံစာကို ကော်မတီဥက္ကဌ၊ မင်းဘူးမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဦးနေမျိုးကျော်က တင်သွင်းခဲ့ပြီး ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်ရှိပါက (၂၄.၆.၂၀၁၆)ရက် နေ့တွင် ဆွေးနွေးမည်ဖြစ်ပါ၍ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ဥက္ကဌက  ကြေညာပါသည်။

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို (၁၃၃၅) နာရီအချိန်တွင် ရပ်နားကြောင်းနှင့် ပဉ္စမနေ့အစည်းအဝေးကို(၂၄.၆.၂၀၁၆)ရက်နေ့ (သောကြာနေ့) နံနက် (၁၀၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဌကကြေညာပြီး အစည်းအဝေးကို  ရုပ်သိမ်းခဲ့ပါသည်။