
ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော်အထူးအစည်းအဝေး(၁/၂၀၁၆) ပထမနေ့ ကျင်းပပြု လုပ်ခြင်း
ဒုတိယအကြိမ်အထူးအစည်းအဝေးများဒုတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၆) ပထမနေ့ကို (၇.၁၁.၂၀၁၆)ရက်နေ့နံနက်(၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေး ခန်းမ၌စတင်ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ မကွေးတိုင်း ဒေသကြီးလွှတ်တော်ဥက္ကဌ၊ဒုတိယဥက္ကဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌက အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီး ကိုယ်စားလှယ်(၆၈)ဦးရှိသည့်အနက် (၆၆)ဦးတက်ရောက်၍ (၉၇.၀၆)ရာခိုင်နှုန်း တက်ရောက်သဖြင့် အစည်းအဝေးကိုအထမြောက်ကြောင်းနှင့်စတင်ကျင်းပကြောင်း ကြေညာပါ သည်။
လွှတ်တော်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုမှ မိန့်ခွန်းပြောကြားခဲ့ပြီး ယင်းမိန့်ခွန်းအား လွှတ်တော်တွင် မှတ်တမ်းတင်ထားရှိ မည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဌက ကြေညာပါသည်။
မကွေးတိုင်းဒေသကြီး၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်ပိုလျှံ ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လမ်း/တံတား လုပ်ငန်းများစာရင်း တင်ပြချက်အစီရင်ခံစာအား ဆောက်လုပ်ရေး၊ပို့ဆောင်ဆက် သွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးက လွှတ်တော်သို့ တင်သွင်းပြီး ယင်းတင်ပြချက် အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် များရှိပါက အမည်စာရင်းတင်သွင်းနိုင် ကြောင်း လွှတ်တော်ဥက္ကဌကြေညာပါသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပုဂ္ဂလိကပိုင်ရေယာဉ်များစနစ်တကျပြေးဆွဲရေး ဆိုင်ရာ နည်းဥပဒေနှင့် မကွေးတိုင်းဒေသကြီး ဆိပ်ကမ်းများ၊သင်္ဘာဆိပ်များ၊ဆိပ်ခံများနည်းဥပဒေအား လွှတ်တော်ဥက္ကဌက လွှတ်တော်သို့ တင်ပြပါသည်။
ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော်အထူးအစည်းအဝေး(၁/၂၀၁၆) ပထမနေ့ကို (၁၁:၃၅)အချိန်တွင် ရပ်နားကြောင်းနှင့်ဒုတိယနေ့အစည်းအဝေးကို ၂၀၁၆ခုနှစ် နိုဝင်ဘာလ ၈ ရက်(အင်္ဂါနေ့)(၁၀:၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည် ဖြစ်ကြောင်းလွှတ်တော်ဥက္ကဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။