ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော်အထူးအစည်းအဝေး(၁/၂၀၁၆) ဒုတိယနေ့ကျင်းပပြုလုပ်ခြင်း

ဒုတိယအကြိမ်အထူးအစည်းအဝေးများ

ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၆)ဒုတိယနေ့ကို (၈.၁၁.၂၀၁၆) ရက်နေ့နံနက်(၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်း အဝေးခန်းမ၌စတင်ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ မကွေးတိုင်း ဒေသကြီးလွှတ်တော်ဥက္ကဌ၊ဒုတိယဥက္ကဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌက အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီး ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၄)ဦးတက်ရောက်၍ (၉၄.၁၂)ရာခိုင်နှုန်း  တက်ရောက်သဖြင့် အစည်းအဝေးကိုအထမြောက်ကြောင်းနှင့်စတင်ကျင်းပကြောင်း ကြေညာပါသည်။

ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး၏ ၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ် ပိုလျှံရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လမ်း/တံတားလုပ်ငန်းများ စာရင်းတင်ပြချက် အစီရင်ခံနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်(၁၂)ဦးက ဆွေးနွေးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၁၆၄(က)၊မကွေးတိုင်း ဒေသကြီးလွှတ်တော်ဆိုင်ရာနည်းဥပဒေ၃၁(က)နှင့်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၏(၁၅-၉-၂၀၁၆) ရက်စွဲပါစာအမှတ်၊ ၂၆၆၀/၃၄၉-ပိုလျှံငွေ-၁-၁၈(၃)/အဖရ-၂၀၁၅ တို့အရ လွှတ်တော်ဥက္ကဌ၏ လုပ်ပိုင်ခွင့်တို့အရ ယင်းတင်ပြချက်အစီရင်ခံစာအား လွှတ်တော်က အတည်ပြုကြောင်းကြေညာပါသည်။

ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော်အထူးအစည်းအဝေး(၁/၂၀၁၆)အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း လွှတ်တော်ဥက္ကဌက ကြေညာပြီးဒုတိယနေ့အစည်းအဝေးကို(၁၁၂၀)အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။