ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော်အထူးအစည်းအဝေး(၂/၂၀၁၆) ပထမနေ့ကျင်းပပြုလုပ်ခြင်း

ဒုတိယအကြိမ်အထူးအစည်းအဝေးများ

ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၂/၂၀၁၆) ပထမနေ့ကို (၁၉.၁၂.၂၀၁၆) ရက်နေ့နံနက်(၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမ၌စတင်ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ဒုတိယဥက္ကဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌက အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီး ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၅)ဦးတက်ရောက်၍ (၉၅.၅၉)ရာခိုင်နှုန်း  တက်ရောက်သဖြင့် အစည်းအဝေး ကိုအထမြောက်ကြောင်းနှင့်စတင်ကျင်းပကြောင်း ကြေညာပါသည်။

မကွေးတိုင်းဒေသကြီး၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် အရအသုံး ခန့်မှန်းခြေငွေစာရင်းနှင့်စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန၊ ဝန်ကြီးက လွှတ်တော်သို့ တင်သွင်းပြီး မိမိဝန်ကြီးဌာန အလိုက် ခန့်မှန်းခြေငွေစာရင်း ရေးဆွဲထားရှိမှု အခြေအနေအား သက်ဆိုင်ရာဝန်ကြီးများက ရှင်းလင်းတင်ပြခဲ့ပါသည်။ ယင်းခန့်မှန်းခြေငွေစာရင်းနှင့့််စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဌကြေညာပါသည်။

ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော်အထူးအစည်းအဝေး(၂/၂၀၁၆) ပထမနေ့ကို(၁၁:၀၀) အချိန် တွင် ရပ်နားကြောင်းနှင့်ဒုတိယနေ့အစည်းအဝေးကို ၂၀၁၆ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်(အင်္ဂါနေ့) (၁၀:၀၀)နာရီ အချိန်တွင် ဆက်လက်ကျင်းပမည် ဖြစ်ကြောင်းလွှတ်တော်ဥက္ကဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။