ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော်အထူးအစည်းအဝေး(၂/၂၀၁၆) ဒုတိယနေ့ကျင်းပပြုလုပ်ခြင်း

ဒုတိယအကြိမ်အထူးအစည်းအဝေးများ

ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၂/၂၀၁၆)ဒုတိယနေ့ကို (၂၀.၁၂.၂၀၁၆) ရက်နေ့နံနက်(၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်း အဝေးခန်းမ၌စတင် ကျင်းပပြုလုပ်ခဲ့ ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ဒုတိယဥက္ကဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌက အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီး ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၅)ဦးတက်ရောက်၍ (၉၅.၅၉)ရာခိုင်နှုန်း  တက်ရောက်သဖြင့် အစည်းအဝေးကို အထမြောက်ကြောင်းနှင့်စတင်ကျင်းပကြောင်း ကြေညာပါသည်။

ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး၏ ၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ် အရ/အသုံးခန့်မှန်းခြေ ငွေစာရင်းနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းကောမတီမှလေ့လာတွေ့ရှိချက်နှင့်သဘောထားမှတ်ချက် အစီရင်ခံစာကို ပြည်သူ့ငွေစာရင်းကော်မတီ အတွင်းရေးမှူး၊မကွေးမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)ဦးကျော်ဌေးက လွှတ်တော်သို့တင်သွင်းခဲ့ပြီး လွှတ်တော်ကိုယ်စား လှယ်(၆)ဦးတို့မှ ဆွေးနွေးရာ သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့် စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးတို့မှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အရ/အသုံးခန့်မှန်းခြေ ငွေစာရင်းနှင့်စပ်လျဉ်း၍ ပြည်သူ့ ငွေစာရင်းကော်မတီ၏ သဘောထားမှတ်ချက် အစီရင်ခံစာတင်သွင်းထားရှိမှု၊ လွှတ်တော် ကိုယ်စားလှယ်(၆)ဦးတို့၏ အကြံပြုဆွေးနွေးချက်များအား လွှတ်တော်တွင် မှတ်တမ်းတင် ထားရှိမည်ဖြစ်ကြောင်းနှင့် လွှတ်တော်မှ အတည်ပြု ကြောင်းလွှတ်တော်ဥက္ကဌကကြေညာပါသည်။

ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီး လွှတ်တော်အထူးအစည်းအဝေး(၂/၂၀၁၆) အောင်မြင်စွာ ကျင်းပပြီးစီး ကြောင်း  လွှတ်တော်ဥက္ကဌက ကြေညာပြီးဒုတိယနေ့အစည်းအဝေးကို(၁၁၅၀)အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။