
ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော်အထူးအစည်းအဝေး(၁/၂၀၁၇) ဒုတိယနေ့ကျင်းပပြုလုပ်ခြင်း
ဒုတိယအကြိမ်အထူးအစည်းအဝေးများဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၇) ဒုတိယနေ့ကို (၂၄.၁.၂၀၁၇)ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး ခန်းမ၌ စတင်ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ ဒုတိယဥက္ကဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။
တိုင်းဒေသကြီးလွှတ်တော်ဥကၠ႒က အစည်းအဝေးသို႔ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၅၈)ဦးတက်ရောက်၍ (၈၅.၂၉)ရာခိုင်နှုန်း တက်ရောက်သဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာပါသည်။
မကွေးတိုင်းဒေသကြီး၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေ၊ ပြုပြင်ပြီးခန့်မှန်း ခြေငွေစာရင်းများနှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီး၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်(၁)ဦးက ဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ယင်းငွေစာရင်းများနှင့် ဥပဒေကြမ်းတစ်ရပ်လုံးကို လွှတ်တော်ဆန္ဒသဘောထားရယူရာ လွှတ်တော်က ကန့်ကွက်သူမရှိသည့် အတွက် ပြည်သူ့ငွေစာရင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက်အစီရင်ခံစာ၊ ပညာရေး၊ကျန်းမာရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ် နှင့်စွမ်းအင်ဆိုင်ရာကော်မတီ၊ စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဆိုင်ရာကော်မတီ၊ ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာကော်မတီ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဆိုင်ရာကော်မတီ တို့၏ဆွေးနွေးချက်များအားလွှတ်တော်တွင် မှတ်တမ်းတင်ထားရှိမည်ဖြစ်ပြီးဆက်လက် ဆောင်ရွက်နိုင် ရန်အတွက် မကွေးတိုင်ဒေသကြီးအစိုးရအဖွဲ့သို့ ပေးပို့သွားမည်ဖြစ်ကြောင်းနှင့် လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်သည့်အတိုင်း လွှတ်တော်က အတည်ပြုကြောင်း လွှတ်တော်က ကြေညာပါသည်။
ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော်အထူးအစည်းအဝေး(၁/၂၀၁၇)အောင်မြင်စွာကျင်းပပြီးစီးကြောင်းနှင့် ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော်စတုတ္တပုံမှန် အစည်းအဝေးကို (၂၀-၂-၂၀၁၇)ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်းလွှတ်တော်ဥက္ကဌက ကြေညာပြီးဒုတိယနေ့အစည်း အဝေးကို(၁၁၃၀)အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။