
ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော်တတိယပုံမှန်အစည်းအဝေးပထမနေ့ကျင်းပပြု လုပ်ခြင်း
ဒုတိယအကြိမ်ပုံမှန်အစည်းအဝေးကျင်းပမှုများဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးပထမနေ့ကို (၂၆.၉.၂၀၁၆)ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး ခန်းမ၌ စတင်ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ ဒုတိယဥက္ကဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။
တိုင်းဒေသကြီးလွှတ်တော်ဥကၠ႒က အစည်းအဝေးသို႔ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၃)ဦးတက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင်မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၏(၆)လပတ်အတွင်းလုပ်ငန်း ဆောင်ရွက်မှု အစီရင်ခံစာမကွေးတိုင်းဒေသကြီးဥပဒေချုပ်၏(၆)လပတ်အတွင်းလုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာ၊မကွေးတိုင်းဒေသကြီး စာရင်းစစ်ချုပ်၏(၆)လပတ်အတွင်း လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာများကို သက်ဆိုင်ရာတာဝန်ရှိသူမှတင်သွင်းခဲ့ပြီးအစီရင်ခံစာများနှင့်စပ်လျဉ်း၍လွှတ်တော်ကိုယ်စားလှယ်များကဆွေးနွေးကာအစီရင်ခံစာများအား လွှတ်တော်တွင်မှတ်တမ်းတင်ခဲ့ပါသည်။ ဆက်လက်ပြီးမကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဆောက်လုပ်ရေး၊ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးဦးတင်နွယ်ဦး ကဆောက်လုပ်မည့် အငှားအိမ်ရာများတွင် အခန်းအကျယ်အဝန်းပြင်ဆင်ရန်နှင့်(၈)ခန်းတွဲ(၆)ထပ်အစား (၈)ခန်းတွဲ(၅)ထပ ပြင်ဆင်ဆောက်လုပ်ရန်အတွက် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကိုယ်စားတိုင်း ဒေသကြီးအစိုးရအဖွဲ့သို့တိုက်တွန်းကြောင်းအဆိုကိုတင်သွင်းခြင်းနှင့်ယင်းအဆိုအားလက်ခံဆွေးနွေးရန်သင့်/မသင့်အဆုံး အဖြတ်ရယူရာလွှတ်တော်မှလက်ခံဆွေးနွေးရန်သဘောတူသည့်အတွက်ယင်းအဆို နှင့်စပ်လျဉ်း၍ဆွေးနွေးလိုသည့်လွှတ်တော်ကိုယ်စားလှယ်များရှိပါက(၂၉.၉.၂၀၁၆)ရက်နေ့တွင်ဆွေးနွေးမည်ဖြစ်ပါ၍ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ဥက္ကဌက ကြေညာပါသည်။ထို့နောက်၂၀၁၆ခုနှစ် မကွေးတိုင်းဒေသကြီးဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကိုပြင်ဆင်သည့်ဥပဒေကြမ်းအားမကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ကိုယ်စား စီမံကိန်း၊ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီး ဦးဇော်မင်းမှတင်သွင်းပြီးယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍(၂၇.၉.၂၀၁၆)ရက်နေ့လွှတ်တော်အစည်းအဝေးဒုတိယနေ့တွင်ဆွေးနွေးမည်ဖြစ် ကြောင်းနှင့်ဆွေးနွေးလိုသည့်အပိုဒ်၊အကြောင်းအရာတို့ကိုဖော်ပြ၍ (၂၆.၉.၂၀၁၆)ရက်နေ့ရုံးချိန်အတွင်းလွှတ်တော်ရုံးညွှန်ကြားရေးမှူးထံအမည်စာရင်းတင်သွင်းနိုင်ကြောင်းကြေညာပါသည်။ဆက်လက်ပြီးမကွေးတိုင်းဒေသကြီးပုဂ္ဂလိကပိုင်လုပ်ငန်းသုံးမော်တော်ယာဉ်များစနစ်တကျပြေးဆွဲရေးဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား မကွေးတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဌဦးဇော်မျိုးဝင်းမှတင်သွင်းပြီးယင်းဥပဒေကြမ်းနှင့်စပ် လျဉ်း၍(၂၇.၉.၂၀၁၆)ရက်နေ့လွှတ်တော်အစည်းအဝေးဒုတိယနေ့တွင်ဆွေးနွေးမည်ဖြစ်ကြောင်းနှင့် ဆွေးနွေးလိုသည့်အပိုဒ်၊အကြောင်းအရာတို့ကိုဖော်ပြ၍(၂၆.၉.၂၀၁၆)ရက်နေ့ရုံးချိန်အတွင်းလွှတ်တော်ရုံးညွှန်ကြားရေးမှူးထံအမည်စာရင်းတင်သွင်းနိုင်ကြောင်းကြေညာပါသည်
ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးပထမနေ့ကို (၁၂၁၅)နာရီအချိန်တွင် ရပ်နားကြောင်းနှင့်ဒုတိယနေ့အစည်းအဝေးကို ၂၀၁၆ခုနှစ် စက်တင်ဘာလ ၂၇ ရက် (အင်္ဂါနေ့)(၁၀၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်းလွှတ်တော်ဥက္ကဌက ကြေညာ ၍အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။