ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော်တတိယပုံမှန်အစည်းအဝေးဒုတိယနေ့ကျင်းပပြုလုပ်ခြင်း

ဒုတိယအကြိမ်ပုံမှန်အစည်းအဝေးကျင်းပမှုများ

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးဒုတိယနေ့ကို (၂၇.၉.၂၀၁၆)ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး ခန်းမ၌ စတင်ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ ဒုတိယဥက္ကဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။

တိုင်းဒေသကြီးလွှတ်တော်ဥကၠ႒က အစည်းအဝေးသို႔ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၃)ဦးတက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၁၀)ခုအားကိုယ်စားလှယ်(၈)ဦးမှမေးမြန်းခြင်းနှင့်သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်များမှပြန်လည်ရှင်းလင်းဖြေကြားခြင်းများဆောင်ရွက်ခဲ့ပါသည်။

ဆက်လက်ပြီး ၂၀၁၆ခုနှစ် မကွေးတိုင်းဒေသကြီး၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအပေါ်မကွေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ သဘောထားမှတ်ချက်အစီရင်ခံစာကိုဥပဒေပြုရေးဆိုင်ရာကော်မတီအဖွဲ့ဝင်တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်ဗိုလ်ကြီးတင်ဌေးမှဖတ်ကြားတင်သွင်းခဲ့ပါသည်။ထို့နောက်မကွေးတိုင်းဒေသကြီးပုဂ္ဂလိကပိုင် လုပ်ငန်းသုံးမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲရေး ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းအပေါ်  မကွေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ သဘောထားမှတ်

ချက်အစီရင်ခံစာကိုဥပဒေပြုရေးဆိုင်ရာကော်မတီအဖွဲ့ဝင်ရေစကြိုမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)တိုင်းဒေသ

ကြီးလွှတ်တော်ကိုယ်စားလှယ်ဦးမင်းဟန်ဖတ်ကြားတင်သွင်းခဲ့ပြီးပြင်ဆင်သည့်ဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်း ၍ချောက်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းမှဆွေးနွေးခြင်း

နှင့်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍အစိုးရအဖွဲ့ကိုယ်စား မကွေးတိုင်းဒေသကြီး လွှတ်တော်ဥပဒေပြုရေးဆိုင်ရာ

ကော်မတီဥက္ကဌဦးဇော်မျိုးဝင်းကပြန်လည်ရှင်းလင်းဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော်တတိယပုံမှန်အစည်းအဝေးဒုတိယနေ့ကို(၁၁၃၀) နာရီအချိန်တွင် ရပ်နားကြောင်းနှင့်   တတိယနေ့အစည်းအဝေးကို  ၂၀၁၆ခုနှစ်   စက်တင်ဘာလ  (၂၈)  ရက် (၁၀၀၀)နာရီအချိန်တွင်  ဆက်လက်ကျင်းပမည်ဖြစ်ကြောင်းလွှတ်တော်ဥက္ကဌက   ကြေညာ၍ အစည်း အဝေးကို ရုပ်သိမ်းခဲ့ပါသည်။