
ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော်တတိယပုံမှန်အစည်းအဝေးတတိယနေ့ ကျင်းပ ပြုလုပ်ခြင်း
ဒုတိယအကြိမ်ပုံမှန်အစည်းအဝေးကျင်းပမှုများဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးတတိယနေ့ကို (၂၈.၉.၂၀၁၆)ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး ခန်းမ၌ စတင်ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ ဒုတိယဥက္ကဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။
တိုင်းဒေသကြီးလွှတ်တော်ဥကၠ႒က အစည်းအဝေးသို႔ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၅)ဦးတက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၁၀)ခုအားကိုယ်စားလှယ်(၉)ဦးမှမေးမြန်းပြီးမကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး(၃)ဦး မှပြန်လည်ရှင်းလင်းဖြေကြားခြင်းများဆောင်ရွက်ခဲ့ပါသည်။
ဆက်လက်ပြီး နိုင်ငံတော်သမ္မတက အဆိုပြုသော မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် လူမှုရေး ဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်ရန် လူမှုရေးဝန်ကြီးဌာန တိုးချဲ့ဖွဲ့စည်းခြင်းအား လွှတ်တော်ဥက္ကဌက လွှတ်တော်သို့ တင်ပြခဲ့ရာ ယင်းကိစ္စနှင့်စပ်လျဉ်း၍ သရက်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးအောင်က ထောက်ခံဆွေးနွေးပြီး လွှတ်တော်၏ သဘောတူညီချက် ရယူကာ လွှတ်တော်ကသဘောတူကြောင်းကြေညာ၍ နိုင်ငံတော်သမ္မတထံ ပေးပို့သွားမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဌက ကြေညာပါသည်။
ဆက်လက်၍ ၂၀၁၆ခုနှစ်၊ မကွေးတိုင်းဒေသကြီး ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းတစ်ရပ်လုံးကို လွှတ်တော်တွင် အတည်ပြုပေးရန် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ကိုယ်စား စီမံကိန်း၊ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီးမှ လွှတ်တော်သို့အဆိုတင်သွင်းရာ ပခုက္ကူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်နီနီဝင်းက ထောက်ခံခဲ့ပြီး ယင်းပြင်ဆင်သည့် ဥပဒေကြမ်းကို လွှတ်တော်က အတည်ပြုကြောင်း ကြေညာပါသည်။
ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော်တတိယပုံမှန်အစည်းအဝေးတတိယနေ့ကို(၁၁၂၀) နာရီအချိန်တွင် ရပ်နားကြောင်းနှင့် စတုတ္တနေ့အစည်းအဝေးကို ၂၀၁၆ခုနှစ် စက်တင်ဘာလ (၂၉) ရက် (၁၀၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်းလွှတ်တော်ဥက္ကဌက ကြေညာ၍ အစည်း အဝေးကို ရုပ်သိမ်းခဲ့ပါသည်။