
ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော်တတိယပုံမှန်အစည်းအဝေးပဉ္စမနေ့ကျင်းပပြုလုပ်ခြင်း
ဒုတိယအကြိမ်ပုံမှန်အစည်းအဝေးကျင်းပမှုများဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို (၃၀.၉.၂၀၁၆) ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၃)ဦး တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၁၀)ခု အားကိုယ်စားလှယ်(၇)ဦးမှ မေးမြန်းပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး(၂)ဦး မှပြန်လည်ရှင်းလင်းဖြေကြားခြင်းများဆောင်ရွက်ခဲ့ပါသည်။
ဆက်လက်ပြီး ချောက်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းက တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ခြင်းမရှိဘဲ စည်းကမ်းမဲ့ရောင်းချနေသော အရက်ဆိုင်များကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်ပြီးထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်သို့တင်သွင်းရာ ပခုက္ကူမြို့ နယ်မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်နီနီဝင်းက ထောက်ခံ ဆွေးနွေးခဲ့ပြီး ယင်းအဆိုကို လွှတ်တော်ကလက်ခံဆွေးနွေးရန် သဘောတူသည့်အတွက် ယင်းအဆိုနှင့် စပ်လျဉ်း၍ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင် ကြောင်း လွှတ်တော်ဥက္ကဌက ကြေညာပါသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးနိုင်ရန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က အဆိုပြုလာသော ဝန်ကြီးအမည်စာရင်းမှာ မင်းဘူး မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်ဖြစ်ကြောင်း ဥက္ကဌက လွှတ်တော်သို့ဖတ်ကြားတင်ပြရာ ကန့်ကွက်ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် များမရှိသည့်အတွက် လွှတ်တော်၏သဘောတူညီချက်ရယူပြီးလွှတ်တော်မှ သဘောတူအတည်ပြု သည့်အတွက် လွှတ်တော်မှသဘောတူကြောင်းဆုံးဖြတ်ချက်ကို မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ထံ ပေးပို့သွားမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဌက ကြေညာပါသည်။
ဆက်လက်၍ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ၊ ပြည်သူ့ငွေစာရင်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင် ခံစာနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာကော်မတီ၏ လုပ်ငန်း ဆောင်ရွက်မှုအစီရင်ခံစာတို့အပေါ် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များမရှိပါသဖြင့် ယင်းအစီရင်ခံစာများနှင့်စပ်လျဉ်း၍ လွှတ်တော်တွင် မှတ်တမ်းတင်ထားရှိမည်ဖြစ်ကြောင်းနှင့် မကွေး တိုင်ဒေသကြီးအစိုးရအဖွဲ့သို့ ဆက်လက်ဆောင်ရွက်နိုင်ရန် ပေးပို့သွားမည်ဖြစ်ကြောင်း လွှတ်တော် ဥက္ကဌက ကြေညာပါသည်။
ထို့နောက် မကွေးတိုင်းဒေသကြီးလွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေး ဆိုင်ရာကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာကို ကော်မတီအဖွဲ့ဝင် ချောက်မြို့နယ် မဲဆန္ဒ နယ်အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းဝင်းမှလည်းကောင်း၊ ဆောက် လုပ်ရေး၊ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာကို ကော်မတီအဖွဲ့ဝင် သရက်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါ်အေးယုမော် မှ လည်းကောင်း လွှတ်တော်သို့ တင်သွင်းခဲ့ကြပြီး ယင်းအစီရင်ခံစာများနှင့် စပ်လျဉ်း၍ ဆွေးနွေး လိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဌ က ကြေညာပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး ဆဌမနေ့ကို ၂၀၁၆ခုနှစ် အောက်တိုဘာလ (၃)ရက်နေ့၊ နံနက် (၁၀၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည် ဖြစ်ကြောင်းလွှတ်တော်ဥက္ကဌက ကြေညာကာ ပဉ္စမနေ့အစည်းအဝေးကို (၁၂၀၀)နာရီတွင် ရုပ်သိမ်း ခဲ့ပါသည်။