ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော်တတိယပုံမှန်အစည်းအဝေးအဌမနေ့ကျင်းပပြုလုပ်ခြင်း

ဒုတိယအကြိမ်ပုံမှန်အစည်းအဝေးကျင်းပမှုများ

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး အဌမနေ့ကို (၅.၁၀.၂၀၁၆) ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ  တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၅၈)ဦး တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၁၀)ခု အားကိုယ်စားလှယ်(၇)ဦးမှ မေးမြန်းပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး(၂)ဦး မှပြန်လည်ရှင်းလင်းဖြေကြားခြင်းများဆောင်ရွက်ခဲ့ပါသည်။

ဆက်လက်ပြီးမကွေးတိုင်းဒေသကြီး ပုဂ္ဂလိကမော်တော်ယာဉ်များစနစ်တကျပြေးဆွဲရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းအားပြင်ဆင်ချက်အဆိုကို ကံမမြို့နယ်မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက တင်သွင်းပြီးယင်းပြင်ဆင်ချက်အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါကအမည်စာရင်းတင်သွင်းနိုင်ကြောင်း  လွှတ်တော် ဥက္ကဌက ကြေညာပါသည်။

ထို့နောက်မကွေးတိုင်းဒေသကြီးလွှတ်တော်တရားစီရင်ရေး၊ဥပဒေရေးရာနှင့်တိုင်ကြားစာများအသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာကို ဆွေးနွေးလိုသည့်လွှတ်တော်ကိုယ်စားလှယ်များမရှိပါသဖြင့် ယင်းအစီရင်ခံစာများနှင့်စပ်လျဉ်း၍ လွှတ်တော်တွင် မှတ်တမ်းတင်ထားရှိမည်ဖြစ်ကြောင်းလွှတ်တော် ဥက္ကဌက ကြေညာပါသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီးလွှတ်တော် လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေး ကော်မတီအစားလုပ်ငန်း လိုအပ်ချက်အရလွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးနှင့် အစိုးရအဖွဲ့၏ အာမခံချက်များ၊ကတိများနှင့်တာဝန်ခံချက်များစိစစ်ရေးကော်မတီပြင်ဆင်ဖွဲ့စည်းမည်ဖြစ်ပြီးပြင်ဆင်ဖွဲ့စည်းမည့်အဖွဲ့ဝင်ဦးရေ၊ တာဝန်၊လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့ကို လွှတ်တော်ဒုတိယဥက္ကဌ ဦးဇော်မျိုးဝင်းကတင်သွင်းခဲ့ပြီး ကော်မတီဖွဲ့စည်းမည့်အဖွဲ့ဝင်များ၊အမည်စာရင်းကို လွှတ်တော် ဥက္ကဌမှလွှတ်တော်သို့တင်ပြခဲ့ရာ အဆိုပါ အကြောင်းအရာများနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း  လွှတ်တော်ဥက္ကဌက ကြေညာပါသည်။ ​

ထို့နောက်မကွေးတိုင်းဒေသကြီးလွှတ်တော် စိုက်ပျိုးမေါးမြူးရေးနှင့်ဆည်မြောင်းဆိုင်ရာ ကော်မတီနှင့်မကွေးတိုင်းဒေသကြီးလွှတ်တော် တရားစီရင်ရေး၊ဥပဒေရေးရာနှင့်တိုင်ကြားစာများ အသနားခံစာများစိစစ်ဆောင်ရွက်ရေးကော်မတီတို့အားပြန်လည်ပြင်ဆင်ဖွဲ့စည်းခြင်းအား လွှတ်တော် ဥက္ကဌမှလွှတ်တော်သို့တင်ပြခဲ့ရာလွှတ်တော်ကသဘောတူသည့်အတွက်အတည်ပြုကြောင်း လွှတ်တော် ဥက္ကဌက ကြေညာပါသည်။ ​

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး နဝမနေ့ကို   ၂၀၁၆ခုနှစ်  အောက်တိုဘာလ (၆)ရက်နေ့၊ နံနက် (၁၀၀၀)နာရီအချိန်တွင်  ဆက်လက်ကျင်းပမည် ဖြစ်ကြောင်းလွှတ်တော်ဥက္ကဌက ကြေညာကာ  အဌမနေ့အစည်းအဝေးကို (၁၁၅၀)နာရီတွင် ရုပ်သိမ်း ခဲ့ပါသည်။