ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော်တတိယပုံမှန်အစည်းအဝေးနဝမနေ့ကျင်းပပြုလုပ်ခြင်း

ဒုတိယအကြိမ်ပုံမှန်အစည်းအဝေးကျင်းပမှုများ

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး နဝမနေ့ကို (၆.၁၀.၂၀၁၆) ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ  တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၂)ဦး တက်ရောက်ခဲ့ပါသည်။အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၁၀)ခု အားကိုယ်စားလှယ်(၁၀)ဦးမှ မေးမြန်းပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး(၂)ဦး မှပြန်လည်ရှင်းလင်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ဆက်လက်ပြီးမကွေးတိုင်းဒေသကြီး ပုဂ္ဂလိကမော်တော်ယာဉ်များစနစ်တကျပြေးဆွဲရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းအားပြင်ဆင်ချက်အဆိုနှင့်စပ်လျဉ်း၍ ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ အစီရင် ခံစာကို မကွေးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ်က ဖတ်ကြားခဲ့ပြီး ယင်းဥပဒေကြမ်းအပေါ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှ ဆွေးနွေခြင်းနှင့် ဥပဒေကြမ်း အားပြင်ဆင်ချက်အဆိုနှင့် ၀စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်(၂)ဦးတို့မှ ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီးလွှတ်တော် လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးနှင့် အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များ စိစစ်ရေးကော်မတီဖွဲ့စည်းမည့် အဖွဲ့ဝင်ဦးရေ၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့် ဖွဲ့စည်းမည့် အဖွဲ့ဝင်များ အမည်စာရင်းတို့အပေါ် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ မရှိပါသဖြင့် လွှတ်တော်၏ သဘောထားဆန္ဒရယူရာ လွှတ်တော်က အတည်ပြုကြောင်း လွှတ်တော်ဥက္ကဌက ကြေညာပါသည်။

ထို့နောက် မကွေးတိုင်းဒေသကြီး၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေနှင့် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများကို အတည်ပြုပေးပါရန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန၊ ဝန်ကြီးကပြန်လည်တင်သွင်းရာ ယင်းခန့်မှန်းခြေ ငွေစာရင်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့်လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာပါသည်။

မကွေးတိုင်းဒေသကြီးစာရင်းစစ်ချုပ်၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ပထမ(၆)လပတ် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာပေါ် ပြည်သူ့ငွေစာရင်းကော်မတီ၏ လေ့လာတွေ့ရှိချက် အစီရင် ခံစာကို ကော်မတီဝင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်ကြီးဟန်ဝင်းအောင်က ဖတ်ကြားတင်သွင်းပြီး ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာပါသည်။

ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးလွှတ်တော်တွင် လုပ်ငန်းလိုအပ်ချက်အရ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို အသစ်ထပ်မံ ဖွဲ့စည်းသွားမည့် အဖွဲ့ဝင်ဦးရေ၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့ကို လွှတ်တော်ဥက္ကဌမှ လွှတ်တော်သို့တင်သွင်းခဲ့ပြီး ကော်မတီဖွဲ့စည်းမည့် အဖွဲ့ဝင်များ၏ အမည်စာရင်းကို လွှတ်တော်သို့တင်ပြခဲ့ရာ အဆိုပါ အကြောင်းအရာများနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်း နိုင်ကြောင်း လွှတ်တော်ဥက္ကဌက ကြေညာပါသည်။

ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ ပေးပို့သော UKT အရက်ချက်စက်ရုံ လုပ်ငန်းလည်ပတ်မှုကို ပြန်လည်လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုရန်ကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်ဥက္ကဌမှ လွှတ်တော်သို့တင်ပြရာ ယင်းကိစ္စနှင့်ပတ်သက်၍ လွှတ်တော်၏အဆုံးအဖြတ်ရယူနိုင်ရန်အတွက် မတ်တပ်ရပ် ဆန္ဒပြုသည့်နည်းလမ်းဖြင့်ဆောင်ရွက်ရာ သဘောမတူသည့် လွှတ်တော်ကိုယ်စားလှယ်(၆၀)ဦး၊ သဘော တူသည့်လွှတ်တော်ကိုယ်စားလှယ်(၂)ဦးဖြစ်ပြီး သဘောမတူသည့် လွှတ်တော်ကိုယ်စားလှယ်ဦးရေသည် သဘောတူသည့် လွှတ်တော်ကိုယ်စားလှယ်ဦးရေထက် များပြားနေသည့်အတွက် လွှတ်တော်က သဘော မတူကြောင်း ဆုံးဖြတ်ချက်ကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ ပြန်လည်ပေးပို့ သွားမည်ဖြစ် ကြောင်း လွှတ်တော်ဥက္ကဌက ကြေညာပါသည်။

​ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး နဝမနေ့ကို (၁၂၃၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။