
ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေးတတိယနေ့ကျင်းပပြုလုပ်ခြင်း
ဒုတိယအကြိမ်ပုံမှန်အစည်းအဝေးကျင်းပမှုများဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတတိယနေ့ကို (၂၂.၂.၂၀၁၇)ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး ခန်းမ၌ စတင်ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ ဒုတိယဥက္ကဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။
တိုင်းဒေသကြီးလွှတ်တော်ဥကၠ႒က အစည်းအဝေးသို႔ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၄)ဦးတက်ရောက်၍ (၉၄.၁၂)ရာခိုင်နှုန်း တက်ရောက်သဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာပါသည်။
လွှတ်တော်အစည်းအဝေးတွင်ကြယ်ပွင့်ပြမေးခွန်း(၁၃)ခုကိုလွှတ်တော်ကိုယ်စားလှယ်(၁၂)ဦး ကမေးမြန်းခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ဝန်ကြီး(၆)ဦးက ပြန်လည်ဖြေကြားခဲ့ပါသည်။ ၎င်းနောက်အစည်းအဝေးပထမနေ့တွင်စလင်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှဦးသက်ခိုင်တင်သွင်းခဲ့ သောတိုင်းဒေသကြီးအတွင်းကုန်ပစ္စည်း များရောင်းချဝယ်ယူခြင်းပြုရာတွင် သုံးစွဲလျက်ရှိသော အလေး၊အချိန်အတွယ်၊တင်းတောင်းနှင့် အတိုင်းအတာ ဆိုင်ရာများကို ပုံမှန်စံကိုက်သုံးစွဲခွင့်ပြုရေး တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးကြပ် စီမံပေးရန် တိုက်တွန်းကြောင်းအဆိုနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်(၂)ဦးမှထောက်ခံဆွေးနွေးကာသက်ဆိုင်ရာတိုင်းဒေသကြီးဝန်ကြီးကပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီးအဆိုရှင်၏သဘောထားရယူ၍လွှတ်တော်၏ အတည်ပြုချက်ရယူရာ တွင်ထောက်ခံဆန္ဒမဲအရေအတွက်(၆၀)ခုနှင့် ကန့်ကွက်ဆန္ဒမဲအရေအတွက်(၃)ခုတို့ကို ရရှိခဲ့ပြီး လွှတ်တော်ကသဘောတူအတည်ပြုကြောင်း လွှတ်တော်ဥက္ကဌက ကြေညာပါသည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး ပုဂ္ဂလိကပိုင်ရေယာဉ်များစနစ်တကျပြေးဆွဲရေးဆိုင်ရာ နည်းဥပဒေပြင်ဆင်ချက်အဆိုနှင့်စပ်လျဉ်း၍ဥပဒေပြုရေးဆိုင်ရာကော်မတီ၏သဘောထားမှတ်ချက်အားဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဌ မြို့သစ်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှဦးဇော်မျိုးဝင်းနှင့် မကွေးတိုင်းဒေသကြီး ဆိပ်ကမ်းများ၊သင်္ဘာဆိပ်များ၊ဆိပ်ခံများ နည်းဥပဒေပြင်ဆင်ချက်အဆိုနှင့် စပ်လျဉ်း၍ ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ သဘောထားမှတ်ချက်အား ကော်မတီအဖွဲ့ဝင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်ဗိုလ်ကြီးတင်ဌေးတို့မှလွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ ကြပြီးသက်ဆိုင်ရာ တိုင်းဒေသကြီးဝန်ကြီးကပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။၎င်းနည်းဥပဒေ ပြင်ဆင်ချက်အဆိုများနှင့်စပ်လျဉ်း၍ လွှတ်တော်၏သဘောတူညီချက်ရယူရာတွင် လွှတ်တော်က သဘောတူသည့်အတွက်အတည်ပြုမှတ်တမ်းတင်ကြောင်း လွှတ်တော်ဥက္ကဌက ကြေညာပါသည်။
ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေးတတိယနေ့ကို(၁၁၅၀)နာရီအချိန်တွင်ရပ်နားကြောင်းနှင့်စတုတ္ထနေ့အစည်းအဝေးကို၂၀၁၇ခုနှစ်ဖေဖော်ဝါရီလ၂၃ရက်(ကြာသပတေးနေ့) (၁၀၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်းလွှတ်တော်ဥက္ကဌက ကြေညာ၍အစည်း အဝေးကို ရုပ်သိမ်းခဲ့ပါသည်။