
ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေးစတုတ္တနေ့ကျင်းပပြုလုပ်ခြင်း
ဒုတိယအကြိမ်ပုံမှန်အစည်းအဝေးကျင်းပမှုများဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးစတုထ္တနေ့ကို (၂၃.၂.၂၀၁၇)ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး ခန်းမ၌ စတင်ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ ဒုတိယဥက္ကဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။
တိုင်းဒေသကြီးလွှတ်တော်ဥကၠ႒က အစည်းအဝေးသို႔ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၄)ဦးတက်ရောက်၍ (၉၄.၁၂)ရာခိုင်နှုန်း တက်ရောက် သဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာပါသည်။
လွှတ်တော်အစည်းအဝေးတွင်ကြယ်ပွင့်ပြမေးခွန်း(၁၃)ခုကိုလွှတ်တော်ကိုယ်စားလှယ်(၁၁)ဦး ကမေးမြန်းခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး(၆)ဦးက ပြန်လည်ဖြေကြားခဲ့ပါသည်။ ၎င်းနောက် သယံဇာတ၊သဘာဝပတ်ဝန်းကျင်၊လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာ ကော်မတီ၏ လုပ်ငန်း ဆောင်ရွက်ချက် အစီရင်ခံစာကို ကော်မတီအဖွဲ့ဝင် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးသစ်လွင် နှင့် မကွေးတိုင်းဒေသကြီးလွှတ်တော်တရားစီရင်ရေး၊ ဥပဒေရေးရာနှင့်တိုင်ကြားစာများ၊ အသနားခံစာများ၊ စိစစ်ဆောင်ရွက်ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာကို ကော်မတီအဖွဲ့ဝင် မင်းလှမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးမောင်ကိုတို့က လွှတ်တော်တင်သွင်းခဲ့ကြပြီး ယင်းအစီရင် ခံစာများနှင့် စပ်လျဉ်း၍ လွှတ်တော်တွင်မှတ်တမ်းတင်ထားရှိမည်ဖြစ်ကြောင်းနှင့် မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ဆက်လက်ဆောင်ရွက်နိုင်ရန်ပေးပို့သွားမည် ဖြစ်ကြောင်း လွှတ်တော် ဥက္ကဌကကြေညာပါသည်။
ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေးစတုတ္တနေ့ကို(၁၁၅၅)နာရီ အချိန်တွင်ရပ်နားကြောင်းနှင့်ပဉ္စမနေ့အစည်းအဝေးကို၂၀၁၇ခုနှစ်ဖေဖော်ဝါရီလ၂၄ရက်(သောကြာနေ့) (၁၀၀၀) နာရီ အချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်းလွှတ်တော်ဥက္ကဌက ကြေညာ၍အစည်း အဝေးကို ရုပ်သိမ်းခဲ့ပါသည်။