ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေးပဉ္စမနေ့ကျင်းပပြုလုပ်ခြင်း

ဒုတိယအကြိမ်ပုံမှန်အစည်းအဝေးကျင်းပမှုများ

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးပဉ္စမနေ့ကို (၂၄.၂.၂၀၁၇)ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး ခန်းမ၌ စတင်ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ ဒုတိယဥက္ကဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။

တိုင်းဒေသကြီးလွှတ်တော်ဥကၠ႒က အစည်းအဝေးသို႔ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၃)ဦးတက်ရောက်၍ (၉၂.၆၅)ရာခိုင်နှုန်း တက်ရောက် သဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာပါသည်။

လွှတ်တော်အစည်းအဝေးတွင်ကြယ်ပွင့်ပြမေးခွန်း(၁၂)ခုကိုလွှတ်တော်ကိုယ်စားလှယ်(၈)ဦး ကမေးမြန်းခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး(၅)ဦးက ပြန်လည်ဖြေကြားခဲ့ပါသည်။ ၎င်းနောက် မကွေးတိုင်းဒေသကြီးလွှတ်တော် လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးနှင့် အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ဆောင်ရွက်ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာကို ကော်မတီဥက္ကဌ၊ ရေစကြိုမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ဦးတင်သောင်းက လွှတ်တော်သို့ တင်သွင်းခဲ့ကြပြီး  ယင်းအစီရင် ခံစာများနှင့် စပ်လျဉ်း၍ လွှတ်တော်တွင်မှတ်တမ်းတင်ထားရှိမည်ဖြစ်ကြောင်းနှင့် မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ဆက်လက်ဆောင်ရွက်နိုင်ရန်ပေးပို့သွားမည် ဖြစ်ကြောင်း လွှတ်တော်ဥက္ကဌက ကြေညာ ပါသည်။

ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော်စတုတ္တပုံမှန်အစည်းအဝေးပဉ္စမနေ့ကို(၁၁၃၀)နာရီ အချိန်တွင်ရပ်နားကြောင်းနှင့်ဆဌမနေ့အစည်းအဝေးကို၂၀၁၇ခုနှစ်ဖေဖော်ဝါရီလ၂၇ရက်(တနင်္လာနေ့) (၁၀၀၀) နာရီ အချိန်တွင်  ဆက်လက်ကျင်းပမည်ဖြစ်ကြောင်းလွှတ်တော်ဥက္ကဌက     ကြေညာ၍အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။