ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေးဆဌမနေ့ကျင်းပပြုလုပ်ခြင်း

ဒုတိယအကြိမ်ပုံမှန်အစည်းအဝေးကျင်းပမှုများ

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးပဉ္စမနေ့ကို (၂၇.၂.၂၀၁၇)ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး ခန်းမ၌ စတင်ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ ဒုတိယဥက္ကဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။

တိုင်းဒေသကြီးလွှတ်တော်ဥကၠ႒က အစည်းအဝေးသို႔ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၄)ဦးတက်ရောက်၍ (၉၄.၁၂)ရာခိုင်နှုန်း တက်ရောက် သဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာပါသည်။

လွှတ်တော်အစည်းအဝေးတွင်ကြယ်ပွင့်ပြမေးခွန်း(၁၃)ခုကိုလွှတ်တော်ကိုယ်စားလှယ်(၁၁)ဦး ကမေးမြန်းခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး(၆)ဦးက ပြန်လည်ဖြေကြားခဲ့ပါသည်။ ၎င်းနောက် အစည်းဝေး စတုတ္တနေ့တွင် မြိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဝင်းဌေး၊ ဆောမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးကျော်မြင့်နှင့် မကွေးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်ခင်ချိုလတ်တို့၏ ဆက်စပ်မေးခွန်းများကို စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီးက ပြန်လည်ဖြေကြား ဆောင်ရွက်ခဲ့ပါသည်။၊

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်စတုတ္တပုံမှန်အစည်းအဝေးအောင်မြင်စွာကျင်းပ ပြီးစီးကြောင်း လွှတ်တော်ဥက္ကဌက ကြေညာပြီး ဆဌမနေ့ အစည်းအဝေးကို (၁၁၄၀)နာရီအချိန်တွင် ရုပ်သိမ်း ခဲ့ပါသည်။