ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး(အဋ္ဌမနေ့)သို့ တင်သွင်းသည့် ၂၀၁၆ ခုနှစ်၊ မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေ(မူကြမ်း) အပေါ်တွင် တိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ စိစစ်လေ့လာတွေ့ရှိချက် နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ

ဒုတိယအကြိမ်အစီရင်ခံစာများ

 

ရက်စွဲ၊ ၂၀၁၆ ခုနှစ်၊ ဧပြီလ ၁ ရက်

နိဒါန်း

၁။      ၂၀၁၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင်ကျင်းပသော ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီး လွှတ်တော်၊ ပထမပုံမှန်အစည်းအဝေး(အဋ္ဌမ)မြောက်နေ့တွင် ၂၀၁၆ ခုနှစ်၊ မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ(မူကြမ်း)ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသိန်းဝင်းက တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းခဲ့ ပါသည်။

၂။      ဤ ဥပဒေ(မူကြမ်း)အား ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၁၉၃(က)အရ မကွေးတိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၉(က)နှင့်အညီ တင်သွင်းခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။ မကွေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီသည် ၂၀၁၆ ခုနှစ်၊ မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ(မူကြမ်း)အပေါ်တွင် စိစစ်လေ့လာ တွေ့ရှိချက်၊ လေ့လာသုံးသပ်ချက်နှင့် သဘောထားမှတ်ချက်တို့ကို မကွေးတိုင်းဒေသကြီးလွှတ်တော် ဆိုင်ရာနည်းဥပဒေ ၁၃၉(ခ)နှင့်အညီ တင်ပြသွားမည်ဖြစ်ပါသည်။

ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ စိစစ်တွေ့ရှိချက်

၃။      ဤဥပဒေ(မူကြမ်း)တွင် အောက်ပါအတိုင်း အပိုင်း(၅)ပိုင်းပါရှိသည်ကို တွေ့ရှိရပါသည် –

(က)    အပိုင်း(၁)      အမည်နှင့် စတင်အကျိုးသက်ရောက်သည့်နေ့ရက်၊

( ခ )   အပိုင်း(၂)       တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးလွှတ်တော်၊ တိုင်းဒေသကြီး
တရားလွှတ်တော်၊ တိုင်းဒေသကြီးဥပဒေချုပ်ရုံး၊ တိုင်းဒေသကြီး
စာရင်းစစ်ချုပ်ရုံး၊ တိုင်းဒေသကြီးဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး
အဆင့် ဦးစီးဌာနများနှင့် စည်ပင်သာယာရေးအဖွဲ့များ၊

( ဂ )   အပိုင်း(၃)      ချေးငွေ၊ ပြည်ပမှအကူအညီနှင့် အထောက်အပံ့၊

(ဃ)    အပိုင်း(၄)      တိုင်းဒေသကြီးအဆင့် နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ၊

( င )   အပိုင်း(၅)      သီးသန့်ရန်ပုံငွေ။

၄။      အပိုင်း(၁) ပုဒ်မ ၁(ခ)တွင် ဤဥပဒေပါပြဌာန်းချက်များသည် ၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ် အတွက် ၂၀၁၆ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစတင်အကျိုးသက်ရောက်စေရမည်ဟုပါရှိပြီး၊ အပိုင်း(၂) ပုဒ်မ ၂ တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးလွှတ်တော်၊ တိုင်းဒေသကြီးတရားလွှတ်တော်၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးအဆင့်ဦးစီးဌာနများနှင့် စည်ပင်သာယာရေး အဖွဲ့များသည် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေအစီအစဉ်ဖြင့် လုပ်ငန်းများကို ဆောင်ရွက် ကြရမည်။ ထိုသို့ဆောင်ရွက်၍ရသောရငွေများကို တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေမှ ထုတ်ယူ သုံးစွဲရမည်ဟုဖော်ပြထားသည်။ ပုဒ်မ ၃(ဂ)တွင် ရငွေများကို စီမံကြီးကြပ်ကောက်ခံရာတွင် လည်းကောင်း၊ သုံးငွေများစီမံခန့်ခွဲရာတွင်လည်းကောင်း ဤဥပဒေပါပြဌာန်းချက်များ၊ သက်ဆိုင်ရာဥပဒေများ၊   နည်းဥပဒေများ၊    စည်းမျဉ်းများ၊    စည်းကမ်းများ၊    အမိန့်များ၊ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်ဟုဖော်ပြထားပါသည်။ အလားတူအပိုင်း(၄) ပုဒ်မ ၁၀(ဂ)တွင်လည်း တိုင်းဒေသကြီးအဆင့် နိုင်ငံတော်ပိုင်စီးပွါးရေး အဖွဲ့အစည်းများအနေဖြင့် ရငွေများကိုစီမံကြီးကြပ်ကောက်ခံရာတွင်လည်းကောင်း၊ သုံးငွေ များကို စီမံခန့်ခွဲရာတွင်လည်းကောင်း၊ ဤဥပဒေပါ ပြဌာန်းချက်များ၊ သက်ဆိုင်ရာဥပဒေ များ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်ဟုလည်း ထပ်မံပြဌာန်းထားပါသည်။

၅။      ၂၀၁၆ခုနှစ်၊ မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ(မူကြမ်း) နောက်ဆက်တွဲဇယား(၁)တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးလွှတ်တော်၊ တိုင်းဒေသကြီးတရားရုံးများ၊ တိုင်းဒေသကြီးဥပဒေရုံးများ၊ တိုင်းဒေသကြီးစာရင်းရုံးများ အတွက် အခြားသာမန်ရငွေ ကျပ်သန်းပေါင်း(၂၂၀၂.၀၉၁)၊ ပြည်ထောင်စုထောက်ပံ့ငွေမှ ရငွေ ကျပ်သန်းပေါင်း(၂၅၀၀)၊ ယင်းအဖွဲ့အစည်းများအတွက်သုံးငွေအဖြစ် နောက်ဆက်တွဲ ဇယား(၂)တွင် သာမန်သုံးငွေကျပ်သန်းပေါင်း(၁၅၂၉၆.၁၄၉)၊ ထောက်ပံ့ငွေကျပ်သန်းပေါင်း (၄၄၁၀.၉၁၈)၊ ငွေလုံးငွေရင်းသုံးငွေကျပ်သန်းပေါင်း(၆၇၂၇.၁၃၁)၊ တိုင်းဒေသကြီးဝန်ကြီး ဌာနများ၊ တိုင်းဒေသကြီးအဆင့်ဦးစီးဌာနများနှင့် စည်ပင်သာယာရေးအဖွဲ့များ၏ရငွေများ ကို နောက်ဆက်တွဲဇယား(၃)တွင် ဖော်ပြထား၍ အခွန်ကောက်ရငွေကျပ်သန်းပေါင်း (၁၈၉၁.၂၃၅)၊ အခြားသာမန်ရငွေကျပ်သန်းပေါင်း(၇၅၁၅.၆၄၃)၊ ပြည်ထောင်စုထောက်ပံ့ငွေ မှ ရငွေကျပ်သန်းပေါင်း(၁၄၁၅၂၅.၀၀၀)၊ နောက်ဆက်တွဲဇယား(၄)တွင်သုံးငွေများအဖြစ် သာမန်သုံးငွေ ကျပ်သန်းပေါင်း(၅၈၃၁၂.၇၀၉)၊ ငွေလုံးငွေရင်းသုံးငွေကျပ်သန်းပေါင်း (၆၆၈၃၁.၄၀၉)၊ တိုင်းဒေသကြီ:အဆင့် နိုင်ငံတော်ပိုင်စီးပွါးရေးအဖွဲ့အစည်းများ (လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း)၏ရငွေများကို နောက်ဆက်တွဲဇယား(၅)တွင် ဖော်ပြထား၍ အခြားသာမန်ရငွေ ကျပ်သန်းပေါင်း(၂.၆၉၀)၊ နောက်ဆက်တွဲဇယား(၆)တွင် ငွေလုံးငွေရင်း သုံးငွေအဖြစ် ကျပ်သန်းပေါင်း(၄၀၅၈.၃၄၃)ဖြစ်ကြောင်းဖော်ပြထားသည်ကိုလေ့လာတွေ့ရှိရ ပါသည်။

ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ စိစစ်လေ့လာသုံးသပ်ချက်

၆။      ဥပဒေပြုရေးဆိုင်ရာကော်မတီသည် ၂၀၁၆ခုနှစ်၊ မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေ(မူကြမ်း)တွင် ပါဝင်သည့်အပိုင်း(၅)ပိုင်းစလုံးတွင် ဖော်ပြထားသော အချက်များနှင့် နောက်ဆက်တွဲဇယား(၁)မှ (၆)အထိ ရငွေ/သုံးငွေ ကိန်းဂဏန်းဖော်ပြချက် များအားအသေးစိတ်လေ့လာခဲ့ပါသည်။ ယင်းဥပဒေ(မူကြမ်း)တွင် ရငွေများကို စီမံကြီးကြပ် ကောက်ခံရာတွင်လည်းကောင်း၊ သုံးငွေများကိုစီမံခန့်ခွဲရာတွင်လည်းကောင်း၊ ဤဥပဒေပါ ပြဌာန်းချက်များ၊ သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်ရမည်ဟု ဖော်ပြထားရာ အဖွဲ့အစည်းများ၊ ဌာနများအနေဖြင့် နိုင်ငံတော်၏အကျိုး၊ ပြည်သူလူထု ၏အကျိုးကို ရှေ့ရှုပြီး ရငွေများကိုရည်မှန်းသည်ထက် လျော့နည်းခြင်းမရှိစေရုံသာမက ပိုမိုရရှိစေရန်အတွက် စီမံကြီးကြပ်ကောက်ခံကြရန်နှင့် သုံးငွေများကိုလည်း ရည်မှန်းသည် ထက် ပိုမိုသုံးစွဲခြင်းမပြုဘဲ ခြိုးခြံချွေတာသုံးစွဲကြရန်တို့ကို အလေးထားပြီး လိုက်နာ ဆောင်ရွက်သင့်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

၇။      အစိုးရအဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ နိုင်ငံတော်ပိုင်စီးပွါးရေးအဖွဲ့အစည်းများအနေဖြင့် ၎င်းတို့၏ ဌာနအလိုက်သာမန်သုံးငွေနှင့် ငွေလုံးငွေရင်းသုံးငွေ၊ ရန်ပုံငွေများကို တင်ပြ တောင်းခံရာတွင် ငွေစာရင်းများကို ငွေစာရင်းခေါင်းစဉ်အလိုက် အသေးစိတ်တွက်ချက် တင်ပြထားချက်များကို ၂၀၁၆ခုနှစ်၊ မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေ(မူကြမ်း)နှင့်အတူ မကွေးတိုင်းဒေသကြီးလွှတ်တော်သို့ ပူးတွဲပေးပို့ခဲ့သည့်အတွက် ဥပဒေပြုရေးဆိုင်ရာကော်မတီအနေဖြင့် အသေးစိတ်လေ့လာခွင့်ရရှိခဲ့ပါသည်။

၈။      နှစ်စဉ်ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ(မူကြမ်း)နှင့် ပတ်သတ်၍ အစိုးရအသီးသီးနှင့် လွှတ်တော်အသီးသီးတို့အနေဖြင့် ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေက သတ်မှတ်ပြဌာန်း ထားသော ဥပဒေနှင့်အညီအလေးထားကာ စနစ်တကျထမ်းဆောင်လျက်ရှိပါသည်။ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၉၀(ခ)၊ ၁၉၃(က)တို့နှင့် အညီလိုက်နာဆောင်ရွက်ရခြင်းဖြစ်ပြီး တိုင်းဒေသကြီးလွှတ်တော်အနေဖြင့်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၉၃(က)၊ (ခ) တို့နှင့်အညီ ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်းကို လွှတ်တော်သို့ အစီရင်ခံတင်ပြအပ်ပါသည်။

၉။      ထို့အပြင် တိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးစာရင်းများကို ပြည်ထောင်စုဘဏ္ဍာရေး ကော်မရှင်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၀(ခ)နှင့် စိစစ်ဆောင်ရွက်ရပါကြောင်း နှင့် ထိုသို့ဥပဒေနှင့်ဆောင်ရွက်ကြရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး လွှတ်တော်တို့၏တူညီသော ရည်ရွယ်ချက်နှင့်ဦးတည်ချက်များမှာ ပြည်သူ့ဘဏ္ဍာငွေများကို အလေအလွင့်မရှိစေဘဲ နိုင်ငံတော်နှင့် နိုင်ငံသူ၊ နိုင်ငံသားများ၏ အကျိုးစီးပွါးတွက် အားထုတ်ကြိုးပမ်း ဆောင်ရွက်နေကြခြင်းပင်ဖြစ်ပါကြောင်းကိုလည်း လွှတ်တော်သို့ အသိပေးတင်ပြအပ်ပါသည်။

၁၀။    မကွေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီအနေဖြင့် လွှတ်တော်၏ တာဝန်ပေးချက်အရ ပေးအပ်ထားသောတာဝန်နှင့်လုပ်ပိုင်ခွင့်များကို အတတ်နိုင်ဆုံး တာဝန်ကျေပွန် လိုခြင်း၊ လွှတ်တော်၏အခန်းကဏ္ဍများ ပိုမိုပီပြင်လာစေလိုခြင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်း အကျိုးမရှိနိုင်သော အသုံးစရိတ်များကို အတတ်နိုင်ဆုံးနည်းနိုင်သမျှနည်းပြီး အကျိုးရှိသော လုပ်ငန်းများ တိုးလာနိုင်သမျှတိုးလာစေရန်ဟူသော သဘောထားဖြင့် ပြဌာန်းထားသောဥပဒေများ နှင့်အညီ ဆောင်ရွက်ရခြင်းဖြစ်ပြီး ကော်မတီ၏ အကြံပြုသုံးသပ်တင်ပြချက်များသည် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ အပြုသဘောဆောင်ကာ သုံးသပ်တင်ပြရခြင်းဖြစ်ပါသည်။

၁၁။    ၂၀၁၆ ခုနှစ်၊ မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ(မူကြမ်း)တွင် သာမန်သုံးငွေများတိုးလာရခြင်းမှာ ပြင်ဆင်ထိန်းသိမ်းစရိတ်များ တိုးမြှင့်တောင်းခံလာခြင်းနှင့် ပစ္စည်းလုပ်အားကုန်ကျစရိတ်များ တိုးလာခြင်းတို့ကြောင့် သာမန်သုံးငွေများတိုးလာခြင်းဖြစ်ကြောင်း ကိုလည်း လေ့လာသုံးသပ်ရရှိပါသည်။

၁၂။    ၂၀၁၆ ခုနှစ်၊ မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ(မူကြမ်း)တွင် အစိုးရအဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၊ စည်ပင်သာယာရေး အဖွဲ့များအနေဖြင့် ငွေလုံးငွေရင်းအသုံးစရိတ်များ တောင်းခံရခြင်းနှင့်ပတ်သက်ပြီး အောက်ပါအတိုင်း တွေ့ရှိရပါသည် –

(က)    ၂၀၁၆ ခုနှစ်၊ မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ(မူကြမ်း)
တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်းသုံးငွေကျပ်သန်းပေါင်း(၄၉၆၄.၈၀၁)သုံးစွဲရန်တင်ပြတောင်းခံထားခြင်းမှာ ရုံးခန်းမ၊ ရုံးခြံစည်းရိုးဆောက်လုပ်ရေး လုပ်ငန်းများဆောင်ရွက်ခြင်း၊ ယာဉ်နှင့် စက်ကိရိယာဝယ်ယူခြင်း၊ ပရိဘောဂဝယ်ယူ ခြင်း၊ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း(၈)ခုဆောင်ရွက်ခြင်း၊ မြစ်ရေတင်လုပ်ငန်း(၁၂)ခု ဆောင်ရွက်ခြင်း၊ မြစ်ရေတင်စက်ပစ္စည်းဝယ်ယူခြင်း၊ စက်မှုလယ်ယာဧက(၃၀၀) ဖော်ထုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တင်ပြတောင်းခံထားခြင်း ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။

( ခ )   ထို့အပြင် မကွေးတိုင်းဒေသကြီးလွှတ်တော် ငွေလုံးငွေရင်းသုံးငွေကျပ်သန်းပေါင်း (၁၃၈၄.၄၀၀)သုံးစွဲရန် တင်ပြတောင်းခံထားခြင်းမှာ လွှတ်တော်ရုံးဆောက်လုပ်ခြင်း၊ လွှတ်တော်ရုံးခြံစည်းရိုးကာရံခြင်း၊ လုံးချင်းအရာထမ်းအိမ်တစ်လုံး၊ (၂)ခန်းတွဲ တစ်ထပ်(၁)လုံး၊ (၆)ခန်းတွဲ နှစ်ထပ်(၁)လုံးဆောက်လုပ်ခြင်း၊ မီးစက်ဝယ်ယူခြင်းနှင့် မော်တော်ယာဉ်များဝယ်ယူရန်အတွက် တင်ပြတောင်းခံထားခြင်းဖြစ်ပြီး မကွေး တိုင်းဒေသကြီးလွှတ်တော်အနေဖြင့် အမှန်တကယ်သုံးစွဲရန်လိုအပ်သော ပမာဏကို တင်ပြတောင်းခံထားခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်၊

( ဂ )   ပြည်ထဲရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ငွေလုံး ငွေရင်းအသုံးစရိတ် တောင်းခံရခြင်းနှင့်ပတ်သက်ပြီး အဆောက်အဦများပြင်ဆင်ခြင်း၊ ရုံးသုံးစက်ကိရိယာများဝယ်ယူခြင်း၊ ရုံးသုံးပရိဘောဂဝယ်ယူခြင်းနှင့် ရုံးသုံးယာဉ် (၃)စီး ဝယ်ယူခြင်းလုပ်ငန်းအတွက် တင်ပြတောင်းခံထားကြောင်း လေ့လာတွေ့ရှိရ ပါသည်။ အထူးစုံးစမ်းစစ်ဆေးရေးဦးစီးဌာနအနေဖြင့် ဝန်ထမ်းအိမ်ရာ ခြံစည်းရိုး ကာရံခြင်းနှင့် ရုံးသုံးစက်ကိရိယာဝယ်ယူခြင်းလုပ်ငန်းများအတွက် တင်ပြတောင်းခံ ထားခြင်းဖြစ်ကြောင်းလေ့လာတွေ့ရှိရပါသည်။ မီးသတ်ဦးစီးဌာနအနေဖြင့် မီးသတ် စခန်းအသစ်များတည်ဆောက်ခြင်း မီးသတ်မော်တော်ယာဉ်နှင့် အုပ်ချုပ်မှုယာဉ် (၆)စီးဝယ်ယူခြင်း၊ ရုံးသုံးစက်ကိရိယာနှင့် လုပ်ငန်းသုံးပစ္စည်များ ဝယ်ယူခြင်းတို့ အတွက် တင်ပြတောင်းခံထားခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။

(ဃ)    ၂၀၁၆ ခုနှစ်၊ မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ(မူကြမ်း) တွင် သမဝါယမဝန်ကြီးဌာနလက်အောက်ရှိ သမဝါယမဦးစီးဌာနအနေဖြင့် ငွေလုံး ငွေရင်းအသုံးစရိတ်များ တောင်းခံထားခြင်းမှာ ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ဆောင်ခြင်း၊ ရုံးသုံးစက်ကိရိယာနှင့် ရုံးသုံးပရိဘောဂများဝယ်ယူခြင်း ယာဉ် ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခြင်းတို့အတွက် တင်ပြတောင်းခံထားခြင်း ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် ရုံးအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာဆောက်လုပ်ခြင်း၊ ယာဉ်ဝယ်ယူခြင်း၊ စက်ရိယာနှင့် ပရိဘောဂများဝယ်ယူခြင်း လုပ်ငန်းများအတွက် တင်ပြတောင်းခံ ထားခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်၊

( င )   လယ်ယာစိုက်ပျိုးရေးနှင့် ဆည်းမြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန ငွေလုံး ငွေရင်းအသုံးစရိတ်တောင်းခံရခြင်းနှင့်ပတ်သက်ပြီး ဝန်ထမ်းအိမ်ရာများဆောက်လုပ် ခြင်း၊ ပညာပေးစခန်းများပြုပြင်ခြင်း၊ ယာဉ်ဝယ်ယူခြင်း၊ သုတေသနပညာပေး လုပ်ငန်းနှင့်  အခြားလုပ်ငန်းများဆောင်ရွက်ခြင်း၊  ပရိဘောဂဝယ်ယူခြင်းနှင့်  ရုံးသုံးစက်ကိရိယာများ ဝယ်ယူခြင်းတို့အတွက် တင်ပြတောင်းခံထားခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်၊

( စ )   မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနလက်အောက်ရှိ ငါးလုပ်ငန်းဦးစီးဌာန၏ ငွေလုံးငွေရင်းအသုံးစရိတ်တောင်းခံခြင်းမှာ အရာရှိနေအိမ် ဆောက်လုပ်ခြင်း၊ ခြံစည်းရုံးကာရံခြင်း၊ Transformer တပ်ဆင်ခြင်းနှင့် မော်တော်အုတ်တစ်စီးဝယ်ယူခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။ မွေးမြူရေး နှင့် ကုသရေးဦးစီးဌာနအနေဖြင့် ရုံးအဆောက်အဦများဆောက်လုပ်ခြင်းနှင့် စက်ကိရိယာများဝယ်ယူခြင်းတို့အတွက် တင်ပြတောင်းခံထားခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်၊

(ဆ)    ၂၀၁၆ ခုနှစ်၊ မကွေးတိုင်းဒေသကြီး ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ(မူကြမ်း)တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန လက်အောက်ရှိ သစ်တော်ဦးစီးဌာန၏ ငွေလုံးငွေရင်းအသုံးစရိတ် တောင်းခံထားခြင်းမှာ Transformer ဝယ်ယူခြင်းနှင့် စိုက်ခင်းများဆောင်ရွက်ခြင်းတို့ဖြစ်ကြောင်း လေ့လာ တွေ့ရှိရပါသည်။ အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာနအနေဖြင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်း၊ မြို့နယ်(၃)ရုံး ခြံစည်းရိုးကာရံခြင်း၊ ရေကန်ငယ်တူးဖော်ခြင်း၊ ရေးတွင်း(၉)တွင်း တူးဖော်ခြင်း၊ ကျေးရွာစိုက်ခင်းဧက(၁၀၀၀) ဆောင်ရွက်ခြင်းနှင့် အေဝမ်းမီးဖို ဖြန့်ခြင်းလုပ်ငန်းများဆောင်ရွက်ရန်အတွက် တင်ပြတောင်းခံထားခြင်း ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်၊

( ဇ )   မကွေးတိုင်းဒေသကြီး ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာနအနေဖြင့် ငွေလုံးငွေရင်းသုံးငွေ ကျပ်သန်းပေါင်း(၂၁၅၂.၈၀၀)သုံးစွဲရန် တင်ပြ တောင်းခံထားခြင်းမှာ ဆောက်လုပ်ရေးလုပ်ငန်း(၈)ခန်းတွဲ(၆)ထပ် (၃)လုံး ဆောက်လုပ်ရန်အတွက်ဖြစ်ကြောင်း၊ လေ့လာတွေ့ရှိရပါသည်။ လမ်းဦးစီးဌာန၏ ငွေလုံးငွေရင်းသုံးငွေကျပ်သန်းပေါင်း(၅၆၃၅၇.၄၃၅)သုံးစွဲရန် တင်ပြတောင်းခံထား ခြင်းမှာ လမ်း(၂၉)လမ်းပြုပြင်ခြင်း၊ ရုံးသုံးစက်ကိရိယာဝယ်ယူခြင်းနှင့် ရုံးသုံး ပရိဘောဂ ဝယ်ယူခြင်းလုပ်ငန်းများဆောင်ရွက်အတွက် တင်ပြတောင်းခံထားခြင်း ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်၊

( ဈ )   မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်းသုံးငွေ ကျပ်သန်း ပေါင်း(၃၁၂၈.၀၈၉) သုံးစွဲရန်တင်ပြတောင်းခံထားခြင်းမှာ ဆောင်ရွက်ဆဲလုပ်ငန်း (၁၃)ခုနှင့် မြို့နယ်မှစီမံကိန်း(၄၄)ခုဆောင်ရွက်ခြင်း၊ ဖြည့်စွက်လုပ်ငန်း(၃၃)ခုနှင့် မြို့နယ်မှ (၁၄၆)ခုဆောင်ရွက်ခြင်း လုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံမှု(၂၁)ခု ဆောင်ရွက်ခြင်း၊ စက်ကိရိယာနှင့် ရုံးသုံးပစ္စည်းဝယ်ယူခြင်း လုပ်ငန်းများဆောင်ရွက် ရန်အတွက် တင်ပြတောင်းခံထားခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။

(ည)    ၂၀၁၆ ခုနှစ်၊ မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ (မူကြမ်း)တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း ၏ ငွေလုံးငွေရင်းအသုံစရိတ်ကျပ်သန်းပေါင်း(၄၀၅၈.၃၄၃) တောင်းခံထားခြင်းနှင့် ပတ်သက်၍ တိုးချဲ့ရင်းနှီးမြှုပ်နှံမှုများအပိုင်းတွင် စက်ကိရိယာဝယ်ယူခြင်းနှင့် တပ်ဆင်ခြင်းလုပ်ငန်း(၇၇)ခုအတွက် လုပ်ငန်းများဆောင်ရွက်ခြင်း၊ အစားထိုးရင်းနှီးမြှုပ်နှံမှုအပိုင်းတွင်လည်း စက်ကိရိယာဝယ်ယူခြင်း၊ တပ်ဆင်ခြင်းလုပ်ငန်း(၂၁)ခု ဆောင်ရွက်ခြင်းတို့အတွက် တင်ပြတောင်းခံထားခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိ ရပါသည်၊

( ဋ )   ၂၀၁၆ ခုနှစ်၊ မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ (မူကြမ်း)တွင် လျာထားဖော်ပြထားသော ငွေလုံးငွေရင်းသုံးငွေများနှင့်ပတ်သက်၍ အခြေခံအဆောက်အဦများ ဆောက်လုပ်ရေးလုပ်ငန်းအတွက် ကျပ်သန်းပေါင်း (၇၆၀၀)ကျော်၊ ရာခိုင်နှုန်းအားဖြင့် (၉.၉၁)ရာခိုင်နှုန်းခန့်၊ ယာဉ်ဝယ်ယူရေးလုပ်ငန်း အတွက် ကျပ်သန်းပေါင်း(၅၃၀)ကျော်၊ ရာခိုင်နှုန်းအားဖြင့် (၀.၆၉)ရာခိုင်နှုန်းခန့်၊ ရုံးသုံးစက်ကိရိယာဝယ်ယူရေးအတွက် ကျပ်သန်းပေါင်း(၄၀၀)ကျော်၊ ရာခိုင်နှုန်း အားဖြင့် (၀.၅၄)ရာခိုင်နှုန်းခန့်၊ ပရိဘောဂဝယ်ယူရေးအတွက် ကျပ်သန်းပေါင်း (၁၉၀)ကျော်၊ ရာခိုင်နှုန်းအားဖြင့် (၀.၂၅)ရာခိုင်နှုန်းခန့်၊ စီမံကိန်းလုပ်ငန်းများ လုပ်ကိုင်နိုင်ရေးအတွက် ကျပ်သန်းပေါင်း(၆၈၀၀၀)ကျော်၊ ရာခိုင်နှုန်းအားဖြင့် (၈၈.၄၅)ရာခိုင်နှုန်းခန့် တင်ပြတောင်းခံထားခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိရ ပါသည်။

၁၃။    ၂၀၁၆ ခုနှစ်၊ မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ(မူကြမ်း)တွင် လျာထားဖော်ပြထားသော ရငွေများနှင့်ပတ်သက်၍ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ပြုပြင်ပြီးခန့်မှန်းခြေ ငွေစာရင်းအောက် ကျပ်သန်းပေါင်း(၅၈၇၄.၉၂၉)လျော့နည်းနေပြီး မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား(၅)ပါ အခွန်အကောက်များကောက်ခံရာတွင် လည်းကောင်း၊ အခြားရငွေများကို စီမံစည်းကြပ်ရာတွင်လည်းကောင်း၊ သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်န်းများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြေညာချက်များ နှင့်အညီ စနစ်တကျကြီးကြပ်လမ်းညွှန်စစ်ဆေးမှုများ ပြုလုပ်သင့်ကြောင်းသုံးသပ်ရရှိပါသည်။

၁၄။    ၂၀၁၆ ခုနှစ်၊ မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ(မူကြမ်း)တွင် သုံစွဲရန်အဆိုပြုထားသော သာမန်သုံးငွေများနှင့်ပတ်သက်၍ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ပြုပြပြီး ခန့်မှန်းခြေငွေစာရင်းထက် ကျပ်သန်းပေါင်း(၁၃၃၄၄.၄၇၇)တိုးမြှင့်တောင်းခံရာတွင် ပြင်ဆင်ထိန်း သိမ်းစရိတ်အတွက် (၇၈၇၂)သန်းကျော် တိုးမြှင့်လျာထားခြင်းနှင့် ပစ္စည်းလုပ်အား ကုန်ကျစရိတ် များအတွက် (၁၀၄၈)သန်းကျော် တိုးမြှင့်တောင်းခံထားခြင်းဖြစ်ပြီး အဆမတန်များပြားနေသဖြင့် အမှန်တကယ်လိုအပ်သောပစ်စည်းများဖြစ်/မဖြစ်နှင့် ပြင်ဆင်ရန်လိုအပ်မှု ရှိ/မရှိတို့အပေါ် လေ့လာ ဆန်းစစ်၍ စိစစ်သုံးစွဲရန်လိုအပ်ကြောင်း သုံးသပ်ရရှိပါသည်။

၁၅။    ၂၀၁၆ ခုနှစ်၊ မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ(မူကြမ်း)တွင် လျာထားဖော်ပြထားသော ငွေလုံးငွေရင်းသုံးငွေများနှင့်ပတ်သက်၍ ဥပဒေ(မူကြမ်း)တွင် သုံးစွဲရန် တင်ပြတောင်းခံထားသော်လည်း ကြိုတင်ပြီးစီးနေသောလုပ်ငန်းများ ရှိ/မရှိ စနစ်တကျ ပြန်လည် စိစစ်သင့်ပါကြောင်းနှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်းဥပဒေ ပါတည်ဆောက်ရေးလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လုပ်ငန်းတစ်ခုချင်း စီအလိုက် စံချိန်စံညွှန်းပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်နိုင်ရေး အတွက် လုပ်ငန်းကြီးကြပ်စိစစ်ရေးအဖွဲ့များအား အချိန်နှင့်တပြေးညီ တိကျစွာလိုက်နာဆောင်ရွက် နိုင်ရေးအတွက် လမ်းညွှန်စစ်ဆေးမှုများ ပြုလုပ်သင့်ပါကြောင်း သုံးသပ်ရရှိပါသည်။

၁၆။    အနှစ်ချုပ်အားဖြင့် တင်ပြရလျှင် ၂၀၁၆ ခုနှစ်၊ မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ(မူကြမ်း)တွင် လျာထားဖော်ပြထားသော ရငွေသုံးငွေများအား အမှန်တကယ်လုပ်ငန်းဆောင်ရွက်ချိန်၌ အထက်အပိုဒ်များတွင် သုံးသပ်အကြံပြုထားသည့်အတိုင်း စနစ်တကျအသေးစိတ်စီမံဆောင်ရွက်သွားမည်ဆိုပါက တိုင်းဒေသကြီး၏ တစ်နှစ်တာအတွင်း ဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူပြုမည့် လျော်ကန်သင့်မြတ်သော ကိန်းဂဏန်းများဖြစ်ကြောင်း သုံးသပ်ရရှိပါသည်။

ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ သဘောထားမှတ်ချက်

၁၇။    မကွေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီသည် ၂၀၁၆ ခုနှစ်၊ မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ(မူကြမ်း)အပေါ် စိစစ်တွေ့ရှိချက်၊ လေ့လာသုံးသပ်တင်ပြချက်များကို တင်ပြခဲ့ပြီးဖြစ်ပါသည်။ ဆက်လက်ပြီး ဥပဒေပြုရေးဆိုင်ရာ ကော်မတီတွင်ပါရှိသည့် ကော်မတီအဖွဲ့ဝင်အသီးသီး၏ တူညီသောသဘောတူညီချက်ဖြင့် သဘောထား မှတ်ချက်ဖြင့် သဘောထားမှတ်ချက်များကို တင်ပြသွားမည်ဖြစ်ပါသည်။

၁၈။    ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ သဘောထားမှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါ သည် –

(က)    ၂၀၁၆ ခုနှစ်၊ မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ(မူကြမ်း)အား
မူအားဖြင့် သဘောတူပါသည်၊

( ခ )   ၂၀၁၆ ခုနှစ်၊ မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ(မူကြမ်း)၏ နောက်ဆက်တွဲဇယားများဖြင့် ဖော်ပြထားသော သာမန်သုံးငွေလျာထားချက် ကိန်းဂဏန်းများမှာ လိုအပ်သည်ထက် ပိုမိုများပြားနေပြီး စနစ်တကျချွေတာစိစစ် သုံးစွဲသွားမည်ဟု ယူဆပါသည်၊

( ဂ )   ဥပဒေမူကြမ်း၏ နောက်ဆက်တွဲဇယားများဖြင့် ဖော်ပြထားသော ငွေလုံးငွေရင်း သုံးငွေလျာထားချက် ကိန်းဂဧန်းများမှာ ဒေသဖွံ့ဖြိုးရေးအတွက် အထောက်အကူ ပြုနိုင်သော နီးစပ်မှန်ကန်သင့်လျော်သည့် ကိန်းဂဏန်းများဖြစ်သည်ဟု ယူဆပါသည်၊

(ဃ)    ၂၀၁၆ ခုနှစ်၊ မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ(မူကြမ်း)၏ နောက်ဆက်တွဲဇယားများဖြင့် ဖော်ပြထားသော ရငွေများနှင့်ပတ်သက်၍ အထက် ဖော်ပြပါ ကော်မတီ၏ အကြံပြုသုံးသပ်ချက်များနှင့်အညီ လေးစားလိုက်နာ ဆောင်ရွက်သွားမည်ဟုလည်း ယူဆပါသည်၊

( င )   ၂၀၁၆ ခုနှစ်၊ မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ(မူကြမ်း) နောက်ဆက်တွဲဇားများဖြင့် ဖော်ပြထားသော ဗဟိုအဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ ဦးစီးဌာနများနှင့် စည်ပင်သာယာရေးအဖွဲ့များအနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်းဥပဒေပါ ဒေသန္တရစီမံကိန်းများကို  ၂၀၁၆-၂၀၁၇ ခုနှစ် ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၆ ခုနှစ်၊ မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကို လွှတ်တော်၏ အတည်ပြုချက်လိုအပ်သောကြောင့် ဥပဒေနှင့်အညီ တင်သွင်းခြင်းဖြစ်ကြောင်း သိရှိရပါသည်၊

( စ )   ၂၀၁၆ ခုနှစ်၊ မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ(မူကြမ်း) အား တိုင်းဒေသကြီးလွှတ်တော်မှ အတည်ပြုပေးပါရန် ထောက်ခံအပ်ပါသည်။

၁၉။    သို့ဖြစ်ပါ၍ တိုင်းဒေသကြီးလွှတ်တော်တွင် ၂၀၁၆ ခုနှစ်၊ မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ(မူကြမ်း)အား စိစစ်ဆွေးနွေးအတည်ပြုပေးပါရန် ဥပဒေပြုရေး ဆိုင်ရာကော်မတီ၏ အစီရင်ခံစာကို တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် လွှတ်တော်သို့ တင်သွင်းအပ်ပါသည်။

 

 

 

                                                                                                   ဥက္ကဋ္ဌ

                                                                                    ဥပဒေပြုရေးဆိုင်ရာကော်မတီ

                                                                                  မကွေးတိုင်းဒေသကြီးလွှတ်တော်

                                                                                                 မကွေးမြို့