
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၈) ကျင်းပပြုလုပ်
ဆောင်ရွက်ချက်များဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၈)ကို (၁၆.၁၁.၂၀၁၈) ရက်နေ့၊ နံနက် (၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပပြု လုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးတာ၊ ဒုတိယဥက္ကဋ္ဌဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ပါ သည်။ အစည်းအဝေးတွင် ကတိသစ္စာမပြုရသေးသော လွှတ်တော်ကိုယ်စားလှယ်မှ ကတိသစ္စာပြုပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးပါသည်။ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၃)ဦး တက်ရောက်၍(၉၂.၆၅) ရာခိုင်နှုန်းတက်ရောက်သဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့်စတင်ကျင်းပကြောင်း ကြေညာပါသည်။
အစည်းအဝေးတွင် ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့ (၁၂-၁၀-၂၀၁၈)ရက်နေ့တွင် မကွေးတိုင်းဒေသကြီးလွှတ်တော်မှ အတည်ပြုပြီးဖြစ်သည့် ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြင်ဆင်သည့်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်မှ ရှင်းလင်းပြောကြားပြီး အဆိုပါ ရှင်းလင်းတင်ပြခဲ့မှုအား လွှတ်တော်တွင် မှတ်တမ်းတင်ထားရှိမည် ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြင်ဆင်သည့်ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်းက လွှတ်တော်သို့တင်သွင်းခဲ့ရာ အဆိုပါ ပြင်ဆင်သည့်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေပြုရေးဆိုင်ရာ ကော်မတီ၏ သဘောထားမှတ်ချက်အစီရင်ခံစာကို ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် မြို့သစ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဇော်မျိုးဝင်းက ဖတ်ကြားတင်သွင်းခဲ့ပြီး အစည်းအဝေးကို မိနစ်(၃၀)ရပ်နားမည် ဖြစ်ကြောင်းနှင့်အစည်းအဝေးပြန်လည်ကျင်းပချိန်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆက်လက်ဆွေးနွေးမှာဖြစ်ပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက လွှတ်တော်ရုံးဒုတိယညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းတင်သွင်းရန်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဆက်လက်၍ အစည်းအဝေးပြန်လည်ကျင်းပခဲ့ရာ အဆိုပါ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြင်ဆင်သည့် ဥပဒေကြမ်းအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် စလင်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဦးသက်ခိုင်နှင့် ရေနံချောင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးတင့်လွင်တို့(၂)ဦးတို့က အကြံပြုရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေး ဝန်ကြီး ဦးဇော်မင်းက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး လွှတ်တော်၏သဘောထား အတည်ပြုချက်ရယူခဲ့ရာ လွှတ်တော်ကသဘောတူသည့်အတွက် အတည်ပြုကြောင်းနှင့် မကွေးတိုင်းဒေသကြီးလွှတ်တော်မှ အတည်ပြုပြီးဖြစ်သော ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြင်ဆင်သည့်ဥပဒေကြမ်းအား လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်သည့်အတိုင်း လွှတ်တော်က အတည်ပြုကြောင်းနှင့် ဥပဒေပြုရေး ဆိုင်ရာကော်မတီ၏ သဘောထားမှတ်ချက် အစီရင်ခံစာကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပေးပို့သွားမည်ဖြစ်ပြီး လွှတ်တော်တွင် မှတ်တမ်းတင်ထားရှိမည်ဖြစ်ကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်(၂)ဦးတို့၏ ဆွေးနွေးချက်များကိုလည်း လွှတ်တော်တွင် မှတ်တမ်းတင်ထားရှိမည် ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပြီး အစည်းအဝေးကို (၁၁း၁၅)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။