
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန် အစည်းအဝေး ပဉ္စမနေ့ ကျင်းပပြုလုပ်
ဆောင်ရွက်ချက်များဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပဥ္စမနေ့ကို (၁၁.၁.၂၀၁၉) ရက်နေ့ နံနက် (၁၀ဝဝ)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပ ပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးတာ၊ ဒုတိယဥက္ကဋ္ဌဦးဇော်မျိုးဝင်း၊ မကွေးတိုင်းဒေသကြီးဥပဒေချုပ် ဦးဆန်းလင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ပါသည်။ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၆၈)ဦး ရှိသည့်အနက်(၆၃)ဦးတက်ရောက်၍
(၉၁.၆၅)ရာခိုင်နှုန်းတက်ရောက်သဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း
ကြေညာပါသည်။
လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၁၀)ခုကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၈)ဦးက မေးမြန်းခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး(၃)ဦးနှင့် မကွေးတိုင်းဒေသကြီးဥပဒေချုပ်တို့မှ ပြန်လည်ဖြေကြားခဲ့ပါသည်။
ဆက်လက်ပြီး အစည်းအဝေး ပထမနေ့တွင် မင်းတုန်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဦးအေးလှိုင်ဦး က မကွေးတိုင်းဒေသကြီးအတွင်း မော်တော်ဆိုင်ကယ်များ စီးနင်းကြရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မကွေးတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၏ ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းစီမံချက်ပါ သတ်မှတ်ထားသည့် အမိန့် ညွှန်ကြားချက်များ၊ စည်းကမ်းသတ်မှတ်ချက်များအတိုင်း လိုက်နာစေရန် တာဝန်ရှိသူအဆင့်ဆင့်မှ အရှိန်အဟုန်မြှင့်၍ ကြပ်မတ်ဆောင်ရွက်ပေးရေး တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း အဆိုနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁၂)ဦးတို့မှ အမည်စာရင်းတင်သွင်းခဲ့ကြပြီး ဆွေးနွေးရန်ကျန်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်(၈)ဦးအနက် (၆)ဦးမှ အတည်ပြုပေးပါရန် ထောက်ခံဆွေးနွေးခဲ့ကာ ဆွေးနွေးရန်ကျန်ရှိသည့် ကိုယ်စားလှယ်(၂)ဦးတို့မှာ (၁၄.၁.၂၀၁၉)ရက်နေ့ (ဆဋ္ဌမနေ့)လွှတ်တော်အစည်းအဝေးတွင် ဆက်လက်ဆွေးနွေးရန်နှင့် ယင်းအဆိုအား အတည်ပြု/မပြု ဆွေးနွေးဆုံးဖြတ်သွားမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို
(၁၁၅၀)နာရီ အချိန်တွင် ရပ်နားကြောင်းနှင့် ဆဋ္ဌမနေ့ အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့ (တနင်္လာနေ့) နံနက် (၁၀ဝဝ)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။