ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်၊ စတုတ္ထပုံမှန်အစည်းအဝေးသို့ တင်သွင်းသည့် မကွေးတိုင်းဒေသကြီး ပုဂ္ဂလိကပိုင်ရေယာဉ်များ စနစ်တကျပြေးဆွဲရေးဆိုင်ရာ နည်းဥပဒေအပေါ် ပြင်ဆင်ချက်အဆိုနှင့် စပ်လျဉ်းသည့် မကွေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာ ကော်မတီ၏ စိစစ်လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ

ဒုတိယအကြိမ်အစီရင်ခံစာများ

ရက်စွဲ၊ ၂၀၁၇ ခုနှစ်၊ ဖေဖေါ်ဝါရီလ       ရက်

နိဒါန်း

၁။      ၂၀၁၇ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၁)ရက်နေ့တွင် ကျင်းပသော ဒုတိယအကြိမ်မကွေးတိုင်း ဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (ဒုတိယနေ့)၌ မကွေးတိုင်းဒေသကြီး ပုဂ္ဂလိကပိုင်
ရေယာဉ်များစနစ်တကျပြေးဆွဲရေးဆိုင်ရာ နည်းဥပဒေပြင်ဆင်ချက်အဆိုကို ရေစကြိုမဲဆန္ဒနယ်
အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းဟန်က တိုင်းဒေသကြီးလွှတ်တော်သို့
တင်သွင်းခဲ့ပါသည်။

၂။      ဤပြင်ဆင်ချက်အဆိုကို ၂၀၁၃ခုနှစ် မကွေးတိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာ နည်းဥပဒေ
၁၅၈နှင့်အညီ တင်သွင်းခြင်းဖြစ်ပြီး၊ မကွေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာ ကော်မတီသည် မကွေးတိုင်းဒေသကြီးပုဂ္ဂလိကပိုင်ရေယာဉ်များစနစ်တကျ ပြေးဆွဲရေးဆိုင်ရာ နည်းဥပဒေပြင်ဆင်ချက်အဆိုအပေါ်တွင် စိစစ်တွေ့ရှိချက်၊ လေ့လာသုံးသပ်ချက်နှင့် သဘောထား
မှတ်ချက်တို့ကို ၂၀၁၃ ခုနှစ် မကွေးတိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၅၉နှင့်အညီ
တင်သွင်းသွားမည်ဖြစ်ပါသည်။

ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ စိစစ်တွေ့ရှိချက်

၃။      မကွေးတိုင်းဒေသကြီး ပုဂ္ဂလိကပိုင်ရေယာဉ်များ စနစ်တကျပြေးဆွဲရေးဆိုင်ရာနည်းဥပဒေ ပြင်ဆင်ချက်အဆိုတွင် နည်းဥပဒေ ၂၅(စ) နောက်၌ နည်းဥပဒေ ၂၅ (ဆ)အဖြစ် “() တိုင်းဒေသကြီး စာရင်းစစ်ချုပ်မှ တာဝန်ပေးအပ်သော စာရင်းစစ်အဖွဲ့၏ စစ်ဆေးခြင်းခံရမည်။”ဟု
ပြင်ဆင်ဖြည့်စွက်သင့်ကြောင်း ဖေါ်ပြထားသည်ကို လေ့လာတွေ့ရှိရပါသည်။

ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ လေ့လာသုံးသပ်ချက်

၄။      မကွေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီသည် မကွေးတိုင်းဒေသကြီး ပုဂ္ဂလိကပိုင်ရေယာဉ်များစနစ်တကျပြေးဆွဲရေးဆိုင်ရာ နည်းဥပဒေပြင်ဆင်ချက်အဆိုတွင်ပါရှိသည့်
ပြင်ဆင်ဖြည့်စွက်ချက်နှင့် နည်းဥပဒေ(မူကြမ်း)တို့ကို အသေးစိတ်နှိုင်းယှဉ် လေ့လာစိစစ်ခဲ့ပါသည်။
နည်းဥပဒေမူကြမ်းတွင် အခန်း(၁၂)ခန်းပါရှိပြီး၊ အခန်း(၁၀)၊ ဘဏ္ဍာရေးအခန်း၊ နည်းဥပဒေ(၂၅)
တွင် နည်းဥပဒေ၂၅ (က)မှ (စ)အထိ ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များကို ဖေါ်ပြထားသော်လည်း
ဘဏ္ဍာရေးတွင် အဓိကအရေးပါသည့် “စာရင်းစစ်ခံယူခြင်း”အပိုင်းကိုမူ ဖေါ်ပြပြဌာန်းထားခြင်း
မရှိကြောင်းကိုလည်းစိစစ်တွေ့ရှိရပါသည်။

၅။      မကွေးတိုင်းဒေသကြီး ပုဂ္ဂလိကပိုင်ရေယာဉ်များစနစ်တကျပြေးဆွဲရေးဆိုင်ရာ နည်းဥပဒေ ပြင်ဆင်ချက်အဆိုသည် မူလနည်းဥပဒေတွင် ဖေါ်ပြပြဌာန်းထားခြင်းမရှိသော ဘဏ္ဍာရေးအခန်း တွင်မဖြစ်မနေထည့်သွင်းသင့်သည့်“စာရင်းစစ်ခံယူခြင်းအပိုင်းကိုသာဖြည့်စွက်ပြင်ဆင်ထားသည်ကို လေ့လာတွေ့ရှိရပါသည်။

ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ သဘောထားမှတ်ချက်

၆။      မကွေးတိုင်းဒေသကြီးလွှတ်တော်ဥပဒေပြုရေးဆိုင်ရာကော်မတီ အဖွဲ့ဝင်များသည် မကွေးတိုင်းဒေသကြီး ပုဂ္ဂလိကပိုင်ရေယာဉ်များစနစ်တကျပြေးဆွဲရေးဆိုင်ရာ နည်းဥပဒပြင်ဆင်ချက် အဆိုအပေါ် သဘောထားကွဲလွဲချက်များမရှိဘဲ ကော်မတီ၏ သဘောထားမှတ်ချက်များကို အောက်ပါအတိုင်း
တင်ပြအပ်ပါသည်-

(က)    မကွေးတိုင်းဒေသကြီး ပုဂ္ဂလိကပိုင်ရေယာဉ်များ စနစ်တကျပြေးဆွဲရေးဆိုင်ရာနည်းဥပဒေ ပြင်ဆင်           ချက်အဆိုကို သဘောတူပါသည်။

(ခ)     မကွေးတိုင်းဒေသကြီး ပုဂ္ဂလိကပိုင်ရေယာဉ်များ စနစ်တကျပြေးဆွဲရေးဆိုင်ရာ
နည်းဥပဒပြင်ဆင်ချက်အဆိုကို မကွေးတိုင်းဒေသကြီးလွှတ်တော်မှ အတည်ပြုပေးပါ
ရန် ထောက်ခံအပ်ပါသည်။

နိဂုံး

၇။      သို့ဖြစ်ပါ၍ မကွေးတိုင်းဒေသကြီးလွှတ်တော်တွင် မကွေးတိုင်းဒေသကြီးပုဂ္ဂလိကပိုင်ရေယာဉ် များ စနစ်တကျပြေးဆွဲရေးဆိုင်ရာ နည်းဥပဒေပြင်ဆင်ချက်အဆိုအား စိစစ်ဆွေးနွေးအတည်ပြု
ပေးနိုင်ပါရန် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ အစီရင်ခံစာကို တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌမှ တဆင့် လွှတ်တော်သို့တင်သွင်းအပ်ပါသည်။

 

 

 

 

 

                                                                                                      ဥက္ကဋ္ဌ

                                                                                        ဥပဒေပြုရေးဆိုင်ရာကော်မတီ

                                                                                      မကွေးတိုင်းဒေသကြီးလွှတ်တော်