ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၃)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနား ကျင်းပပြုလုပ်

ဆောင်ရွက်ချက်များ

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၃)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ(၈)ရက်နေ့၊ နံနက်(၁၀၃၀) နာရီအချိန် မကွေးမြို့၊ မြို့တော်ခန်းမတွင် အခမ်းအနားအစီအစဉ် (၆)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားအမှူးအဖြစ် မကွေးတိုင်းဒေသကြီး လွှတ်တော်ရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အိဇင်ဖြိုးနှင့် တွဲဖက်အခမ်းအနားမှူးအဖြစ် ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းအေး တို့မှ တာဝန်ယူဆောင်ရွက်ခဲ့ကြပါသည်။
အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးစိန်ထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဆန်းလင်း၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ် ဦးလှသန်း၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ရီမြင့် နှင့် တိုင်းဒေသကြီးလွှတ်တော်ရုံး အရာထမ်း၊ အမှုထမ်း ဝန်ထမ်းများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ လွှတ်တော်ဥက္ကဋ္ဌဦးတာတို့မှ နှစ်ပတ်လည်နေ့ ဂုဏ်ပြုအမှာစကားများပြောကြားပြီး၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းမှ ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၃)နှစ်တာကာလအတွင်း လွှတ်တော်၏ လုပ်ငန်းဆောင်ရွက်ချက်များကို Power Point ဖြင့် ရှင်းလင်းခဲ့ပြီးနောက် (၃)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကာ နေ့လည်စာဖြင့် ဧည့်ခံခဲ့ပါသည်။