
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ ဆက်လက်ကျင်းပပြုလုပ်
ဆောင်ရွက်ချက်များဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို (၅.၄.၂၀၁၉) ရက်နေ့ နံနက် (၁၀ဝဝ)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပ ပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးတာ၊ ဒုတိယဥက္ကဋ္ဌဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်ဦးလှသန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ပါသည်။ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၆၈)ဦး ရှိသည့်အနက် (၆၄)ဦးတက်ရောက်၍ (၉၄.၁၂) ရာခိုင်နှုန်းရှိသဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၈)ခုကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၈)ဦးက မေးမြန်းခဲ့ပြီး ဝန်ကြီး(၃)ဦးတို့မှ ပြန်လည်ဖြေကြားခဲ့ပါသည်။
ဆက်လက်ပြီး အစည်းအဝေး ဒုတိယနေ့တွင် တိုင်းဒေသကြီးစာရင်းစစ်ချုပ် ဦးလှသန်းမှ ဖတ်ကြားတင်သွင်းခဲ့သော မကွေးတိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး၏ ၂၀၁၈ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့မှ စက်တင်ဘာလ (၃၀)ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်ချက်နှင့် စစ်ဆေးတွေ့ရှိချက်များ အစီရင်ခံစာနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၂)ဦးတို့မှ အကြံပြု ဆွေးနွေးခဲ့ကြပါသည်။
အစီရင်ခံစာနှင့်စပ်လျဉ်းပြီး အကြံပြုဆွေးနွေးချက်များအပေါ် တိုင်းဒေသကြီးစာရင်းစစ်ချုပ်မှ ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် မကွေးတိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး၏ ၂၀၁၈ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့မှ စက်တင်ဘာလ (၃၀)ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်ချက်နှင့် စစ်ဆေးတွေ့ရှိချက်များ အစီရင်ခံစာနှင့် လွှတ်တော်ကိုယ်စားလှယ်(၂)ဦးတို့၏ ဆွေးနွေးချက်များကို လွှတ်တော်တွင် မှတ်တမ်းတင်ထားရှိမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့ပါသည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးလွှတ်တော်၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှုကော်မတီ၏ ကွင်းဆင်းလေ့လာဆောင်ရွက်မှု အစီရင်ခံစာကို ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ကံမမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဇော်ဝင်းက လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ပြီး၊ ယင်းအစီရင်ခံစာအား လွှတ်တော်တွင် မှတ်တမ်းတင် ထားရှိမည် ဖြစ်ကြောင်းနှင့် ဆက်လက်ဆောင်ရွက်နိုင်ရန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပေးပို့သွားမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို
(၁၁၅၀)နာရီအချိန်တွင် ရပ်နားကြောင်းနှင့် ဆဋ္ဌမနေ့ အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့ (တနင်္လာနေ့) နံနက် (၁၀ဝဝ)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။