ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၂/၂၀၁၆)သို့ တင်သွင်းသည့် မကွေးတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေစာရင်းတွင် ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေငွေစာရင်းများအပေါ်တွင် တိုင်းဒေသကြီးလွှတ်တော်ပြည်သူ့ ငွေစာရင်းကော်မတီ၏ လေ့လာတွေ့ရှိချက်အစီရင်ခံစာ

ဒုတိယအကြိမ်အစီရင်ခံစာများ

ရက်စွဲ၊ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ(၂၀)ရက်

နိဒါန်း

၁။       ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၁၉)ရက်နေ့တွင် ကျင်းပသော မကွေးတိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေး(၂/၂၀၁၆)၌ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေ ငွေစာရင်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား  စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စည်ပင် သာယာရေးဝန်ကြီးဌာန၊ ဝန်ကြီးက တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းခဲ့ပါသည်။

၂။       ပြည်သူ့ငွေစာရင်းကော်မတီ၏တာဝန်များမှ တစ်ခုဖြစ်သော ဘဏ္ဍာရေးဝန်ကြီးဌာနက တင်ပြသော ငွေစာရင်းများကို တိုင်းဒေသကြီးလွှတ်တော်သို့ အစီရင်ခံတင်ပြပေးရန် တာဝန်ရှိသည် နှင့်အညီ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေငွေစာရင်းများကို တိုင်းဒေသကြီးလွှတ်တော် သို့ အစီရင်ခံတင်ပြအပ်ပါသည်။

စိစစ်လေ့လာတွေ့ရှိချက်

၃။       မကွေးတိုင်းဒေသကြီး၏ ၂၀၁၆-၂၀၁၇ ခုဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေငွေစာရင်း များ၊ ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများနှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေ ငွေစာရင်း များတွင် ဗဟိုအဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ ဦးစီးဌာနများနှင့် နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများ၏ ရငွေ၊ သုံးငွေစာရင်းများကိုအောက်ပါအတိုင်း စိစစ်တွေ့ရှိရ ပါသည်-

(က)    တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် သာမန်သုံးငွေ (၁၇၃၉၄.၁၇၇)သန်း၊ ရငွေ (၄၃၄၀.၀၉၂)သန်းဖြစ်ပြီးလိုငွေမှာ (၁၃၀၅၄.၀၈၅) သန်း ဖြစ်ပါသည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ထက် (၁၆၆၃.၈၆၈ )သန်းလျော့နည်းသုံးစွဲထား ပါသည်။ ငွေလုံးငွေရင်းသုံးငွေ (၃၂၁၈.၀၇၁)သန်းဖြစ်ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ထက် (၂၁၂၅.၉၇၈) သန်း လျော့နည်းသုံးစွဲထားပါသည်။

( ခ )    တိုင်းဒေသကြီးလွှတ်တော်မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် သာမန်သုံးငွေ (၅၆၇.၃၅၃)သန်း၊ ရငွေ(၀.၃၉၀)သန်းဖြစ်ပြီးလိုငွေမှာ (၅၆၆.၉၆၃)သန်းဖြစ်ပါသည်။  ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ထက် (၄၉.၄၉၄)သန်း ပိုမိုသုံးစွဲထားပါသည်။ ငွေလုံးငွေရင်း သုံးငွေ(၃၉၀၈.၈၀၀)သန်းဖြစ်ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ထက် (၂၅၃၀.၁၁၂)သန်း ပိုမိုသုံးစွဲထားပါသည်။

( ဂ )    တရားရုံးများမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် သာမန်သုံးငွေ (၅၄.၄၆၉)သန်း၊ ရငွေ (၉၈၆.၂၁၅)သန်းဖြစ်ကာပိုငွေ (၉၃၁.၇၄၆)သန်း ဖြစ်ပါသည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ထက် (၁)သန်းလျော့နည်း သုံးစွဲ ထားပါသည်။ ငွေလုံးငွေရင်း သုံးစွဲခြင်းမရှိ ကြောင်း တွေ့ရှိရပါသည်။

(ဃ)    ဥပဒေရုံးများမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် သာမန်သုံးငွေ (၅၈၃.၁၆၄)သန်း၊ ရငွေ (၀.၀၄၀)သန်းဖြစ်ပြီး လိုငွေမှာ (၅၈၃.၁၂၄)သန်း ဖြစ်ပါသည်။    ၂၀၁၆ -၂၀၁၇   ဘဏ္ဍာနှစ်ထက်   (၇၄.၁၄)သန်း   ပိုမိုသုံးစွဲ ထားပါသည်။ ငွေလုံးငွေရင်းသုံးငွေမှာ (၂၀၇.၀၀၀)သန်းဖြစ်ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ထက် (၄၈.၁၅)သန်းလျော့နည်း  သုံးစွဲထားပါသည်။

( င )    စာရင်းရုံးများမှ ၂၀၁၇ – ၂၀၁၈ဘဏ္ဍာနှစ်အတွက် သာမန်သုံးငွေ(၁၄၉၆.၁၁၄)သန်း၊ ရငွေ (၀.၂၈၁)သန်းဖြစ်ပြီးလိုငွေမှာ (၁၄၉၅.၈၃၃)သန်း ဖြစ်ပါသည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ထက် (၂၁၁.၄၄၅)သန်းပိုမိုသုံးစွဲ ထားပါသည်။ ငွေလုံးငွေရင်းသုံးငွေမှာ (၉၃.၇၇၀)သန်းဖြစ်ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ထက် (၂၉.၀၁)သန်းလျော့နည်း သုံးစွဲထားပါသည်။

( စ )    ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အတွက် သာမန်သုံးငွေ (၉၆၃၉.၇၉၇)သန်း၊ ရငွေ (၁၄၄၂.၇၃၂) သန်းဖြစ်ပြီးလိုငွေမှာ (၈၁၉၇.၀၆၅)သန်းဖြစ်ပါသည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာ နှစ်ထက် (၇၃၆.၄၅၂)သန်း လျော့နည်းသုံးစွဲထားပါသည်။ ငွေလုံးငွေရင်းသုံးငွေမှာ (၆၃၇.၅၇၁)သန်းဖြစ်ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ထက် (၁၆၀.၀၉၆)သန်းပိုမိုသုံးစွဲထားပါသည်။

(ဆ)     အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် သာမန်သုံးငွေ (၂၃၂.၇၂၉)သန်း၊ ရငွေ (၀.၀၃၀)သန်းဖြစ်ပြီးလိုငွေမှာ (၂၃၂.၆၉၉)သန်းဖြစ်ပါသည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ထက် (၂.၂၁၃)သန်း လျော့နည်းသုံးစွဲထားပါသည်။ ငွေလုံးငွေရင်းသုံးငွေမှာ (၄၀.၅၅၀)သန်း ဖြစ်ပြီး၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ်ထက် (၂၂.၃၀၅)သန်းပိုမိုသုံးစွဲ ထားပါသည်။

( ဇ )    မီးသတ်ဦးစီးဌာနမှ ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာနှစ်အတွက် သာမန်သုံးငွေ (၂၅၅၈.၇၀၈) သန်း၊ ရငွေ (၃၀.၃၀၀)သန်းဖြစ်ပြီးလိုငွေမှာ (၂၅၂၈.၄၀၈) သန်းဖြစ်ပါသည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ထက် (၄၃၂.၉၄၅)သန်းပိုမိုသုံးစွဲ ထားပါသည်။ ငွေလုံးငွေရင်း သုံးငွေမှာ (၂၁၄၈.၀၂၅)သန်းဖြစ်ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ထက် (၅၉၂.၉၄၅)သန်း လျော့နည်း သုံးစွဲထားပါသည်။

(ဈ)     စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် သာမန်သုံးငွေ (၃၈၈၇.၉၈၀) သန်း၊ ရငွေ (၂၅) သန်းဖြစ်ပြီး လိုငွေမှာ (၃၈၆၂.၃၈၀)သန်းဖြစ်ပါသည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ထက် (၆၁.၀၆၅)သန်း လျော့နည်းသုံးစွဲ ထားပါသည်။ ငွေလုံးငွေရင်းသုံးငွေမှာ (၃၁၂.၆၀၀) သန်းဖြစ်ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ထက် (၃၁၃.၆၂၂)သန်း လျော့နည်းသုံးစွဲ ထားပါသည်။

(ည)    ငါးလုပ်ငန်းဦးစီးဌာနမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် သာမန်သုံးငွေ (၁၄၂.၀၂၅) သန်း၊ ရငွေ (၁၀၂.၂၂၀)သန်းဖြစ်ပြီးလိုငွေမှာ (၃၉.၈၀၅)သန်း ဖြစ်ပါသည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ထက် (၀.၅၇)သန်းလျော့နည်းသုံးစွဲ ထားပါသည်။ ငွေလုံးငွေရင်း သုံးငွေမှာ (၄.၈၅၀)သန်းဖြစ်ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ထက် (၈၀.၆၄၇)သန်း လျော့နည်းသုံးစွဲထားပါသည်။

( ဋ )    မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် သာမန်သုံးငွေ (၆၃၄.၁၁၅)သန်း၊ရငွေ(၉.၃၄၆)သန်းဖြစ်ပြီးလိုငွေမှာ(၆၂၄.၇၆၉)သန်းဖြစ်ပါသည်။၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ထက် (၆.၀၃၁)သန်း လျော့နည်းသုံးစွဲထားပါသည်။ ငွေလုံးငွေရင်းသုံးငွေမှာ (၁၁၈.၄၇၆)သန်း ဖြစ်ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ထက် (၈.၆၇၆)သန်းပိုမိုသုံးစွဲထားပါသည်။

( ဌ )    သမဝါယမဦးစီးဌာနမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် သာမန်သုံးငွေ (၁၂၂၆.၅၉၉) သန်း၊ ရငွေ (၁၃.၂၂၉)သန်းဖြစ်ပြီးလိုငွေမှာ (၁၂၁၃.၃၇၀) သန်း ဖြစ်ပါသည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ထက် (၄၀.၅၈၈)သန်း လျော့နည်းသုံးစွဲထားပါသည်။ ငွေလုံးငွေရင်း သုံးငွေမှာ (၁၅.၅၀၉)သန်း ဖြစ်ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ထက် (၈၅.၄၃၈)သန်း လျော့နည်းသုံးစွဲ ထားပါသည်။

( ဍ )    အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အတွက် သာမန်သုံးငွေ (၁၁၈.၉၇၃) သန်း၊ ရငွေ (၁.၃၃၅)သန်းဖြစ်ပြီး လိုငွေမှာ (၁၂၁၃.၃၇၀) သန်းဖြစ်ပါသည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ထက် (၂၃.၅၆၃)သန်းပိုမိုသုံးစွဲထား ပါသည်။ ငွေလုံးငွေရင်းသုံးငွေမှာ (၃၉.၄၃၃) သန်းဖြစ်ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ထက် (၂၆၇.၉၄၃)သန်း လျော့နည်း သုံးစွဲထားပါသည်။

( ဎ )    သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်အတွက် သာမန်သုံးငွေ(၂၁၆၀.၀၆၁)သန်း၊ ရငွေ (၁၃၃.၁၅၄) သန်းဖြစ်ပြီး လိုငွေမှာ(၂၀၂၆.၉၀၇)သန်း ဖြစ်ပါသည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ထက် (၁၈၉.၃၅၇)သန်းပိုမိုသုံးစွဲထားပါသည်။ ငွေလုံးငွေရင်းသုံးငွေမှာ (၃၀၆.၉၄၄)သန်း ဖြစ်ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ထက် (၁၆၉.၀၆၅)သန်း ပိုမိုသုံးစွဲထားပါသည်။

(ဏ)    အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာနမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် သာမန်သုံးငွေ(၁၆၃၀.၅၃၉)သန်း၊ ရငွေ(၀.၀၅၀)သန်းဖြစ်ပြီး လိုငွေမှာ(၁၆၃၀.၄၈၉) သန်းဖြစ်ပါသည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ထက် (၁၃၀.၃၀၉)သန်း ပိုမိုသုံးစွဲထား ပါသည်။ ငွေလုံးငွေရင်းသုံးငွေမှာ (၃၃၀.၇၇၀)သန်းဖြစ်ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ထက် (၆၄.၁၂)သန်း ပိုမိုသုံးစွဲထားပါသည်။

(တ)    ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် သာမန် သုံးငွေ(၁၁၄.၅၅၇)သန်းသုံးစွဲထားပြီးငွေလုံးငွေရင်းသုံးငွေမှာ (၂၁၁.၆၅၈)သန်းဖြစ် ပါသည်။

(ထ)    လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက်   သာမန်သုံးငွေ  (၀.၂၄၄)သန်း၊ ရငွေ(၆.၉၆၉)သန်းဖြစ်ပြီး လိုငွေမှာ (၆.၇၂၅) သန်းဖြစ်ပါသည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်နှင့် သုံးငွေအတူတူဖြစ် ပါသည်။ ငွေလုံးငွေရင်းသုံးငွေမှာ (၉၅၁၂.၆၀၅)သန်းဖြစ်ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ထက် (၄၅၁၁.၇၄၅)သန်း ပိုမိုသုံးစွဲထားပါသည်။

( ဒ )    ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီး ဌာနမှ ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်အတွက် သာမန်သုံးငွေ(၇၇၂.၇၀၆)သန်း၊ရငွေ(၂၄.၉၂၀)သန်းဖြစ်ပြီး လိုငွေမှာ (၇၄၇.၇၈၆) သန်းဖြစ်ပါသည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ထက် (၁၄၇.၅၅၁)သန်း ပိုမိုသုံးစွဲထားပါသည်။ ငွေလုံးငွေရင်းသုံးငွေမှာ (၁၂၃.၀၀၀)သန်း ဖြစ်ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ထက် (၁၃၉)သန်း လျော့နည်းသုံးစွဲထားပါသည်။

( ဓ )    စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းဦးစီးဌာနမှ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အတွက် သာမန်သုံးငွေ (၈၂၈.၄၃၆)သန်း၊ ရငွေ(၀.၃၀၀)သန်းဖြစ်ပြီးလိုငွေမှာ (၈၂၈.၁၃၆)သန်းဖြစ်ပါသည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ထက်(၁၂.၂၂၃)သန်း ပိုမို သုံးစွဲထားပါသည်။ ငွေလုံးငွေရင်းသုံးငွေမှာ (၄၉.၂၁၅)သန်းဖြစ်ပြီး ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်ထက် (၁၀၆.၇၈၅)သန်း လျော့နည်းသုံးစွဲထားပါသည်။

( န )    ဗဟိုစာရင်းအင်းဦးစီးဌာနမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် သာမန်သုံးငွေ (၃၆၃.၆၁၁)သန်းဖြစ်ပြီး လိုငွေမှာ(၃၆၃.၆၁၁) သန်းဖြစ်ပါသည်။ ငွေလုံးငွေရင်း သုံးငွေမှာ (၂၄.၁၆၀)သန်းဖြစ်ပါသည်။

( ပ )    ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် သာမန် သုံးငွေ (၇၉.၃၁၇) သန်းဖြစ်ပြီး လိုငွေမှာ (၇၉.၃၁၇) သန်းဖြစ်ပါသည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ထက် (၇.၉၃၅)သန်းပိုမိုသုံးစွဲထားပါသည်။ ငွေလုံး ငွေရင်းသုံးငွေမှာ (၁၆.၁၀၀) သန်းဖြစ်ပြီး ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်ထက် (၄.၄)သန်းလျော့နည်း သုံးစွဲထားပါသည်။

( ဖ )    ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် သာမန်သုံးငွေ(၂၇၃.၇၄၇)သန်း၊ ရငွေ(၄၃.၉၈၄) သန်းဖြစ်ပြီး လိုငွေမှာ(၂၂၉.၇၆၃)သန်းဖြစ်ပါသည်။၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ထက် (၈၉.၆၇၇)သန်း ပိုမိုသုံးစွဲထားပါသည်။ ငွေလုံးငွေရင်းသုံးငွေမှာ (၃၇၉၉.၂၆၀)သန်းဖြစ်ပြီး ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်ထက် (၁၆၄၆.၄၆) သန်း ပိုမိုသုံးစွဲထားသည်ကို တွေ့ရှိရပါသည်။

( ဗ )    လမ်းဦးစီးဌာနမှ ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်အတွက် သာမန်သုံးငွေ(၂၈၇၉၈.၃၄၀)သန်း၊ ရငွေ(၁၀၂.၄၈၉)သန်းဖြစ်ပြီးလိုငွေမှာ(၂၈၆၉၅.၈၅၁)သန်းဖြစ်ပါသည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ထက် (၁၂၇၂.၃၈၁)သန်း လျော့နည်းသုံးစွဲထားကြောင်း စိစစ်တွေ့ရှိ ရပါသည်။ ငွေလုံးငွေရင်းသုံးငွေမှာ(၅၁၁၂၈.၀၆၀)သန်းဖြစ်ပြီး ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်ထက် (၅၂၃၄.၅၆) သန်းလျော့နည်းသုံးစွဲထားပါသည်။

(ဘ)    စည်ပင်သာယာရေးအဖွဲ့များမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် သာမန်သုံးငွေ (၅၀၁၁.၁၈၁)သန်း၊ ရငွေ(၈၂၉၁.၃၇၄)သန်းဖြစ်ပြီးပိုငွေမှာ (၃၂၈၀.၁၉၃)သန်း ဖြစ်ပါသည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ထက် (၃၄၉.၉၃)သန်း ပိုမိုရရှိပါသည်။ ငွေလုံး ငွေရင်းသုံးငွေမှာ (၃၇၂၇.၂၃၁)သန်းဖြစ်ပြီး ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်ထက် (၁၈.၀၇၈)သန်း လျော့နည်းသုံးစွဲ ထားသည်ကို စိစစ်တွေ့ရှိရပါသည်။

၄။       မကွေးတိုင်းဒေသကြီး၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေငွေစာရင်း များတွင် အစိုးရအဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၊ စည်ပင်သာယာရေးအဖွဲ့များအနေဖြင့် ငွေလုံးငွေရင်းအသုံးစရိတ်များတောင်းခံခြင်းနှင့်ပတ်သက်ပြီး အောက်ပါအတိုင်း တွေ့ရှိရပါသည် –

(က)    မကွေးတိုင်းဒေသကြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနအနေဖြင့် ငွေလုံးငွေရင်းသုံးငွေ ကျပ်သန်းပေါင်း (၃၇၉၉.၂၆၀)သန်း တောင်းခံထားပြီး(၈)ခန်းတွဲ(၆)ထပ်ဝန်ထမ်းအိမ်ရာ (၄)လုံးအခြေခံအဆောက်အဦ နှင့် မြေရရှိရေး၊ ရုံးအတွက်စက်ကိရိယာများ၊ ပရိဘောဂများနှင့် ယာဉ်များအတွက် တင်ပြတောင်းခံထားပါသည်။ လမ်းဦးစီးဌာနအနေဖြင့် ငွေလုံးငွေရင်း သုံးငွေကျပ် သန်းပေါင်း(၅၁၁၂၈.၀၆၀)သန်း တောင်းခံထားပြီး လမ်း(၃၈)လမ်း၊ ဝန်ထမ်းအိမ်ရာ (၅) လုံး၊ အုတ်ရေကန် (၃)လုံး၊ ခြံစည်းရိုး (၂)ခု၊ မြေထိန်းနံရံ (၁)ခု၊ စတို (၁)လုံး၊ အလုပ်ရုံ (၁)လုံး၊ အုတ်နှင့်ရေပိုက်သွယ်လုပ်ငန်း (၂)ခု၊ ရှင်းလင်း ဆောင်(၁)ခု၊ ရုံးသုံးစက်ကိရိယာ ဝယ်ယူခြင်းနှင့် ရုံးသုံးပရိဘောဂများ၊ ယာဉ်များဝယ်ယူရေး အတွက် ပြင်ဆင်တောင်းခံထားခြင်း ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။

( ခ )    လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၏ ငွေလုံးငွေရင်းအသုံးစရိတ် ကျပ်သန်း ပေါင်း(၉၅၁၂.၆၀၅)သန်းတောင်းခံထားပြီး တိုးချဲ့ရင်းနှီးမြုပ်နှံမှုများ အပိုင်းတွင် ဆောက်လုပ်ရေးလုပ်ငန်း(၁၄)ခု၊ စက်ကိရိယာတန်ဆာပလာ ပစ္စည်းများဝယ်ယူခြင်း နှင့် တပ်ဆင်ခြင်းလုပ်ငန်းများ (၁၄၉)ခု၊ အစားထိုး ရင်းနှီးမြုပ်နှံမှုလုပ်ငန်းမှ ဆောက်လုပ်ရေးလုပ်ငန်း (၃)ခန်းတွဲဝန်ထမ်း အိမ်ရာ (၃)လုံး၊ အကြီးစားပြုပြင် စသည်တို့အတွက် တင်ပြ တောင်းခံ ထားခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။

( ဂ )    ပြည်ထဲရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ငွေလုံး ငွေရင်းကျပ်သန်းပေါင်း (၆၃၇.၅၇၁)သန်းသုံးစွဲရန် တင်ပြတောင်းခံ ထားခြင်းမှာ တိုးချဲ့ရင်းနှီးမြုပ်နှံမှုများ၊   ဆောက်လုပ်ရေးလုပ်ငန်း၊ ရုံးနှင့်နေအိမ်(၃)လုံး အစားထိုး ရင်းနှီးမြုပ်နှံမှုလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း(၁၃)ခု၊ ရုံးသုံးစက်ကိရိယာ၊ ပရိဘောဂ၊ ယာဉ်(၅)စီးဝယ်ယူရန်အတွက် တင်ပြတောင်းခံထားသည်ကို တွေ့ရှိရ ပါသည်။ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနအနေဖြင့် ရုံးသုံးစက်ကိရိယာ၊ ရုံးသုံး ယာဉ်(၁)စီးဝယ်ယူခြင်းလုပ်ငန်းများအတွက် တင်ပြတောင်းခံထားခြင်းဖြစ်ကြောင်း တွေ့ရှိရပသည်။ မီးသတ်ဦးစီးဌာနအနေဖြင့် တိုးချဲ့ရင်းနှီးမြုပ်နှံမှုလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း (၁၉)ခု၊ စက်ကိရိယာတန်ဆာပလာပစ္စည်း ဝယ်ယူခြင်းနှင့် တပ်ဆင်ခြင်း လုပ်ငန်းများ၊ ရုံးသုံးပရိဘောဂများ ဝယ်ယူခြင်းတို့အတွက် တင်ပြ တောင်းခံထားကြောင်း တွေ့ရှိရပါသည်။

(ဃ)    ဗဟိုအဖွဲ့အစည်း၊တိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်းသုံးငွေကျပ်သန်းပေါင်း (၃၂၁၈.၀၇၁)သန်းသုံးစွဲရန် တင်ပြတောင်းခံထားခြင်းမှာ ကမ်းပြိုကာကွယ်ရေး လုပ်ငန်း (၁၈)ခုဆောင်ရွက်ခြင်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး ဦးစီးဌာနမှ ယာဉ်နှင့်သိုလှောင်ရုံဆောက်လုပ်ခြင်း၊မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနခြံစည်းရိုးတိုးချဲ့ ဆောက်လုပ်ခြင်း၊ လုပ်ငန်းသုံးစက်ကိရိယာ ပရိဘောဂ ယာဉ်များ စသည်တို့အတွက် တင်ပြတောင်းခံထားခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိ ပါသည်။ တိုင်းဒေသကြီးလွှတ်တော်ငွေလုံးငွေရင်းသုံးငွေကျပ်သန်းပေါင်း(၃၉၀၈.၈၀၀)သန်း သုံးစွဲရန်တင်ပြတောင်းခံထားခြင်းမှာ လွှတ်တော်ရုံးဆောက်လုပ်ခြင်း၊ ဝန်ထမ်း အိမ်ရာဆောက်လုပ်ခြင်း၊ စက်ကိရိယာပရိဘောဂ ယာဉ်ဝယ်ယူခြင်းတို့အတွက် တင်ပြ တောင်းခံ ထားခြင်းဖြစ်ကြောင်းတွေ့ရှိရပါသည်။ ဥပဒေရုံးများငွေလုံးငွေရင်းသုံးငွေ ကျပ်သန်းပေါင်း (၂၀၇)သန်းသုံးစွဲရန် တင်ပြတောင်းခံထားခြင်း မှာလုပ်ငန်းစီမံကိန်း သစ်များ၊ ရုံးနှင့်ခြံစည်းရိုးလုပ်ငန်း(၆)ခုအတွက် တင်ပြတောင်းခံထားကြောင်း တွေ့ရှိရပါသည်။ စာရင်းရုံးများတွင် ငွေလုံးငွေရင်းသုံးငွေကျပ်သန်းပေါင်း (၉၃.၇၇၀) သန်း တင်ပြတောင်းခံထားခြင်းမှာ ဝန်ထမ်းအိမ်ရာ(၂)လုံး ဆောက်လုပ်ခြင်းနှင့် ရုံးသုံး စက်ကိရိယာပရိဘောဂဝယ်ယူခြင်းတို့အတွက် တင်ပြထားကြောင်း တွေ့ရှိ ရပါသည်။

( င )    သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာဝန်ကြီး ဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် ငွေလုံးငွေရင်းသုံးငွေကျပ်သန်း (၃၀၆.၉၄၄)သန်း တင်ပြ တောင်းခံထားခြင်းမှာ လုပ်ငန်းစီမံကိန်းသစ်များ၊ ဆောက်လုပ်မှုတွင် အဆောက်အဦ(၈)လုံး၊ ပျိုးဥယျဉ်(၁)သိန်းဆန့် (၁၀)လုံး ဆောက်လုပ်ရေး စက်ကိရိယာတန်ဆာ ပလာပစ္စည်းများဝယ်ယူခြင်းနှင့် တပ်ဆင်ခြင်းလုပ်ငန်းများ၊ တိုးချဲ့ရင်းနှီးမှုလုပ်ငန်းများတွင် လျှပ်စစ်မီး သွယ်တန်းခြင်းလုပ်ငန်း၊  ရုံးအတွက် စက်ကိရိယာပရိဘောဂ  ဝယ်ယူခြင်း၊ သစ်တောစိုက်ခင်း (၁၂၄၀)ဧကတို့အတွက် သုံးစွဲရန် တင်ပြတောင်းခံထား ခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။

( စ )    အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန ငွေလုံးငွေရင်းအသုံးစရိတ် ကျပ်သန်း ပေါင်း(၃၃၀.၇၇၀)သန်းမှာ ရေကန်ငယ်(၉)ကန်၊ မြေအောက်ရေတွင်း (၁)တွင်း၊ ဝန်ထမ်း အိမ်ရာ(၂)လုံးတို့ ဆောင်ရွက်ခြင်းနှင့် ကျေးရွာသုံး ထင်းစိုက်ခင်း (၂၃၃၈.၄၇) ဧက ဆောင်ရွက်ခြင်းတို့အတွက် တင်ပြ တောင်းခံထားခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။

(ဆ)     ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် ငွေလုံးငွေရင်းအသုံးစရိတ် (၂၁၁.၆၅၀)သန်းတောင်းခံထားပြီး ခရိုင်ရုံးအဆောက်အဦ(၁)လုံး ဆောက်လုပ်ခြင်း၊ ရုံးသုံးစက်ကိရိယာပရိဘောဂနှင့် ရုံးသုံးယာဉ်(၂)စီး ဝယ်ယူခြင်းတို့အတွက် တင်ပြတောင်းခံထားခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။

( ဇ )    စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် တိုးချဲ့ရင်းနှီး မြှုပ်နှံမှုလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း(၇)ခု၊ အစားထိုးရင်းနှီး မြှုပ်နှံမှုလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း(၂)ခု ဆောက်လုပ်ခြင်းနှင့် အခြားလုပ်ငန်း များ(၅)ခု ဆောင်ရွက်ခြင်းအတွက် တင်ပြတောင်းခံထားခြင်းဖြစ်ကြောင်း တွေ့ရှိရ ပါသည်။

( ဈ )   ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငွေလုံးငွေရင်းအသုံးစရိတ်(၄.၈၅၀)သန်း ဖြစ်ပြီး ရုံးသုံးစက်ကိရိယာနှင့် မော်တော်ဘုတ်(၂)စီး ဝယ်ယူခြင်းအတွက် တင်ပြတောင်းခံ ထားကြောင်း တွေ့ရှိရပါသည်။

(ည)    မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် ငွေလုံးငွေရင်းအသုံးစရိတ် (၁၁၈.၄၇၆) သန်းဖြစ်ပြီး တိုးချဲ့ရင်းနှီးမြှုပ်နှံမှု ဆောက်လုပ်ရေးလုပ်ငန်း (၃)ခု၊ အစားထိုးရင်းနှီး မြှုပ်နှံမှု ဆောက်လုပ်ရေးလုပ်ငန်း(၅)ခု ဆောင် ရွက်ခြင်းနှင့် ရုံးသုံးစက်ကိရိယာ၊ ရုံးသုံးယာဉ်(၂)စီး ဝယ်ယူခြင်းတို့ အတွက် တင်ပြတောင်းခံထားပါသည်။

( ဋ )    သမဝါယမဦးစီးဌာနအနေဖြင့် ငွေလုံးငွေရင်းအသုံးစရိတ် (၁၅.၅၀၉)သန်း ဖြစ်ပြီး လုပ်ငန်းစီမံကိန်းသစ်၊ ဆောက်လုပ်ရေးလုပ်ငန်း(၁)ခု ဆောင်ရွက် ခြင်းအတွက် ရင်းနှီးမြှုပ်နှံမှုများ (160 KVA) ထရန်စဖော်မာ(၁)လုံး နှင့် ရုံးသုံးပရိဘောဂ ဝယ်ယူခြင်းတို့အတွက် တင်ပြတောင်းခံထားကြောင်း တွေ့ရှိရပါသည်။

( ဌ )    အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနအနေဖြင့် ငွေလုံးငွေရင်းအသုံး စရိတ် (၃၉.၄၃၃)သန်းဖြစ်ပြီး စက်ကိရိယာတန်ဆာပလာ ဝယ်ယူတပ်ဆင် ခြင်းလုပ်ငန်း များ၊ ရုံးသုံးစက်ကိရိယာ ပရိဘောဂများ ဝယ်ယူခြင်းတို့အတွက် တင်ပြတောင်းခံ ထားပါသည်။

( ဍ )    အားကစားနှင့် ကာယပညာဦးစီးဌာနအနေဖြင့် ငွေလုံးငွေရင်းအသုံးစရိတ် (၁၂၃.၀၀၀) သန်းမှာ ခြံစည်းရိုးကာရံခြင်းလုပ်ငန်း(၅)ခု ဆောင်ရွက်ခြင်းအတွက် တင်ပြတောင်းခံထားပါသည်။

( ဎ )    စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန၊ စီမံကိန်း ရေးဆွဲရေး ဦးစီးဌာနအနေဖြင့် ငွေလုံးငွေရင်းအသုံးစရိတ် (၄၉.၂၁၅)သန်း ဖြစ်ပြီး ရုံးသုံး စက်ကိရိယာများနှင့် စစ်တမ်းကောက်ယူခြင်း လုပ်ငန်းတို့အတွက် တင်ပြတောင်းခံ ထားကြောင်း တွေ့ရှိရပါသည်။

(ဏ)    ဗဟိုစာရင်းအင်းအဖွဲ့အနေဖြင့် ငွေလုံးငွေရင်းအသုံးစရိတ် (၂၄.၁၆၀)သန်းမှာ ရုံးသုံး စက်ကိရိယာနှင့် ပရိဘောဂဝယ်ယူခြင်းတို့အတွက် တင်ပြ တောင်းခံထားကြောင်း တွေ့ရှိရပါသည်။

(တ)    ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနအနေဖြင့် ငွေလုံးငွေရင်းအသုံးစရိတ်(၁၆.၁၀၀)သန်း မှာလမ်းလုပ်ငန်း(၁)ခု၊ ကားဂိုဒေါင်(၃)လုံးဆောက်လုပ်ခြင်းနှင့် ရုံးသုံးစက်ကိရိယာ ဝယ်ယူခြင်းတို့အတွက် တင်ပြတောင်းခံထားကြောင်း တွေ့ရှိရပါသည်။

(ထ)    မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ငွေလုံးငွေရင်း အသုံးစရိတ် (၃၇၂၇.၂၃၁)သန်း ဖြစ်ပြီး ဆောင်ရွက်ဆဲလုပ်ငန်း စီမံကိန်းမှ လုပ်ငန်း(၄၀)ခု၊ ဖြည့်စွက်စီမံကိန်းလုပ်ငန်း(၁၃၁)ခု၊ လုပ်ငန်းစီမံကိန်းသစ် (၂၅၄)ခု၊ တိုးချဲ့ရင်းနှီးမြှုပ် နှံမှုလုပ်ငန်း(၁၀၆)ခု ဆောင်ရွက်ခြင်းနှင့် ရုံးသုံးစက်ကိရိယာ ဝယ်ယူခြင်းတို့အတွက် တင်ပြတောင်းခံထားကြောင်း တွေ့ရှိရပါသည်။

၂၀၁၇၂၀၁၈ ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီး၏ မူလခန့်မှန်းခြေငွေစာရင်း လျာထားချက် အပေါ်အကြံပြုချက်များ

၅။       မကွေးတိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီအနေဖြင့် အောက်ပါ အတိုင်း အကြံပြုတင်ပြအပ်ပါသည် –

(က)    ပြည်သူ့ငွေစာရင်း ကော်မတီအနေဖြင့် မကွေးတိုင်းဒေသကြီးအစိုးရ၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များဖြစ်သော ပြည်သူတို့၏ လိုအပ်ချက်နှင့်အညီ ပြည်သူဗဟိုပြုဖွံ့ဖြိုးမှု (People Centre Development) ရရှိစေရန် စီးပွားရေးမူဝါဒ(၄)ရပ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍကို ပိုမိုဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်ပြီး ခေတ်မီစက်မှုနိုင်ငံထူထောင်ရေးနှင့် ကဏ္ဍစုံ၊ ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အချိုးကျမျှတစွာဖွံ့ဖြိုးတိုးတက်ရေး၊ စာရင်းဇယားကိန်းဂဏန်းများတိကျမှန်ကန်ရေး၊ ဆင်းရဲချမ်းသာကွာဟမှု လျော့နည်းကျဆင်းရေး၊ ပြည်သူတို့၏ လူနေမှုဘဝမြင့်မား တိုးတက်ရေး၊ သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ဖြစ်ပေါ်ရေးစသည့် မကွေးတိုင်းဒေသကြီးအစိုးရ၏ မူဝါဒများနှင့်အညီ အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ်ပါသည်။

( ခ )    စီမံကိန်းများရေးဆွဲအကောင်အထည်ဖော်ရာတွင် မြို့နယ်၊ ခရိုင်၊ တိုင်း အဆင့်ဆင့်မှ မြေပြင်တွင် အမှန်တကယ်လိုအပ်သည့် စီမံကိန်းမျိုးဖြစ်ရန် လိုအပ်ပါသည်။

( ဂ )    စီမံကိန်းများကို အဆင့်ဆင့်ရေးဆွဲရာတွင် ပြည့်စုံကောင်းမွန်သော စီမံကိန်းများရေး ဆွဲနိုင်ရန် ဒေသခံပြည်သူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာန ဆိုင်ရာအဖွဲ့ အစည်းများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးဆွဲရန် လိုအပ်ပါသည်။

(ဃ)    စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်သူ့ဘဏ္ဍာငွေအား အလေအလွင့်မရှိအောင် တာဝန်ရှိသူအဆင့်ဆင့်မှ တာဝန်ယူကြပ်မတ် ဆောင်ရွက် သွားကြရန် လိုအပ်ပါသည်။

( င )    ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီး၏ မူလခန့်မှန်းခြေ ငွေစာရင်း လျာထားချက်အပေါ် ကောင်းမွန်ပြည့်စုံစွာ စိစစ်လေ့လာနိုင်ရန်အတွက် လုံလောက် သော အချိန်အတိုင်းအတာရရှိရန် လိုအပ်ကြောင်း အကြံပြုတင်ပြအပ်ပါသည်။

( စ )    လမ်းဦးစီးဌာန၏ သုံးစွဲငွေမှာ တစ်တိုင်းလုံး၏ ထက်ဝက်ကျော်ရှိနေပါသဖြင့် အထူး စိစစ်သုံးစွဲပါရန် အကြံပြုအပ်ပါသည်။

(ဆ)     ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီး၏ မူလခန့်မှန်းခြေ ငွေစာရင်း များတွင် ၈၅ % လူထုရှိသော ကျေးလက်ဒေသဖွံ့ဖြိုးရေး အစီအစဉ်များမပါရှိပါသဖြင့် အထူးပြုစဉ်းစားသင့်ပါသည်။

( ဇ )    မြစ်ချောင်းဖြိုးဌာနအတွက် သုံးစွဲငွေ ၂.၈ ဘီလျံ ကျပ်သန်းပေါင်း(၂၈၀၀)ကျော် သုံးစွဲထားမှုအပေါ်     လွှတ်တော်ကိုယ်စားလှယ်များ      မလိုလားမှုများပြားကြောင်းသတိပြုဆောင်ရွက်ရန်လိုအပ်ပါသည်။

ပြည်သူ့ငွေစာရင်းကော်မတီ၏ သဘောထားမှတ်ချက်

၆။       မကွေးတိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီသည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီး၏ မူလခန့်မှန်းခြေငွေစာရင်းများအပေါ် စိစစ်တွေ့ရှိချက်၊ အကြံပြုချက်များကို တင်ပြခဲ့ပြီးဖြစ်ပါသည်။ ဆက်လက်ပြီး ပြည်သူ့ငွေစာရင်းကော်မတီ အဖွဲ့ဝင်အသီးသီး၏တူညီသော သဘောတူညီချက်ဖြင့် သဘောထားမှတ်ချက်များကိုတင်ပြသွားမည် ဖြစ်ပါသည်။ ပြည်သူ့ငွေစာရင်းကော်မတီ၏ သဘောထားမှတ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က)    ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီး၏ မူလခန့်မှန်းခြေ ငွေစာရင်း များအားမူအားဖြင့် သဘောတူပါသည်။

( ခ )    ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီး၏ မူလခန့်မှန်းခြေ ငွေစာရင်းများမှ သာမန်သုံးငွေလျာထားချက် ကိန်းဂဏန်းများမှာများပြား နေပြီး စနစ်တကျ ချွေတာစိစစ် သုံးစွဲသွားမည်ဟု ယူဆပါသည်။

( ဂ )    ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီး၏ မူလခန့်မှန်းခြေ ငွေစာရင်း များ၏ ငွေလုံးငွေရင်းသုံးငွေလျာထားချက်ကိန်းဂဏန်းများမှ ဌာနဆိုင်ရာအများစုမှာ ဒေသဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုနိုင်သော နီးစပ်သော ကိန်းဂဏန်းများ ဖြစ်သည်ဟု ယူဆပါသည်။

(ဃ)    ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီး၏ မူလခန့်မှန်းခြေ ငွေစာရင်း၏ ဖော်ပြထားသော ရငွေသုံးငွေများနှင့်ပတ်သက်၍ အထက်ဖော်ပြပါ ကော်မတီ၏ အကြံပြုသုံးသပ်ချက်များနှင့်အညီ လေးစားလိုက်နာဆောင်ရွက်သွားရန်လိုအပ်ပါသည်။

( င )    မကွေးတိုင်းဒေသကြီး၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီး၏ မူလခန့်မှန်းခြေငွေစာရင်းများတွင် ဇယားများဖြင့် ဖော်ပြထားသော ဗဟိုအဖွဲ့အစည်း များ၊ ဝန်ကြီးဌာနများ၊ ဦးစီးဌာနများနှင့် စည်ပင်သာယာရေးအဖွဲ့အစည်းများ အနေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်း များကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်းဆောင်ရွက်နိုင်ရန်အတွက် မကွေးတိုင်း ဒေသကြီး လွှတ်တော်၏ အတည်ပြုချက်လိုအပ်သောကြောင့် ဥပဒေနှင့်အညီ တင်သွင်းခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။

၇။       သို့ဖြစ်ပါ၍ တိုင်းဒေသကြီးလွှတ်တော်တွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် မကွေးတိုင်း ဒေသကြီး၏ မူလခန့်မှန်းခြေငွေစာရင်းများအား စိစစ်ဆွေးနွေးပေးနိုင်ပါရန် ပြည်သူ့ငွေစာရင်း ကော်မတီ၏ အစီရင်ခံစာကို တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌမှ တစ်ဆင့်လွှတ်တော်သို့ တင်သွင်းအပ်ပါသည်။

 

 

                                                                                        ဥက္ကဋ္ဌ

                                                                             ပြည်သူ့ငွေစာရင်းကော်မတီ

                                                                           မကွေးတိုင်းဒေသကြီးလွှတ်တော်