ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် “ (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကျင်းပရန် ခေါ်ယူခြင်း ”
အမိန့်ကြေညာချက်များပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး
ကြေညာချက်အမှတ် (၆/၂၀၁၉)
၁၃၈၁ ခုနှစ်၊ နတ်တော်လဆန်း (၁၄) ရက်
( ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက် )
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်
“ (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကျင်းပရန် ခေါ်ယူခြင်း ”
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၇၄ ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၂၈ နှင့် ၂၀၁၃ ခုနှစ်၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၃ ၊ နည်းဥပဒေခွဲ (က) ၊ နည်းဥပဒေခွဲငယ် (၁) တို့အရ ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို မကွေးမြို့၌ ၁၃၈၁ ခုနှစ်၊ ပြာသိုလဆန်း ၈ ရက် ( ၂၀၂၀-ပြည့်နှစ်၊ ဇန်နဝါရီလ ၂ ရက် ) ကြာသပတေးနေ့ ၊ နံနက် (၁၀း၀၀)နာရီ အချိန်တွင် စတင်ကျင်းပရန် ခေါ်ယူကြောင်း ကြေညာအပ်ပါသည်။
(ပုံ)ဦးတာ
ဥက္ကဌ
မကွေးတိုင်းဒေသကြီးလွှတ်တော်