
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ ကျင်းပပြုလုပ်
ဆောင်ရွက်ချက်များဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို (၉.၁.၂၀၂၀)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးစိန်ထွန်း၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ် ဦးလှသန်းနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၅)ဦး တက်ရောက်၍ (၉၅.၅၉)ရာခိုင်နှုန်းရှိသဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၁၀)ခုကို တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၉)ဦးတို့က မေးမြန်းခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး(၃)ဦးတို့က ပြန်လည် ဖြေကြားခဲ့ပါသည်။
ဆက်လက်၍ လွှတ်တော်အစည်းအဝေး (တတိယနေ့) တွင် တိုင်းဒေသကြီးတရားသူကြီးချုပ်မှ ဖတ်ကြားတင်သွင်းခဲ့သော မကွေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်ရုံး၏
၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာနှင့်စပ်လျဉ်း၍ သရက်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးအောင်က အကြံပြု ဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်က ပြန်လည်ရှင်းလင်း
ဆွေးနွေးခဲ့ကာ ယင်းလုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာနှင့် လွှတ်တော်ကိုယ်စားလှယ်(၁)ဦး၏ ဆွေးနွေးချက်များကို လွှတ်တော်တွင်မှတ်တမ်းတင်ထားရှိမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဆက်လက်၍ လွှတ်တော်အစည်းအဝေး (တတိယနေ့)တွင် တိုင်းဒေသကြီးစာရင်းစစ်ချုပ်မှ ဖတ်ကြားတင်သွင်းခဲ့သော မကွေးတိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာနှင့်စပ်လျဉ်း၍ သရက်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မိုးအောင်က အကြံပြုဆွေးနွေးခဲ့ပြီး၊ သက်ဆိုင်ရာ တိုင်းဒေသကြီး စာရင်းစစ်ချုပ်က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကာ မကွေးတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံး၏
၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာနှင့်စပ်လျဉ်း၍ မကွေးတိုင်း ဒေသကြီး လွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီမှ အစီရင်ခံစာ တင်သွင်းရန်ရှိပါသဖြင့် ကော်မတီ ၏ စိစစ်တွေ့ရှိချက်အစီရင်ခံစာအပေါ် တိုင်းဒေသကြီးစာရင်းစစ်ချုပ်မှ ပြန်လည်ရှင်းလင်းဆွေးနွေး ခြင်း၊ မှတ်တမ်းတင်ခြင်း အစီအစဉ်များအား (၁၀.၁.၂၀၂၀) (သောကြာနေ့) အစည်းအဝေး (ဆဋ္ဌမနေ့)တွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်း အဝေး ပဉ္စမနေ့ ကို(၁၁:၂၀)နာရီအချိန်တွင် ရပ်နားပြီးစီးကြောင်းနှင့် ဆဋ္ဌမနေ့ အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၁၀)ရက်နေ့ (သောကြာနေ့)နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆက်လက် ကျင်းပမည် ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။