ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပပြုလုပ်

ဆောင်ရွက်ချက်များ

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၃)ရက်နေ့ နံနက်(၀၈း၀၀)နာရီအချိန် မကွေးတိုင်း
ဒေသကြီးလွှတ်တော်ရုံး ဗိုလ်မင်းရောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညို၊ မကွေး တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးစိန်ထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဆန်းလင်း၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ် ဦးလှသန်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ ဖိတ်ကြား ထားသောဧည့်သည်တော်များ၊ တိုင်းဒေသကြီးလွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ဌေးဌေးခိုင်နှင့် လွှတ်တော်ရုံး အရာထမ်း၊ အမှုထမ်းဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် လွှတ်တော်ဥက္ကဋ္ဌ ဦးတာတို့မှ နှစ်ပတ် လည်နေ့ ဂုဏ်ပြုအမှာစကားများပြောကြားပြီး၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းမှ ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၄)နှစ်တာကာလအတွင်း လွှတ်တော်၏ လုပ်ငန်းဆောင်ရွက် ချက်များကို ရှင်းလင်းခဲ့ပြီးနောက် မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံးမှ ၂၀၂၀ ပြည့်နှစ်တွင် ပြည်သူ့ဝန်ထမ်းကောင်းဆုတံဆိပ်ရရှိသော ဦးခင်မောင်မြ (ဒုတိယဦးစီးမှူး)အား ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုမှလည်းကောင်း၊ ၂၀၁၉ ခုနှစ်အတွင်း ရှောင်တခင်ခွင့် (၁)ရက်မျှခံစားခဲ့ခြင်း မရှိသော ဦးရဲမင်းစိုး(ဒုတိယဦးစီးမှူး)၊ ဒေါ်ပြည့်ဖြိုးဝေ(အကြီးတန်းစာရေး)၊ ဦးကျော်စွာထွန်း (အငယ်တန်းစာရေး)တို့အား လွှတ်တော်ဥက္ကဋ္ဌဦးတာမှလည်းကောင်း၊ လုပ်ငန်း တာဝန်များကို ကြိုးစားဆောင်ရွက်ကြသောသန့်ရှင်းရေးဝန်ထမ်းများဖြစ်သည့်၊ဒေါ်ဖြူဖြူမြင့်ဝေနှင့် ဒေါ်ခင်သူဇာဖြိုး နှင့် ဒေါ်မြစန္ဒာထွေး  တို့အား လွှတ်တော်ဒုတိယဥက္ကဋ္ဌမှလည်းကောင်း ဂုဏ်ပြုဆု များကို အသီးသီး ချီးမြှင့်ပေးအပ်၍ တက်ရောက်လာသူများအား နံနက်စာဖြင့် တည်ခင်းဧည့်ခံ ခဲ့ပါသည်။

ဆက်လက်၍ နေ့လည်(၁၄:၀၀)နာရီအချိန်တွင် အခမ်းအနားကို ဆက်လက်ကျင်းပပြု လုပ်ခဲ့ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ဋ္ဌေးဋ္ဌေးခိုင်မှ လွှတ်တော်နှစ်ပတ်လည်နေ့ ဖြစ်ပေါ်လာပုံ အကြောင်းရှင်းလင်းခြင်း၊ ဝန်ထမ်းများအနေဖြင့် ရိုးသားကြိုးစားစွာ အလုပ်တာဝန် ဝတ္တရားများကို ထမ်းဆောင်စေလိုကြောင်း မှာကြားပြောကြား၍ ဝန်ထမ်းများအား နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အမှတ်တရလက်ဆောင်ပစ္စည်းများ မဲဖောက်ပေးခဲ့ပါသည်။