ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် “ (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကျင်းပရန် ခေါ်ယူခြင်း ”
အမိန့်ကြေညာချက်များပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး
ကြေညာချက်အမှတ် (၆/၂၀၂၀)
၁၃၈၂ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ၈ ရက်
( ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၇ ရက် )
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်
“ (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကျင်းပရန် ခေါ်ယူခြင်း ”
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၇၄ ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၂၈ နှင့် ၂၀၁၃ ခုနှစ်၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၃ ၊ နည်းဥပဒေခွဲ (က) ၊ နည်းဥပဒေခွဲငယ် (၁) တို့အရ ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို မကွေးမြို့၌ ၁၃၈၂ ခုနှစ်၊ ဝါခေါင်လဆန်း ၆ ရက် ( ၂၀၂၀-ပြည့်နှစ်၊ ဩဂုတ်လ ၂၄ ရက် ) တနင်္လာနေ့ ၊ နံနက် (၁၀း၀၀)နာရီ အချိန်တွင် စတင်ကျင်းပရန် ခေါ်ယူကြောင်း ကြေညာအပ်ပါသည်။
(ပုံ)ဦးတာ
ဥက္ကဋ္ဌ
မကွေးတိုင်းဒေသကြီးလွှတ်တော်