ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ ကျင်းပပြုလုပ်

ဆောင်ရွက်ချက်များ

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကို (၂၆.၈.၂၀၂၀)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော် ဉက္ကဋ္ဌဦးတာ၊ ဒုတိယဉက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများတက်ရောက်ခဲ့ကြပြီး အခမ်းအနားမှူးအဖြစ် ဒေါ်ဋ္ဌေးဋ္ဌေးခိုင်၊ လွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးက ဆောင်ရွက်ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ဉက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၃)ဦး တက်ရောက်၍ (၉၂.၆၅) ရာခိုင်နှုန်းရှိသဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၆)ခုကို တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၄)ဦးတို့က မေးမြန်းခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ ဝန်ကြီး(၂)ဦးတို့က ပြန်လည် ဖြေကြားခဲ့ပါသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး အပင်နှင့် သီးနှံဖျက်ပိုးမွှားရောဂါ ကာကွယ်ရေးနှင့် နှိမ်နင်းရေးဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ စိစစ်တွေ့ရှိချက်၊ လေ့လာသုံးသပ်ချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ကော်မတီ အဖွဲ့ဝင်၊ နတ်မောက် မြို့နယ်မဲဆန္ဒနယ်အမှတ် (၁)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသောင်းရွှေက လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ပါသည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး မကွေးတိုင်းဒေသကြီးဓာတ်ပုံ၊ ပန်းချီ၊ ပန်းပုစသည့်ပြပွဲများ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ စိစစ်တွေ့ရှိချက်၊ လေ့လာသုံးသပ်ချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို  ကော်မတီ ဥက္ကဋ္ဌ၊ မြို့သစ်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မျိုးဝင်းက လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ပါသည်။
ဆက်လက်၍လွှတ်တော်အစည်းအဝေး (ပထမနေ့)တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့(ကိုယ်စား) လူမှုရေးဝန်ကြီးဋ္ဌာန၊ ဝန်ကြီးမှ လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့သော မကွေးတိုင်းဒေသကြီးပိုင် ပစ္စည်းများရောင်းချခြင်း၊ ငှားရမ်းခြင်းနှင့် အခြားနည်းဖြင့်ဆောင်ရွက်ခြင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍
တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဋ္ဌာန၊ ဝန်ကြီး ဒေါက်တာခင်မောင်အေးမှ ရှင်းလင်း ဆွေးနွေးခဲ့ပြီးနောက် ဥပဒေကြမ်းတစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အဆုံးအဖြတ်ရယူခဲ့ကာ မကွေးတိုင်းဒေသကြီးပိုင် ပစ္စည်းများ ရောင်းချခြင်း၊ ငှားရမ်းခြင်းနှင့် အခြားနည်းဖြင့် ဆောင်ရွက်ခြင်း ဥပဒေကြမ်း တစ်ရပ်လုံးကို လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်သည့်အတိုင်း လွှတ်တော်က အတည်ပြု ပေးနိုင်ပါရန် လူမှုရေးဝန်ကြီးမှ အဆိုတင်သွင်းခဲ့ရာ ငဖဲမြို့နယ်မဲဆန္ဒနယ်အမှတ် (၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစန်းကြူက ယင်းဥပဒေအား အတည်ပြု ပေးနိုင်ပါရန် ထောက်ခံ ဆွေးနွေးခဲ့ပါသည်။
ထို့နောက် ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ အစီရင်ခံစာပါ သဘောထားမှတ်ချက်များအတိုင်း ဥပဒေကြမ်းတစ်ရပ်လုံးအား လွှတ်တော်က အတည်ပြု ကြောင်းနှင့် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ စိစစ်တွေ့ရှိချက်၊ လေ့လာသုံးသပ်ချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာကို ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပေးပို့သွားမည်ဖြစ်ပြီး လွှတ်တော်တွင် မှတ်တမ်းတင် ထားရှိမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဆက်လက်၍ လွှတ်တော်အစည်းအဝေး (ပထမနေ့)တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ (ကိုယ်စား) စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဋ္ဌာန၊ ဝန်ကြီးမှ ဖတ်ကြားတင်သွင်းခဲ့သော မကွေးတိုင်းဒေသကြီး ဆည်မြောင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးလွှတ်တော်ကို ယ်စားလှယ်(၂)ဦးတို့က ဆွေးနွေးခဲ့ကြပြီး ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး အကြံပြုဆွေးနွေးချက် များအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဋ္ဌေးမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် ဥပဒေကြမ်းတစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ သဘော တူညီချက်ရယူခဲ့ကာ မကွေးတိုင်းဒေသကြီး ဆည်မြောင်းဥပဒေကြမ်းတစ်ရပ်လုံးကို လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်သည့်အတိုင်း လွှတ်တော်က အတည်ပြုပေးနိုင်ပါရန် စိုက်ပျိုး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးမှ အဆိုတင်သွင်းခဲ့ရာ မကွေးမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဋ္ဌေးက ယင်းဥပဒေအား အတည်ပြုပေးနိုင်ပါရန် ထောက်ခံ ဆွေးနွေးခဲ့ပါသည်။
ထို့နောက် ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ အစီရင်ခံစာပါ သဘောထားမှတ်ချက်များအတိုင်း ဥပဒေကြမ်းတစ်ရပ်လုံးအား လွှတ်တော်က အတည်ပြု ကြောင်းနှင့် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ စိစစ်တွေ့ရှိချက်၊ လေ့လာသုံးသပ်ချက်နှင့် သဘောထား မှတ်ချက်အစီရင်ခံစာကို ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပေးပို့သွားမည်ဖြစ်ပြီး လွှတ်တော်တွင် မှတ်တမ်းတင် ထားရှိမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကို (၁၁း၅၀) နာရီအချိန်တွင် ရပ်နားပြီးစီးကြောင်းနှင့် စတုတ္ထနေ့ အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၂၇)ရက်နေ့ (ကြာသပတေးနေ့) နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဉက္ကဋ္ဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။