ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် “ အထူးအစည်းအဝေး (၁/၂၀၂၁) ကျင်းပရန်ခေါ်ယူခြင်း ”
အမိန့်ကြေညာချက်များပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး
ကြေညာချက်အမှတ် (၇/၂၀၂၀)
၁၃၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၈)ရက်
( ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၇ ရက် )
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်
“ အထူးအစည်းအဝေး (၁/၂၀၂၁) ကျင်းပရန်ခေါ်ယူခြင်း ”
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၇၇၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၃ ၊ နည်းဥပဒေခွဲ(က)၊ နည်းဥပဒေခွဲငယ်(၁)တို့အရ ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး (၁/၂၀၂၁)ကို မကွေးမြို့၌ ၁၃၈၂ ခုနှစ်၊ ပြာသိုလဆန်း (၆)ရက်နေ့ (၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်) တနင်္လာနေ့၊ နံနက်(၁၀)နာရီအချိန် တွင် စတင်ကျင်းပရန် ခေါ်ယူကြောင်း ကြေညာအပ်ပါသည်။
(ပုံ)ဦးတာ
ဥက္ကဋ္ဌ
မကွေးတိုင်းဒေသကြီးလွှတ်တော်